ယေရှုဟာတရုတ်မဖြစ်တယ်ဆိုတဲ့မိစ္ဆာအယူလွဲနဲ့ခရစ်ယာန်ယုံကြည်မှုကွာဟချက်များ
၁။ခရစ်ယာန်-သမ္မာကျမ်းစာမှာ ဆွေစဉ်မျိုးဆက်တိကျစွာဖော်ပြထားပြီး၊ပရောဖက်အကြိမ်ကြိမ်တိကျစွာကြိုဟောထားပြီးပြည့်စုံလာတဲ့ယေရှုခရစ်တော်ကိုလက်ခံယုံကြည်ကြတယ်။
ယေရှုတရုတ်မအဖွဲ့- သမ္မာကျမ်းစာမှာအရိပ်အမွတ်တောင်မပါဘဲ၊တရုတ်ပြည်မှာမွေးဖွားလာတဲ့တရုတ်မရန်ရှန့်ပင်းကိုအနန္တတန်ခိုးရှင်အဖြစ်(ယေရှုဒုတိယအကြိမ်ကြွလာပြီလို့ဆိုပြီး)ကိုးကွယ်ကြတယ်။
၂။ခရစ်ယာန်- ယေရှုရဲ့ကားတိုင်ပေးဆပ်ခြင်းကပြည့်စုံပြီမို့ယေရှုခရစ်ကိုမိမိကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံသူတိုင်းကယ်တင်ခြင်းခံရမယ်လို့ယုံကြည်တယ်။
ယေရှုတရုတ်မအဖွဲ့- ပထမယေရှုလုပ်ခဲ့တာမပြည့်စုံသေးလို့အနန္တတန်ခိုးရှင်(ဒုတိယယေရှုတရုတ်မ)ကိုလက်ခံယုံကြည်မှကယ်တင်ခြင်းရမယ်လို့ယုံကြည်တယ်။
၃။ခရစ်ယာန်-ယေရှုခရစ်ဒုတိယအကြိမ်ကြွလာမှာကိုရင်ခုန်စွာစောင့်နေကြသူတွေဖြစ်တယ်။
ယေရှုတရုတ်မအဖွဲ့-ယေရှုဟာတရုတ်မအဖြစ်နဲ့တရုတ်ပြည်မှာကြွလာပြီးပြီလိုယုံကြည်ကြတယ်။
၄။ခရစ်ယာန်-မယုံကြည်သေးသူတွေကို နောင်တရပြီး ယေရှုကိုယုံကြည်လာစေဖို့ဧဝံဂေလိဟောပေးရတယ်။
ယေရှုတရုတ်မအဖွဲ့-မယုံကြည်သေးသူကိုဧဝံဂေလိတရားမဟောရဘူး။ယုံကြည်ပြီးသားခရစ်ယာန်တွေကိုဘဲတရုတ်မကိုလက်ခံလာဖို့တရားလိုက်ဟောပေးရတယ်။
၅။ခရစ်ယာန်-ဒုက္ခိတနဲ့ရောဂါရှိသူတွေကိုလက်ခံပြီးအထူးကူညီပေးတယ်၊တရားပြပေးရတယ်။
ယေရှုတရုတ်မအဖွဲ့-ဒုက္ခိတနဲ့ရောဂါရှိသူတွေကိုလက်မခံရဘူး၊တရားမ ဟောပေးရဘူး။ဒုက္ခိတတွေသူတို့အသင်းဝင်လို့မရဘူး။
၆။ခရစ်ယာန်- အသင်းဝင်ဖြစ်သွားပေမယ့်စေတနာစိတ်နဲ့လွတ်လပ်စွာပေးလှူလို့ရတယ်၊အတင်းမလုပ်ဘူး။
ယေရှုတရုတ်မအဖွဲ့-အဖွဲ့ဝင်ဖြစ်သွားရင်မိမိမှာရှိသမျှအကုန်လှူရပါတယ်။
၇။ခရစ်ယာန်-နောက်ဆုံးသောကာလကိုအတိကျမပြောကြဘူး၊ကျမ်းစာအားဖြင့်သာစောင့်ကြည့်ကြရတယ်။
ယေရှုတရုတ်မအဖွဲ့-2012-12-21ရက်ဟာနောက်ဆုံးသောကာလပါလို့တချိန်ကအကြီးအကျယ်ဟောဖူးကြတယ်။
၈။ခရစ်ယာန်-ချစ်ခြင်းမေတ္တာကိုအဓိကထားတာမို့မလိမ်ရ၊မညာရ၊သူတပါးထိခိုက်အောင်မလုပ်ရဘူးလို့သင်ပြတယ်။
ယေရှုတရုတ်မအဖွဲ့-လူတယောက်ကိုအသင်းဝင်ဖြစ်စေဖို့လိမ်လို့ရညာလို့ရ၊ကာမလိင်ကျူးလို့ရ၊နောက်ဆုံးလူသတ်လို့တောင်ရတယ်လို့သင်ပေးတယ်။
၉။ခရစ်ယာန်-သမ္မာကျမ်းစာတစ်အုပ်ထဲကိုဘဲလက်ခံယုံကြည်ကြတယ်။
ယေရှုတရုတ်မအဖွဲ့-သမ္မာကျမ်းစာဟာအမှားပါပြီးမပြည့်စုံသေးလို့ကျမ်းစာအပြင်၊ဘုရားဖော်ပြပါတယ်ဆိုပြီးကျမ်းစာအသစ်၁၆အုပ်လောက်ရေးထားပြီးလက်ခံကြတယ်။(သာဓက“နူတ်ကပတ်တော်သည်လူ့ဇာတိ၌ပေါ်လာ၏”သူတို့ကျမ်းစာ။)
၁၀။ခရစ်ယာန်-ယနေ့ထိဘုရားသခင်ဟာအံ့ဩဘွယ်တန်ခိုးလုပ်နိုင်တယ်၊လုပ်နေတယ်ဆိုတာကိုလက်ခံကြတယ်။
ယေရှုတရုတ်မအဖွဲ့-ယနေ့အံ့ဩဖွယ်တန်ခိုးမရှိတော့ဘူး၊ရှိရင်စာတန်လုပ်နေတယ်လို့ခံယူကြတယ်။
၁၁။ခရစ်ယာန်-ပွင့်ပွင့်လင်းလင်း ပေါ်ပေါ်တင်တင်တရားဟောရဲကြရတယ်။လိုအပ်လာရင်မျက်နာချင်းဆိုင်ကြတယ်။
ယေရှုတရုတ်မအဖွဲ့-ခိုးကြောင်ခိုးဝှက်နဲ့မျက်နာမပြရဲကြဘူး။ဖေ့ဘုတ်မှာတောင်အကောက်တုတွေတဖုံကြီးဖွင့်ထားကြပြီးခရစ်ယာန်တွေကိုအတင်းဖရန့်အပ်၊ဂရုထဲဆွဲခေါ်ကြရတယ်။
၁၂။ခရစ်ယာန်-ယုံကြည်သူဖြစ်လာရင်နီးစပ်ရာအသင်းတော်ထဲပါဝင်ဖို့သွန်သင်တယ်။ဗတ္တိဇံခံဖို့၊ပွဲတော်ပါဝင်ဖို့သွန်သင်တယ်။
ယေရှုတရုတ်မအဖွဲ့-အသင်းတော်မလိုအပ်ဘူး၊ဗတ္တိဇံနဲ့ပွဲတော်လဲမလိုအပ်တော့ဘူးလို့သွန်သင်တယ်။
၁၃။ခရစ်ယာန်-ခမည်းတော်၊သားတော်၊သန့်ရှင်းသောဝိညာဉ်တော်သုံးပါးတဆူ(တလုံးတဝ)ကိုယုံကြည်လက်ခံကြတယ်။
ယေရှုတရုတ်မအဖွဲ့-ဘုရားကတပါးထဲဘဲ၊ဓမ္မဟောင်းမှာယာဝေနဲ့လာတယ်(ကျားမလွန်)၊ဓမ္မသစ်မှာယေရှုခရစ်နဲ့လာတယ်(ယောကျာ်း)၊နောက်ဆုံးသောကာလမှာအနန္တတန်ခိုးရှင်(တရုတ်မ)အနေနဲ့လာပြီလို့ယုံကြည်ကြတယ်။
၁၄။ခရစ်ယာန်-ဆုတောင်းတိုင်းယေရှုနာမနဲ့ဆုတောင်းရတယ်။
ယေရှုတရုတ်မအဖွဲ့-ဆုတောင်းတိုင်းယေရှုနာမနဲ့မတောင်းတော့ဘဲအနန္တတန်ခိုးရှင်ဆိုတဲ့တရုတ်မရဲ့နာမနဲ့သာဆုတောင်းကြရတယ်။
၁၅။ခရစ်ယာန်-အသင်းတော်၊အိမ်ထောင်မိသားစုသင့်မြတ်အောင်ပြန်လည်တည်ဆောက်ပေးရတယ်။
ယေရှုတရုတ်မအဖွဲ့-အသင်းတော်၊အိမ်ထောင်မိသားစုအကွဲကွဲအပြဲပြဲဖြစ်အောင်လုပ်တတ်ကြတယ်။
မြန်မာအသင်းတော်အမှုတော်ဆောင်များသို့အထူးသတိပေးချက်
ဤယေရှုတရုတ်မအဖွဲ့(အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်)ကိုအထင်မသေးမိပါစေနဲ့၊သင်တပတ်တကြိမ်ဘဲတရားဟောနေတဲ့အချိန်မှာသင့်အသင်းသားကိုသူတို့ကတစ်ရက်နှစ်ကြိမ်ဖုန်းဆက်တရားဟောပေးနေပါပြီ။အင်မတန်ကြောက်စရာကောင်းတဲ့မိစ္ဆာအယူလွဲဖြစ်ပါတယ်။ဒါကြောင့်အခုဒီစာကိုဖတ်နေကြတဲ့လေးစားရိုသေရပါသောသင်းအုပ်ဆရာအမှုတော်ဆောင်များခင်ဗျာ၊မိမိအသင်းတော်Zoomအစီစဥ်သို့မဟုတ်လိုင်းပေါ်ကနေမိမိအသင်းသားတွေကိုအနည်းဆုံးတစ်ကြိမ်ပြောဖြစ်အောင်ပြောပြပေးကြပါလို့ကျနော်ဆရာရဲမင်းကမေတ္တာရပ်ခံပါတယ်။မပြောတတ်မဟောတတ်ရင်ကျနော်ရေးထားတဲ့စာကိုကော်ပီယူပြီးသာဟောကြပါဗျာ။မပြောဘဲနေရင်ကိုဗစ်ပြီးလို့အသင်းတော်ပြန်စရင်အကွဲကွဲအပြဲပြဲဖြစ်သွားပါလိမ့်မယ်။