ခရစ္စမတ်တိုင်းမှားယွင်းတတ်တဲ့အရာ
Christmasသာမှန်ပြီးX’masတော့အမှားသင်္ကေတဖြစ်လို့မသုံးဖို့လွဲမှားစွာသွန်သင်တတ်ကြတာနှစ်တိုင်းပါဘဲ၊ဒီထဲမှာနာမည်ကြီးဆရာတွေတောင်ပါနေတယ်ဝမ်းနည်းစရာပါ။တကယ်တမ်းတော့XဆိုတာဂရိစာΧριστόςရဲ့ရှေ့ကတစ်လုံးX(chi)ကိုအတိုကောက်ယူလိုက်ခြင်းဘဲဖြစ်ပါတယ်။Xဆိုတဲ့အဓိပ္ပာယ်က ခရစ်တော် ပါဘဲ။
ဒီမှာစကားလုံးသမိုင်းလေ့လာကြည့်ပါ။https://en.m.wikipedia.org/wiki/Xmas
နောက်တချို့ကတော့ဒါကိုသိရက်သားနဲ့အဓိပ္ပာယ်မရှိလို့ဆိုပြီးX’masကိုမသုံးစေချင်ကြပြန်ရော၊ဒါဆိုဒီလိုလေးစဉ်းစားကြည့်ပါ…
ခရစ်ယာန်အသုံးအနူန်းတွေမှာ
ဥပမာအာမင်(Amen)နဲ့ဟာလေလုယာ(Hallelujah)ဆိုတဲ့စကားလုံးတွေဟာတွင်ကျယ်သုံးနေကျပါ၊ဒါကိုအင်္ဂလိပ်လိုသွားအဓိပ္ပာယ်ဖွင့်ရင်ဘာမှန်းသိမှာမဟုတ်သလို၊မြန်မာလိုသွားနားလည်ရင်ဘာမှန်းသိမည်မဟုတ်ပါဘူး။ဒါပေမယ့်အဲဒီတိုင်းသုံးနေကြတာဘဲမဟုတ်ဘူးလား။ထိုနည်းတူအင်္ဂလိပ်လိုChristဖြစ်ဖြစ်၊မြန်မာလိုခရစ်ဖြစ်ဖြစ်၊မူရင်းအဓိပ္ပာယ်ကိုရှင်းပြရတာပါ၊အကယ်၍ခရစ်ဆိုတာကိုမြန်မာလိုနဲ့ဘဲသွားအဓိပ္ပာယ်ဖွင့်ရင်ဘာမှန်းသိမှာမဟုတ်သလိုChristဆိုတာကိုအင်္ဂလိပ်လိုအနက်ဖွင့်ရင်လဲအဓိပ္ပာယ်မဲ့သွားပါမည်။
တကယ်တော့အခေါ်အဝေါ်ရဲ့အဓိပ္ပာယ်ကယေရှုကိုရည်မှန်းနေတာမှန်နေတယ်ဆိုရင်okပါပြီ၊Christmasလို့ခေါ်မှစိတ်ခိုင်ရင်အဲလိုခေါ်တာကောင်းပါတယ်၊Xmasလို့သုံးပြီးယုံကြည်ခြင်းပိုခိုင်မာလာတယ်ဆိုရင်လဲသုံးလို့ရပါတယ်လေ။အသုံးနူန်းမှန်နေရင်ရပါပြီ၊အဓိကတော့ခရစ်တော်ရဖို့ပါဘဲ၊Christmas စကားလုံးကိုသုံးပြီးခရစ်တော်ကိုမရရင်ဘာမှမထူးသလို၊ Xmas စကားလုံးသုံးပြီးခရစ်တော်ကိုမရခဲ့ရင်လဲအလားတူပါဘဲ။