• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

အပြစ်လုပ်ပြီးဝန်ချစရာမလိုသွန်သင်ချက်ဆိုင်ရာဆွေးနွေးချက်များအပိုင်း(၁)

ဆရာရဲမင်း

11 月 9, 2024

အပြစ်လုပ်ပြီးဝန်ချစရာမလိုသွန်သင်ချက်ဆိုင်ရာဆွေးနွေးချက်များအပိုင်း(၁)

၁ယော၁:၈-၉၏Context နှင့် ဆိုလိုရင်းကိုဆွေးနွေးခြင်း
၁ ယော ၁:၈-၉ ရဲ့Context လေ့လာရင်အဦးဆုံးဒီကျမ်းကဘယ်သူကရေးပြီးဘယ်သူ့ကိုရေးပေးနေတာလည်းဆိုတာအရေးကြီးပါတယ်။၁ယော၊၂ယော၊၃ယောလုံးမှာဒီစာ‌စောင်‌တွေကိုစာဘယ်သူရေးပါတယ်လို့အတိအလင်းမဖော်ပြထားပေမယ့်၊အသင်းတော်သမိုင်းတလျှောက်ကျမ်းပညာရှင်တွေက‌ သေချာလေ့လာပြီးတမန်တော်ရှင်ယောဟန်ရေးတာလို့သဘောတူလက်ခံကြပါတယ်။ဒါကြောင့်၁ယော၊၂ယော၊၃ယောဟာတမန်တော်ရှင်ယောဟန်ရေးတယ်လို့ခံယူလို့ရပါတယ်။

တမန်တော်ရှင်ယောဟန်ကဘယ်သူ့ကိုရေးပေးလိုက်တာလည်း?
အပြစ်လုပ်ရင်တောင်းပန်စရာမလို‌တော့ဘူးဆိုတဲ့အဖွဲ့တွေကတော့၁ယောအခန်းကြီး၁ဟာယုံကြည်သူခရစ်ယာန်ကိုရေးပေးတာမဟုတ်ဘဲ၊အဲဒီခေတ်ကနောစတီ(Gnosticism)အယူလွဲဝါဒကိုရေးပေးတာလို့ဆိုပါတယ်၊ဒါဟာအင်မတန်လွဲမှားတဲ့ခံယူချက်ပါ။ပိုဆိုးတာကယုံကြည်သူတွေအပြစ်ပြုမိလို့အပြစ်ဝန်ချနေရင်ကျိန်ခြင်းခံနေရဆဲဖြစ်ပြီးကယ်တင်ခြင်းမရသေးတဲ့သူတွေပါလို့ဒဲ့တိုးသွန်သင်လာနေပါတယ်။ဒါဟာလွဲတာထက်ဟိုးတဖက်ကမ်းတောင်လွန်နေပါပြီ။ဒါကြောင့်အကျဉ်းချုပ်တင်ပြပါရစေ…

၁။အခန်းကြီး၁ကဘဲနောစတီအယူလွဲသူကိုရေး ပေးပြီးကျန်၂-၅ထိတော့ယုံကြည်သူကိုရေးပေးတယ်ဆိုတာအင်မတန်မှားယွင်းတဲ့ခံယူချက်ပါ၊သူတို့ဒီလို‌ခံယူသွန်သင်တာဟာအခန်းကြီး၁မှာဘဲအပြစ်ဝန်ချဖို့ပါနေလို့ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့သွန်သင်တာကအပြစ်ဝန်ချစရာမလိုဘူးဆိုတဲ့ဂျင်းမို့ပါ။တချိန်ကနော့စတီအယူလွဲတွေဟာညာဏ်ပညာရဲ့သိခြင်းရှိမှကယ်တင်ခြင်းရမယ်ဆိုသလိုဘဲ၊အခုအယူလွဲ‌တွေကလည်းကယ်တင်ခြင်းနဲ့အပြစ်လွတ်ခြင်းရဲ့လျှို့ဝှက်ခြင်းကိုသိမှကယ်တင်ခြင်းရတယ်လို့ဆိုနေတာဟာခေတ်သစ်နော့စတီအယူလွဲလိုပါဘဲ။

၂။ရှင်ယောဟန်ကစာဖတ်သူတွေကို
“ချစ်သားတို့”လို့ခေါ်ဝေါ်တာဟာ၁‌ ယောထဲမှာ၇ကြိမ်တိုင်ဖော်ပြပါတယ်၊ဒါဟာယုံကြည်သူတွေကိုခေါ်တာဖြစ်ကြောင်းအင်မတန်ရှင်းလင်းလှပါတယ်။အကယ်ဤမယုံကြည်သူနဲ့နော့စတီအယူလွဲကိုရေးပေးတဲ့စာဆိုရင်အဲလိုခေါ်ပါ့မလားစဉ်းစားကြည့်ပါ။(2:1,2:12、13、18、28;3:18;4:4)。

၃။ဆက်လက်ပြီးရှင်ယောဟန်ကစာဖတ်သူတွေကို
“ချစ်သူတို့”လို့ခေါ်ဝေါ်တာဟာ၁ဆယာမှာ၆ကြိမ်လောက်တွေ့ရပြီး(2:7,3:2,3:21,4:1,4:7,4:11)၊“ညီအကို”လို့သုံးစွဲတာ၁၂‌ နေရာလောက်ရှိပါတယ်(ဥပမာ၃:၁၃)။ဒါတွေကြည့်ခြင်းအားဖြင့်ယုံကြည်သူကိုရေးပေးကြောင်းပိုသိသာထင်ရှားလှပါပေတယ်။

၄။နောက်တချက်ကစာရေးပေးခံရတဲ့သူတွေဟာယုံကြည်ပြီးအပြစ်လွတ်ခြင်းခံရလို့၊ကယ်တင်ခြင်းရပြီးသူ‌ တွေဖြစ်ကြောင်း၁ယော2:12၊2:13၊2:14 ကနေရှင်းလင်းစွာသိရှိရပြန်ပါတယ်။

၅။စာရေးပေးခံရသူတွေကိုလည်းရှင်ယောဟန်ကစာစောင်ထဲမှာ“ဘုရားသား”လို့၁ယော၃:၁-၂မှာဖော်ပြထားပါတယ်။အကယ်၍နော့စတီအယူလွဲနဲ့မယုံကြည်သေးသူကိုရေးပေးရင်ဒီလိုသုံးမည်မဟုတ်ပါ။

၆။ပိုပြီးရှင်းရှင်းလေးသိရတာက
၁ယော၅:၁၃မှာပါ“ဘု​ရား​သ​ခင်၏​သား​တော်​ကို ယုံ​ကြည်​သော​သင်​တို့​သည် ”လို့အတိကျ‌ ရေးထားပါတယ်။