အိမ်ထောင်ဖက်ချင်းရဲ့ယုံကြည်မှု
ယုံကြည်သူလင်နဲ့မယားတွေ
စာတန်ကျော့ကွင်းနဲ့လွတ်အောင်၊တစ်ယောက်ရဲ့ဖုန်းကိုတစ်ယောက်ခဏခဏဝင်ကြည့်ပေးသင့်ပါတယ်။
ခရစ်ယာန်အိမ်ထောင်တခုဟာ“တစ်ဦးပေါ်တစ်ဦးယုံကြည်မှု”ပေါ်မှာတည်ဆောက်ထားမှပိုခိုင်ပါမယ်။
“ငါ့ဖုန်းမကိုင်”နဲ့ဆိုပြီးကိုယ့်နံရိုးရှင်ကိုတောင်မယုံကြည်ရင်ဘယ်လိုလုပ်တစ်သားတစ်ကိုယ်ထဲခံယူလို့ရတော့မှာလဲ?ဒီလိုပြောလိုက်လို့တဖက်သားဖုန်းကိုအမြဲစစ်ဆေးရမယ်လို့မဆိုလိုပါ၊စစ်ဆေးစရာမလိုအောင်ယုံကြည်ရပါမယ်။ဒါပေမယ့်တဖက်သားဖုန်းကိုကြည့်ဖို့လိုအပ်လာတဲ့အခါတဖက်ကကြည်ဖြူစွာအကုန်ပေးကြည့်လိုက်တာလဲယုံကြည်မှုတမျိုးပါဘဲ။
ကျွန်တော်ကိုယ်တိုင်ကအိမ်ထောင်သည်ပါ။မိန်းမ(ဆရာမ)ဖုန်းကိုလိုအပ်ရင်ဝင်ကြည့်သလို၊ဆရာမလည်းကျနော့်ဖုန်းကြည့်ရင်ကြည်ဖြူစွာကြည့်ခိုင်းပါတယ်။(တခါတလေတကူးတကကိုကြည့်ခိုင်းပါတယ်)။လိုအပ်လာရင်ဖုန်းထဲကလျှို့ဝှက်ကုဒ်တွေ(ဘဏ်appလျှို့ဝှက်ကုဒ်)အကုန်သူ့ကိုပေးထားသလိုသူ့လက်ဗွေလဲထည့်ပေးထားပါတယ်။လိုအပ်ရင်တစ်ဦးကိုတစ်ဦးအပြန်အလှန်သတိပေးပါတယ်။
ဒါဟာလင်မယားကြားကယုံကြည်မှုတခုဖြစ်သလို၊တစ်သားတစ်ကိုယ်ထဲလို့ခံယူမှုလဲဖြစ်ပါတယ်။ပြောစရာမရှိပြည့်စုံနေကြပြီလို့မဆိုလိုပေမယ့်တစ်ဦးပေါ်တစ်ဦးယုံကြည်နေကြတာတော့အမှန်ပါဘဲ။
မာကု၁၀:၇-၈ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌ မှီဝဲသဖြင့်၊ထိုသူနှစ်ယောက်တို့သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်။ ထိုကြောင့် လင်မယားတို့သည် နှစ်ဦးမဟုတ် တစ်ဦးတည်းဖြစ်၏။