ရှင်ပြန်ထမြောက်ခြင်းသက်သေ(၇)ချက်
အခြေပြုကျမ်း-၁ကော ၁၅:၃-၄
ငါသည် ကိုယ်တိုင်ခံယူသည် အတိုင်း၊သင်တို့အား ရှေ့ဦးစွာအပ်ပေးသောအကြောင်းအရာဟူမူကား၊ ခရစ်တော်သည်ကျမ်းစာလာသည်အတိုင်းငါတို့အပြစ်ကြောင့်အသေခံတော်မူ၏။သင်္ဂြိုဟ်ပြီးမှ၊ကျမ်းစာလာသည်အတိုင်းသုံးရက်မြောက်သောနေ့၌ထမြောက်တော်မူ၏။
နိဒါန်း
ယေရှုခရစ်တော် သေခြင်း ကနေ ရှင်ပြန်ထမြောက်သွားတာသင်ယုံကြည်ပါသလား?ဒီလိုယုံကြည်ရတဲ့အချက်ကဘာလဲ ?တနည်းအားဖြင့်ဘာသက်သေရှိလဲ ?တချို ့တွေက ယေရှုခရစ် ရှင်ပြန်ထမြောက်သွားတာဟာလိမ်ဇာတ်တခုသာဖြစ်တယ်လို့ဆိုကြတယ်။ ဒါကြောင့်ဒီနေ့မှာတော့ ယေရှုခရစ်ရှင်ပြန်ထမြောက်သွား တဲ့သက်သေ (၇)ချက်ကိုအကျဉ်းချုပ်တင်ပြသွားပါမယ်။
၁။သမ္မာဟောင်းကကြိုတင်ဟောထားခြင်း
ဆာလံ၁၆:၁၀-၁၁ အကြောင်းမူကား၊ကိုယ်တော်သည် အကျွန်ုပ်၏ဝိညာဉ်ကိုမရဏာနိုင်ငံ၌ပစ်ထားတော်မမူ။ ကိုယ်တော်၏သန့်ရှင်းသောသူအားလည်းပုပ်စပ်ခြင်းရှိစေတော်
မမူဘဲလျက်၊ အသက်ရှင်ခြင်းလမ်းကို ပြညွှန်တော် မူ လိမ့်မည်။ အထံတော်၌ စုံလင်သော ဝမ်းမြောက်ခြင်း အခွင့်နှင့်လက်ယာတော်နားမှာအစဉ်အမြဲပျော်မွေ့ခြင်းအခွင့်ရှိပါ၏။
တမန်၂:၂၇-၃၁ အရ ပေတရုကပင်တေကုတေမှာတရားဟောချိန်သုံးခဲ့တဲ့ကျမ်းစာပါ။
၂။ယေရှုကိုယ်တိုင်သုံးကြိမ်ကြိုဟောခြင်း
မဿဲ၁၆:၂၁ ထိုမှတစ်ပါးကိုယ်တော်သည်ယေရုရှလင်မြို့သို့ သွားရမည်။ လူအကြီးအကဲ၊ ယဇ်ပုရောဟိတ် အကြီး၊ကျမ်းပြုဆရာတို့လက်၌များစွာခံရမည်။အသေသတ်ခြင်းကိုလည်းခံရမည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည် ဟူသော အကြောင်းများကိုထိုအခါမှစ၍တပည့်တော်တို့အားပြတော်မူ၏။ ( မဿဲ17:23 ၊ 20:19 )
၃။ယေရှုနောက်လိုက်များမြင်တွေ့ ခဲ့ခြင်း
မာဂဒလမာရိနဲ့အခြားအမျိုးသမီးအချို့(မဿဲ၂၈:၁-၁၀)။
၁ကော၁၅:၅-၆ ကေဖသည် ကိုယ်တော်ကိုမြင်ပြီးမှ၊ တစ်ကျိပ်နှစ်ပါးသောသူတို့သည်မြင်ရကြ၏။ထိုနောက်ညီအစ်ကိုငါးရာမက၊ တစ်ပြိုင်နက် မြင်ရကြ၏။ ထိုသူတို့တွင်အများသောသူတို့သည်ယခုတိုင်အောင် အသက်ရှင်ကြသေး၏။အချို့တို့သည် အိပ်ပျော်ကြပြီ။
၄။မယုံကြည်သူသင်္ချိုင်းစောင့်မြင်ခဲ့ခြင်း
မဿဲ၂၈:၁၁-၁၃ လူစောင့်အချို့တို့သည် မြို့ထဲသို့ဝင်၍ဖြစ်လေသမျှသောအခြင်းအရာတို့ကိုယဇ်ပုရောဟိတ်အကြီးတို့အားပြန်ကြားကြ၏။ ယဇ်ပုရောဟိတ်အကြီးတို့နှင့်လူအကြီးအကဲတို့သည်စုဝေး၍တိုင်ပင်ပြီးမှစစ်သူရဲတို့အား ငွေအများကိုပေး၍၊ညအခါငါတို့အိပ်ပျော်စဉ်တွင်ထိုသူ၏တပည့်တို့သည် လာ၍ အလောင်းကို ခိုးသွားကြသည်ဟု သင်တို့ပြောကြလော့။ ထိုအကြောင်းကို မြို့ဝန်မင်းကြားပြန်လျှင်၊ငါတို့သည်သူ့ကိုဖျောင်းဖျ၍သင်တို့၌အမှုမရှိစေခြင်းငှာငါပြုမည်ဟု၊ သွန်သင်သည်နှင့်အညီ စစ်သူရဲတို့သည်ငွေကိုယူ၍ ပြုကြ၏။ထိုစကားကိုယခုတိုင်အောင်ယုဒလူတို့သည်အနှံ့အပြားပြောဆိုကြ၏။
၅။တပည့်တော်များသေတဲ့ထိသက်သေခံခြင်း
တမန်၅:၄၁ တမန်တော်တို့သည်လည်း၊သခင်ယေရှု၏နာမတော်ကြောင့်မိမိတို့သည်အရှက်ကွဲခြင်းကို ခံထိုက်ကြသည် ဟု မှတ်တော်မူသောကြောင့်ဝမ်းမြောက်သောစိတ်ရှိ၍လွှတ်တော်မှထွက်သွားကြ၏။(တမန်၇:၆၀၊၈:၁-၄၊၁၁:၁၊ ၁ကော၁၅:၁၄-၁၅)
၆။ယနေ့ထိအသင်းတော်ကြီးထွားနေခြင်း
ယော ၅:၃၉ ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရမည်ဟုစိတ်ထင်နှင့်သင်တို့သည်ကျမ်းစာကို စေ့စေ့ကြည့်ရှုကြ၏။ထိုကျမ်းစာပင်ငါ၏သက်သေဖြစ်၏။
မဿဲ၁၆:၁၈ငါဆိုသည်ကား၊သင်သည်ပေတရုဖြစ်၏။ဤကျောက်ပေါ်မှာငါ့အသင်းကိုငါတည်ဆောက်မည်။ထိုအသင်းကိုမရဏာနိုင်ငံ၏တံခါးတို့သည်မနိုင်ရာ။
၇။ယေရှုသင်္ချိုင်းခုထိဗလာရှိနေခြင်း
ရှင်လုကာ၂၄:၅-၆ ထိုမိန်းမတို့သည်ကြောက်လန့်သောစိတ်နှင့်ငုံ့၍နေစဉ်တွင်၊ ထိုသူတို့က၊ သင်တို့သည် အသေကောင်ရှိရာအရပ်၌အသက်ရှင်သောသူကိုအဘယ်ကြောင့်ရှာကြသနည်း။ဤအရပ်၌မရှိ၊ ထမြောက်တော်မူပြီ။
နိဂုံး
ယေရှုအမှန်ထမြောက်ခဲ့ကြောင်းသက်သေ(၇)ချက်ကတော့
၁။သမ္မာဟောင်းကကြိုတင်ဟောထားခြင်း
၂။ယေရှုကိုယ်တိုင်မသေခင်သုံးကြိမ်ကြိုဟောခြင်း ၃။ယေရှုနောက်လိုက်များကိုယ်တွေ့မြင်ခဲ့ခြင်း
၄။မယုံကြည်သူသင်္ချိုင်းစောင့်စစ်သားများမြင်ခဲ့ခြင်း ၅။တပည့်တော်များသေသည့်အထိသက်သေထူခြင်း
၆။ယနေ့ထိခရစ်ယာန်အသင်းတော်ကြီးထွားနေခြင်း
၇။ယေရှု၏သင်္ချိုင်းတော်ယခုထိဗလာရှိနေခြင်း