• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

လူတိုင်းအတွက်အိမ်(၆)အိမ်

၁။အမေ့ဝမ်းဗိုက်အိမ်
လူတိုင်းလူတိုင်းလောကကြီးထဲရောက်မလာခင်မိခင်ဝမ်းဗိုက်ထဲ၉လလောက်နေထိုင်ခဲ့ရကြပါတယ်။ဒါဟာကျွန်တော်တို့အားလုံးရဲ့ပထမဆုံးအိမ်ပါဘဲ။

၂။မိသားစုနေအိမ်အဆောက်အဦး
အမေ့ဗိုက်ကနေမွေးလာပြီဆိုရင်အဖေအမေတွေပြင်ဆင်ထားတဲ့နေအိမ်အဆောက်အဦးထဲနေရပါပြီ။ဒါကလူတိုင်းရဲ့လောကအိမ်ပါ။တချို့ကမွေးလာပြီးအကြောင်းအမျိုးမျိုး‌ကြောင့်မိဘမဲ့ဖြစ်ခဲ့ရပေမဲ့၊မိဘမဲ့ဂေဟာနဲ့သင်နေရတဲ့အဆောက်အဦးဟာသင်ကြီးထွားကြီးပြင်းရမဲ့သင့် နေအိမ်ပါဘဲ။

၃။ကိုယ်စီနေတဲ့နိုင်ငံ
နိုင်ငံကိုတရုတ်လို国家လို့ခေါ်ပါတယ်။အဓိပ္ပာယ်ကနိုင်ငံအိမ်ပါ။တနည်းအားဖြင့်ကိုယ်စီနေထိုင်တဲ့နိုင်ငံ၊ကိုယ်နိုင်ငံသားအဖြစ်ခံယူထားတဲ့နိုင်ငံဟာလည်းကိုယ့်ရဲ့အိမ်ကြီးပါဘဲ။

၄။အသင်းတော်မိသားစုအိမ်
အသင်းတော်ဆိုတာယေရှုခရစ်တော်ကိုမိမိကယ်တင်ရှင်အဖြစ်ယုံကြည်တဲ့သူများစုဝေးခြင်းကိုဆိုလိုပါတယ်။ဒီလူစု တွေကညီအကိုမောင်နှမလို့အချင်းချင်းသတ်မှတ်ကြပြီး၊ဘုရားသခင်ကိုဖခင်လို့ခေါ်ဆိုကိုးကွယ်ကြသူတွေပါ။ဒါကြောင့်ဒီဘဝမှာယေရှုကိုယုံကြည်ခဲ့ရင်သင့်အတွက်အသင်းတော်ဆိုတဲ့အိမ်တစ်ခုထပ်တိုးလာပါလိမ့်မယ်။

၅။ ထာဝရငရဲအိမ်
အပြစ်တရားကြောင့်လူတိုင်းသေရမယ်၊သေတတ်တယ်။မိမိပြုခဲ့တဲ့အကုသိုလ်မကောင်းမှုတွေကြောင့်-ကုသိုလ်တပဲငရဲတပိဿာဖြစ်နေလို့သေရင်ငရဲသွားရပါမယ်။ဒီငရဲအိမ်ကိုလူတိုင်းမသွားချင်ကြပါဘူး၊ဒါဆိုရင်ဒီငရဲအိမ်ကနေလွတ်မြောက်ဖို့ကျင့်စဥ်နဲ့ မရတာမို့-ကယ်တင်ရှင်ယေရှုခရစ်တော်ကိုအကြွင်းမဲ့ယုံကြည်လက်ခံမှသာလွတ်မြောက်ပါလိမ့်မယ်။

၆။ထာဝရကောင်းကင်အိမ်
လူတိုင်းသေပြီးရင်မိမိပြုခဲ့တဲ့အပြစ်နဲ့စီရင်ခြင်းခံရပါမယ်။ဒါပေမဲ့အသက်ရှင်တုန်းမှာယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံသောသူတိုင်းကတော့သေသွားရင်တောင်တနေ့ပြန်လည်ထမြောက်ပြီး၊ကောင်းကင် ရွှေအိမ်မှာထာဝရနေရပါမယ်။ဘာလို့လဲဆို‌တော့ယေရှုကလက်ဝါးကပ်တိုင်‌ပေါ်မှာ လူသားတွေရဲ့အပြစ်ကိုကိုယ်စားခံ‌ပေးသွားလို့ဖြစ်ပါတယ်၊ဒါကိုယုံကြည်ရင်ကယ်တင်ခြင်းရပါပြီ။မယုံကြည်ရင်မရပါ။ကယ်တင်ခြင်းရသူတိုင်းတ‌နေ့ကောင်းကင်စံအိမ်နေရပါမယ်။ဒါကယုံကြည်သူတိုင်းအတွက်ထာဝရ‌အိမ်တော်ပါဘဲ။

ရွှေကျမ်းချက်
‭၁ ကော၁၅:၃-၄ ငါ​သည် ကိုယ်​တိုင်​ခံ​ယူ​သည်​အ​တိုင်း၊ သင်​တို့​အား ရှေ့​ဦး​စွာ အပ်​ပေး​သော​အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊ ခ​ရစ်​တော်​သည် ကျမ်း​စာ​လာ​သည်​အ​တိုင်း ငါ​တို့​အ​ပြစ်​ကြောင့် အ​သေ​ခံ​တော်​မူ၏။သင်္ဂြိုဟ်​ပြီး​မှ၊ ကျမ်း​စာ​လာ​သည်​အ​တိုင်း သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​တော်​မူ၏။
‭ရှင်ယောဟန် 3:16, 18 ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။-
သားတော်ကိုယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကို မခံရ။ မယုံကြည်သောသူမူကား၊ ဘုရားသခင်၌ တစ်ပါးတည်းသောသားတော်ကို မယုံကြည်သောကြောင့် ယခုပင် အပြစ်စီရင်ခြင်းကိုခံရ၏။