• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

မညီသောထမ်းပိုးအမေးအဖြေ(၁၀)ချက်

ဆရာရဲမင်း

11 月 20, 2024

မညီသောထမ်းပိုးအမေးအဖြေ(၁၀)ချက်

၁။မညီသောထမ်းပိုးဆိုတာဘာလဲ?
လယ်ထွန်တဲ့အခါတူညီတဲ့နွားနှစ်ကောင်သို့မဟုတ်တူညီတဲ့ကျွဲနှစ်ကောင်လည်ပင်းပေါ်မှာထမ်းပိုးဆိုတဲ့အရာတင်ပြီးခိုင်းလေ့ရှိပါတယ်။အဲဒါကိုညီတဲ့ထမ်းပိုးလို့ခေါ်ပါတယ်။မညီတဲ့ထမ်းပိုး‌ဆိုတာက‌တော့နွားနဲ့ကျွဲ၊မြင်းနဲ့နွားသို့မဟုတ်တူအရွယ်မညီတဲ့ကျွဲနွားတရိစ္ဆာန်နှစ်‌ကောင်ကိုအတူထမ်းပိုးတင်ထား‌ ပေးခြင်းပါ။ဆိုလိုချင်တာကမညီ‌သောထမ်းပိုးသည်ဘယ်လိုမှအလုပ်မဖြစ်ခြင်းကိုဖော်ပြပါတယ်။ရှင်ပေါလုကဒါကိုသာဓကယူပြီးခရစ်ယာန်ယုံကြည်သူနဲ့မယုံကြည်သူတွေအိမ်‌ထောင်မပြုသင့်ကြောင်းသတိ‌ပေးနေတာဖြစ်ပါတယ်။
(တရားဟောရာ၂၂:၁၀နွားနှင့်မြည်းကို ဖက်၍လယ်မထွန်ရ။ )

၂။ဘာလို့မယုံကြည်သူနဲ့ယုံကြည်သူအိမ်ထောင်မပြုရတာလဲ?ဘာဆိုးကျိုးရှိလို့လဲ?
(၁)ဘုရားဗိမာန်ကိုညစ်ညူးစေရာရောက်ပါတယ်။(၁ကော၆:၁၉၊၁၄)
(၂)ယုံကြည်ခြင်းလမ်းလွဲသွားနိုင်ပါတယ်(၃ရာ၁၁:၁)
(၃)အိမ်ထောင်ရေးအဆင်မပြေဖြစ်နိုင်ပါတယ်(အာမုတ်၃:၃)
(၄)သူများအတွက်ထိမိလဲကျစရာဖြစ်နိုင်ပါတယ်(၁ကော၁၀:၃၃)
(၅)ကိုယ့်သားသမီးမျိုးဆက်တွေဘုရားကိုမသိဘဲဖြစ်မယ်(တရား၇:၃-၄)
(၆)ထာဝရထိစိတ်ဆင်းရဲရမယ်(ချစ်ရတဲ့အိမ်ထောင်ဖက်ငရဲကျမည်သိထားလို့)

၃။ယုံကြည်သူကိုဘဲရွေးရမယ်ဆိုတာကဘုရားသခင်ကကျွန်တော်တို့ရဲ့‌ ရွေးချယ်ပိုင်ခွင့်ကိုကန့်သတ်လိုက်တာလား?
သိုးတစ်ကောင်ကိုပိုင်ရှင်ကခြံဝန်းနဲ့ခတ်ပြီးထားတာဟာသူ့ရဲ့လွတ်လပ်ခွင့်ကိုကန့်သတ်ဖို့မဟုတ်ပါဘူး။ ဘေးအန္တရာယ်မကြုံရလေအောင်ကာကွယ်ထားပေးတာပါ။ဒီလိုပါဘဲ ယုံကြည်သူတွေကိုဘုရားကမညီသောလယထမ်းပိုးမထမ်းနဲ့လို့သွန်သင်ထားတာကသင့်ကိုကန့်သတ်ထားတာမဟုတ်ပါဘူး၊သင်နာကျင်ရမှာစိုးလို့ကြိုတင်ကာကွယ်ထားပေးတာပါ။
နောက်ပြီးတခုသတိထားရမှာကယုံကြည်သူတိုင်းကိုအ သွေးတော်နဲ့ရွေးဝယ်ထားလို့ဘုရားပိုင်တယ်ဆိုတာပါဘဲ(၁ကော၆:၁၉-၂၀)။

၄။ခရစ်ယာန်ချင်းယူထားရင်လဲပြဿနာတက်သူရှိသလိုမယုံကြည်သူနဲ့ယူထားသူတချို့လဲပျော်နေကြတာရှိတာဘဲလေဒါဘယ်လိုပြောမလဲ?
ဘာသာဝင်တိုင်းကယ်တင်ခြင်းရပြီးပြီလို့ပြောမရပါ၊အမည်သာခံထားပြီးနေ့တိုင်းစကားများနေတဲ့ခရစ်ယာန်တွေရှိပါတယ်။စစ်မှန်တဲ့ယုံကြည်သူခရစ်ယာန်တွေရဲ့အိမ်ထောင်ရေးမှာလဲပြဿနာရှိတတ်ပေမဲ့ဘုရားစကားအားဖြင့်ပြန်ပြေလည်ကြပါတယ်။
အမည်ခံခရစ်ယာန်လုပ်ပြီးမယုံကြည်သူကိုအရာရာလိုက်‌လျောပေးနေရင်တော့ခေတ္တအဆင်ပြေနေတတ်ပါတယ်။မယုံကြည်သူချင်းမို့ပါ။ဒါပေမဲ့ထာဝရမှာငိုကြွေးရပါလိမ့်မယ်။

၅။ဘုရားသခင်ကကျနော်ကိုဧဝံ‌ဂေလိလုပ်ဖို့မယုံကြည်သူကိုယူခိုင်းတာမျိုးမဖြစ်နိုင်ဘူးလား?
ဒီအတွေးကစာတန်ရဲ့ဂျင်းပါ။ကျွန်တော်တွေ့ဖူးမြင်ဖူးသလောက်အဲလိုခံယူထားတဲ့သူတွေဧဝံဂေလိလုပ်ဖို့နေနေသာသာကိုယ်ကဘဲပါသွားကြတာပါ။ဒါဆိုရင်ယူပြီးနောက်မှယုံကြည်လာသူမရှိတော့ဘူးလားဆိုတာ့ရှိပါတယ်။တချို့မညီ‌ သောထမ်းပိုးထမ်းမိပြီးတကယ်နောင်တရပြီးမှမယုံကြည်သေးတဲ့အိမ်ထောင်ဖက်ကိုဧဝံဂေလိဝေငှတဲ့အခါဘုရားက‌ ကျေးဇူးပြုပြီးပြောင်းလဲလာသူရှိပါတယ်။ဒါကအခွင့်တော်ထဲကအလိုတော်ပါ၊ဥပမာယောသပ်ကိုအကြိမ်ကြိမ်ဘေးတွေ့စေတာအခွင့်တော်ဖြစ်ပြီး၊ယောသပ်အားဖြင့်မိသားစုတစ်ခုလုံးလွတ်မြောက်စေတာအလိုတော်ပါ။ယုဒရှကာယုတ်သစ္စာဖောက်တာဘုရားအခွင့်တော်ဖြစ်ပြီး၊ယုဒရှကာယုတ်အားဖြင့်ယေရှုရဲ့ကယ်တင်ခြင်းအမှု အောင်မြင်ခြင်းကဘုရားအလိုတော်ပါ။ဒါကြောင့်မယုံကြည်သူနဲ့အိမ်ထောင်ပြုစေပြီးဧဝံဂေလိဝေငှခိုင်းတာဟာဘုရားအလိုတော်ပါလို့ပြောမရပါ။

၆။မယုံကြည်သူချစ်သူနှစ်ဦးကစေ့စပ်ပြီးမှတစ်ဦးယုံကြည်သူဖြစ်လာတယ်ဆိုရင်မညီသောထမ်းပိုး‌ဆိုပြီးအိမ်ထောင်မပြုရတော့ဘူးလား?
ဒါကချွင်းချက်တစ်လို့မြင်ပါတယ်။စေ့စပ်ထားပြီမို့အိမ်ထောင်ပြုရပါမယ်၊ဒါပေမဲ့ဘုရားကျောင်းမှာလက်ထပ်ခွင့်မရနိုင်ပါ။ယုံကြည်သူဖက်ကအပြစ်ဝန်ချဆုတောင်းရပါမယ်။

၇။ယုံကြည်သူကမယုံကြည်သူနဲ့ပြစ်မှားပြီးကိုယ်ဝန်ရှိနေပြီ၊မညီသောထမ်းပိုးမထမ်းရတာမို့တာဝန်ယူစရာမလိုတော့ဘူးလား?
ဒါလည်းချွင်းချက်ပါဘဲ။အထူးသဖြင့်ယောကျားလေးတွေအနေနဲ့ဒါကိုအကြောင်းပြပြီးခေါင်းရှောင်ဖို့မလုပ်သင့်ပါ။ကိုယ်မှားထားတာမှန်ရင်ရဲရဲသာတာဝန်ယူရပါမယ်။ရဲရဲယူပြီးအပြစ်ဝန်ချနောင်တရပါ။

၈။လင်မယားနှစ်ယောက်လုံးမယုံကြည်သူ၊အိမ်ထောင်ပြုပြီးမှတစ်ဦးကပြောင်းလဲလာရင်ကောမညီသောထမ်းပိုးမို့လမ်းခွဲရမှာလား?
ခွဲစရာမလိုပါ၊အကယ်၍မယုံကြည်သူဖက်ကအတင်းကြီးမင်းဘုရားနဲ့ငါ့ကိုဘယ်ဟာရွေးမလဲမေးလာမှ၊အတင်းလာခွဲမှချွင်းချက်အနေနဲ့ခွင့်ပြုလို့ရပါမယ်(၁ကော၇:၁၀-၁၆)။ဒီလိုအ‌ ခြေအနေကလွဲလို့မယုံကြည်‌ သေးတဲ့တစ်ဖက်သားကိုပုံသက်သေပြပြီးယုံကြည်လာဖို့အလင်းပေးရပါမယ်(၁ပေ၃:၁-၂)။

၉။မညီသောထမ်းပိုးထမ်းရင်ဘာလို့ဘုရားကျောင်းမှာမင်္ဂလာမဆောင်ပေးတာလဲ?တချို့ကအသင်းတော်ကနေနင်ထုတ်တာကောမှန်ရဲ့လား?
မညီသောထမ်းပိုးထမ်းခြင်းဟာကျမ်းစာအရအပြစ်ရှိတာမို့အမှုတော်ဆောင်တွေကနေလက်ထပ်ပေးလို့မရပါ။အပြစ်ရှိကြောင်းသေချာရှင်းပြပြီးနောင်တရဖို့၊အပြစ်ဝန်ချဖို့သာသွန်သင်လို့ရပါမည်။အသင်းတော်ကနေနင်ထုတ်လို့မရပါ၊ အပြစ်ဝန်ချတတ်ဖို့ပိုပြီးဆွဲခေါ်သင့်ပါသည်။အပြစ်ဝန်ချနေတဲ့ကာလမှာပွဲတော်နဲ့ပလ္လင်အစီအစဥ်‌မပါဝင်ရပါ၊ခေတ္တရပ်နားရပါမည်။အကယ်၍အပြစ်ကိုနောင်တမရဘဲနေရင်တော့အသင်းတော်မန်ဘာကနေရပ်နားရပါမည်။

၁၀။အိမ်ထောင်မပြုဘဲနေရင်ကောအပြစ်ရှိလား?
အပြစ်မရှိပါ။
ဥပမာရှင်ပေါလုလိုတစ်ကိုယ်ထဲနေသွားလို့ရသလို(၁ကော၇:၈)၊ရှင်ပေတရုလိုအိမ်ထောင်ပြုနေလို့ရပါတယ်(၁ကော၉:၅)။
အိမ်ထောင်ပြုခြင်းမပြုခြင်းကိုယ်၌ကလည်းအပြစ်မရှိပါဘူး။အိမ်ထောင်မပြုဘဲနေသူကအိမ်ထောင်ပြုထားသူထက်ဘုရားရှေ့မှာမသန့်ရှင်းသလို၊အိမ်ထောင်ပြုထားသူကလည်းအိမ်ထောင်မပြုထားသူထက်မသာလွန်နေပါ။ဘုရားရှေ့မှာသန့်ရှင်းခြင်းမသန့်ရှင်းခြင်းကအိမ်ထောင်နဲ့မဆိုင်ပါဘူ၊မိမိရဲ့ဘုရားစကားအပေါ်နာခံလိုက်လျှောက်ခြင်းရှိမရှိပေါ်သာမူတည်ပါတယ်။

ဒါဆိုရင်ယုံကြည်သူတွေလက်တွေ့ဘယ်လိုလိုက်လျှောက်ရမလဲ?
(၁)။ချစ်သူရည်းစားမရှိသေးသူများ
ဆုတောင်းခြင်းဖြင့်ဘုရားအလိုတော်ထဲကမျှော်လင့်စောင့်စားပါ။ယုံကြည်သူတွေထဲမှာသာရှာပါ၊အာရုံမလွဲပါနဲ့၊သင့်ဘေးမှာပါ။ချစ်သူရည်းစားမရှိသေးလို့ဆိုပြီးအားမငယ်ပါနဲ့။ဘုရားရှိပါတယ်(ယော၃:၁၆)။
(၂)။ချစ်သူရည်းစားရှိနေသူများ
၁။မယုံကြည်သေးတဲ့သူနဲ့ဖြစ်နေရင်ဧဝံဂေလိဝေငှပေးပါ။
၂။အိမ်ထောင်ပြုဖို့ဘာသာဝင်တာမျိုးမဖြစ်စေပါနှင့်။
၃။ယူပြီးရင်သူယုံကြည်မယ်ပြောတယ်ဆိုတာမျိုးရှောင်ပါ။
၄။ယုံကြည်သူချင်းဖြစ်နေရင်တော့ သန့်ရှင်းစွာနေကြပါ။
၅။မေထုန်အပြစ်မကျူးလွန်မိပါစေနှင့်၊ဘုရားပေးထားတဲ့လိင်မှုဟာအိမ်ထောင်မှာဘဲတရားဝင်ပါတယ်၊အိမ်ထောင်ပြင်ပမှာပြုတဲ့လိင်မှုတိုင်းဟာအပြစ်ပါဘဲ။
ဒါဆိုမေထုန်မကျူးလွန်အောင်ဘာလုပ်ရမလဲ?
(က)ညစ်ညမ်းဇာတ်ကားရှောင်ပါ၊အမှောင်ကိုရှောင်ပါ၊ဘုရားစကားအမြဲဆောင်ပါ။
(ခ)မေထုန်ကျူးလွန်မိပြီဘာလုပ်ရမလဲ?နောက်ကျပြီလား? နောက်မကျသေးပါ၊ဘုရားခွင့်မလွတ်နိုင်တဲ့အပြစ်မရှိပါ၊သင်သာနောင်တမရသေးတာပါ(၁ယော၁:၉)။
(၃)။မယုံကြည်သူနဲ့အိမ်ထောင်ပြုပြီးသူများအတွက်
ကွာရှင်းဖို့ မဟုတ်၊အပြစ်ဝန်ချပြီး တစ်ဖက်သားကိုကယ်တင်ခြင်းရစေပါ။ ၁ကော၇:၁၂-၁၄ ။