ချီးမွမ်းတတ်သူနှင့်ညည်းတွားပြစ်တင်တတ်သူ
ကျေးဇူးတော်ချီးမွမ်းတတ်သူတယောက်ဟာ
အခက်ခဲပေါင်း သောင်းခြောက်ထောင်ကနေလဲကျေးဇူးတော်ချီးမွမ်းရမဲ့အကြောင်းရင်းရှိနေတယ်၊ဒါကြောင့်သူပျော်ရွင်ငြိမ်သက်ခြင်းခံစားရတယ်။
ညည်းတွားပြစ်တင်နေတတ်တဲ့သူတယောက်ဟာ
ကောင်းမြတ်ခြင်းပေါင်းသောင်းခြောက်ထောင်ထဲကနေလဲညီးတွားပြစ်တင်ရမဲ့အကြောင်းရင်းရှိနေတယ်။ဒါကြောင့်သူအမြဲတမ်းစိတ်ညစ်နေရတယ်။
မိတ်ဆွေကောဘယ်လိုအခြေနေလဲ?
လောကမှာမတရားမူ့တွေပြည့်နက်နေတဲ့ထဲလူတိုင်းတရက်၂၄နာရီတရားမျှတစွာဘုရားကပေးထားပါတယ်၊ဒါကိုပျော်ရွင်စွာကျော်ဖြတ်မလား?ငြီးတွားပြီးကျော်ဖြတ်မလား?လူတိုင်းကိုယ့်လွတ်လပ်ပိုင်ခွင့်နဲ့ရွှေးချယ်အသက်ရှင်နိုင်ပါတယ်၊ဒါပေမဲ့ကိုယ့်ရွှေးချယ်မှုဟာကိုယ့်အခြေနေကိုဖန်တီးပေးသွားပါလိမ့်မယ်။
(၁သက် ၅:၁၈ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား၊ သင်တို့သည် ထိုသို့ကျင့်စေခြင်းငှါ၊ ယေရှုခရစ်၌ ဘုရားသခင်အလိုတော်ရှိ၏။)
ယုံကြည်သူတိုင်းဘုရားကျေးဇူးတော်ကိုအစဉ်ချီးမွမ်းတတ်တဲ့သူများဖြစ်ပါစေ၊အာမင်။