ကြိမ်လုံးဖြင့်ဆုံးမခြင်းသတိ(၆)ချက်
တိုးတက်နေတဲ့ခေတ်ကာလမှာကလေးတွေကိုတုတ်နဲ့ဆုံးမဖို့ပညာရှင်တွေအားမပေးတော့တာသတိပြုမိမှာပါ။တချို့နိုင်ငံဆိုရင်မိဘ တွေကသားသမီးကိုရိုက်ရင်သားသမီးကတရားစွဲလို့ရတဲ့ဥပဒေရှိနေတဲ့အထိပါ။ဒါဆိုရင်ကျမ်းစာ(သုတ္တံ၂၃:၁၃-၁၄၊သုတ္တံ ၁၃း၂၄၊ဟေဗြဲ ၁၂း၆-၇)မှာသွန်သင်ထားတဲ့အရာကခေတ်နဲ့မကိုက်ညီတော့တာလားဆိုတာမေးခွန်းထုတ်စရာပါ။အမှန်တော့ဘုရားစကားဖြစ်တာမို့ထာဝရခေတ်နဲ့ကိုက်ညီနေမှာပါ၊မိဘလုပ်သူတွေကသာပညာရှိစွာ“မလွန်ကျူးဖို့”ခံယူလိုက်နာတတ်ဖို့လိုပါတယ်။ဒါကြောင့်ကျမ်းစာထဲက“ကျိန်လုံးနဲ့ဆုံးမပါ”ဆိုတာနဲ့ပတ်သက်ပြီးအချက်၆ချက်နဲ့သတိပေးချင်ပါတယ်။
၁။ကြိမ်လုံးသည်သားသမီးမှားကြောင်းကိုညွန်ပြဖို့သာဖြစ်ပါသည်။မိဘများဒေါသပေါက်ကွဲရန်အသုံးပြုဖို့မဟုတ်ပါ။ထိုကြောင့်စိတ်တိုပြီးဒေါသထွက်နေလျှင်မသုံးသင့်ပါ။အထူးသတိ။
၂။ကြိမ်လုံးသည်အဓိကအသားနာစေဖို့မဟုတ်၊သင်ခန်းစာယူပြီးလိမ်မာစေဖို့ဖြစ်သည်။မိဘများရိုက်ချင်တိုင်းရိုက်ပြီးအာဏာပြဖို့မဟုတ်ပါ။အထူးသတိ။
၃။ကြိမ်လုံးသည်မုန်းလို့မဟုတ်၊သာ၍ချစ်သောကြောင့်ဆက်မမှား အောင်အသုံးပြုတာဖြစ်သည်။မိဘများ“အပြင်အမုန်း”အိမ်ထိသယ်လာပြီးမပေါက်ကွဲသင့်သလို၊အမုန်းတရားကြောင့်ကြိမ်လုံးမသုံးသင့်ပေ။အထူးသတိ။
၄။ကြိမ်လုံးဖြင့်ဆုံးမခြင်းသည်နည်းစနစ်ကျ“စည်းကမ်းရှိရှိ”အသားနာရုံလေးရိုက်ရန်ဖြစ်သည်။တွေ့ရာကောက်ကိုင်ပြီးရိုက်ချင်တဲ့နေရာအားထည့်ပြီးရိုက်ဖို့မဟုတ်ပါ။လူကြီးအားနဲ့ကလေးကိုရိုက်မိရင်ကျိုးပဲ့သွားနိုင်တာသတိအထူးပြုပါ။နောက်မှရင်ကျိုးရမှာမိဘဖြစ်နေနိုင်ပါတယ်။အထူးသတိပြုပါ။
၅။ကြိမ်လုံးသည်သားသမီးကိုလမ်းမှားကနေလမ်းမှန်ကိုပို့ပေးရန်“ကြားခံ”သာဖြစ်သည်။ထို ကြောင့်သားသမီးကိုဆုံးမတိုင်းကြိမ်လုံးကောက်ကိုင်ဖို့ရန်မဟုတ်ပါ၊ကြိမ်လုံးမသုံးမရမှနောက်ဆုံးနည်းလမ်းအဖြစ်သာအသုံးပြုသင့်ပါသည်။
၆။ချစ်ခြင်းကြိမ်လုံးဖြင့်ဆုံးမခြင်းသည်ဘုရားကိုယုံကြည်လို့ဖြစ်သည်။ခေတ်ကာလဘယ်လောက်တိုးတက်နေပါလေစေ၊ပညာရှင်တွေဘယ်လောက်တားမြစ်ပါလေစေ၊ဘုရားသခင်ပြောထားတဲ့စကားမို့ကြိမ်လုံးသုံးပြီးသားသမီးကိုဆုံးမတတ်ခြင်းသည်ပညာရှင် တွေထက်ဘုရားအပေါ်၁၀၀%ယုံကြည်လို့ဖြစ်ပါသည်။
သုတ္တံကျမ်း13:24
ကြိမ်လုံးကို မသုံးသောသူသည် မိမိသားကို မုန်းရာသို့ရောက်၏။ သားကိုချစ်သောသူမူကား၊ ငယ်သောအရွယ်မှစ၍ ဆုံးမတတ်၏။
စာဖတ်သူတွေရဲ့အမြင်နဲ့လက်တွေ့ကြုံခဲ့ဝာာတွေကောမန့်မှာလွတ်လပ်စွာဖော်ပြဆွေးနွေးနိုင်ပါသည်။
ကြိမ်လုံးဖြင့်ဆုံးမခြင်းသတိ(၆)ချက်