ချွေးမနဲ့ယောက္ခမ
“ကျွန်မသီးမခံနိုင်တော့ဘူးဆရာ၊ကျွန်မယောက္ခမကိုဘယ်လိုသေစေနိုင်မလဲဆေးသာပေးပါ”အိမ်ထောင်သည်အမျိုးသမီးတဦးမှဆရာဝန်ကြီးဆီပြောလိုက်သောစကားဖြစ်သည်။
ဆရာဝန်မှ“ရော့ဒီဆေးတိုက်လိုက်၊ပြီးရင်ကြက်ဥပြုပ်တရက်တလုံးပြုပ်ကြွေး၊ကြာလာရင်အလိုလိုသေလိမ့်မယ်”။
အမျိုးသမီးဖြစ်သူမှ
ဆေးနည်းယူပြီးကျေနပ်စွာပြန်သွားလေသည်။
၃လကြာသော်
အိမ်ထောင်သည်အမျိုးသမီးမှ“ဆရာရယ်လုပ်ပါအုံး၊ယောက္ခမကကျွန်မပေါ်တအားကြီးကောင်းလာတာ၊ဒါပေမယ့်ကျွန်မသူ့ကိုဆရာပေးတဲ့အဆိပ်ဆေးကြွေးနေတာ၃လရှိပြီ၊ဘယ်လိုလုပ်ရမလဲဆရာ၊ယောက္ခမကိုမသေစေချင်တော့ဘူး၊ ဖြေဆေးရှိရင်ပေးပါလား”။
ဆရာဝန်မှ
“စိတ်ချပါသမီး၊သမီးယောက္ခမသေနိုင်ပါဘူး၊ဆရာပေးလိုက်တဲ့ဆေးကအားဆေးပါ၊ကြက်ဥပြုပ်လဲအားရှိစေတဲ့အစာတမျိုးပါ”။
ဒီတော့မှပြုံးရွှင်စွာပြန်ပြီးယောက္ခမကိုပြန်လည်ပြုစုသွားပါတော့တယ်။ယောက္ခမကြီးလည်းချွေးမရဲ့ပြုစုယုရမှုကိုခံလာရတော့အမြင်တွေအကျင့်တွေပြောင်းပြီးချွေးမအပေါ်အမြဲကောင်းလာပါတော့တယ်။
…………………………………………..
အမုန်းတရားတွေဟာပိုပြီးများတဲ့ရန်ငြိုးတွေကိုသာဖြစ်တည်စေတာပါ။ဒါပေမယ့်သူတပါးပေါ်ထားတဲ့ချစ်ခြင်းမေတ္တာကတော့သင့်မြတ်ခြင်းနဲ့ငြိမ်းချမ်းခြင်းကိုပိုပြီးဖြစ်ပွားစေမှာပါ။ကိုယ့်ကိုသူတပါးဘယ်လိုဆက်ဆံစေချင်ရင်ကိုယ်ကအရင်သူတပါးကိုအဲလိုဆက်ဆံပါ။
ရှင်လုကာခရစ်ဝင်6:31
သင်တို့သည် ကိုယ်၌သူတစ်ပါး ပြုစေလိုသည်အတိုင်း သူတစ်ပါး၌ ပြုကြလော့။