မိသားစုထဲကတရားခံ(၇)မျိုး
၁။မိသားစုတစ်ခုပြိုကွဲရခြင်းရဲ့အဓိကတရားခံကလောင်းကစား၊မူးယစ်၊ကာမလိုက်စားခြင်းတွေကြောင့်ပါ။
၂။မိသားစုတစ်ခုဆင်းရဲရခြင်းရဲ့အဓိကတရားခံကပျင်းရိခြင်း၊အလုပ်မလုပ်ချင်ခြင်း၊မကြိုးစားချင်ခြင်းတွေကြောင့်ပါ။
၃။မိသားစုတစ်ခုဆိုးသွမ်းရခြင်းရဲ့အဓိကတရားခံကမနာလိုခြင်း၊ရန်အမြဲဖြစ်ခြင်း၊ဒေါသကြီးခြင်း တွေကြောင့်ပါ။
၄။မိသားစုတစ်ခုကြီးပွားတိုးတက်ခြင်းရဲ့အဓိကအကြောင်းရင်းကသင့်မြတ်ခြင်း၊ကြိုးစားခြင်း၊ချွေတာစုဆောင်းတတ်ခြင်း တွေကြောင့်ပါ။
၅။မိသားစုတစ်ခုသင့်မြတ်နေရခြင်းရဲ့အဓိကအကြောင်းရင်းကသီးခံပေးတတ်သူ၊နားလည်ပေးတတ်သူ၊ခွင့်လွတ်ပေးတတ်သူရှိနေလို့ပါ။
၆။မိသားစုတစ်ခုအမြဲပျော်ရွှင်ငြိမ်သက်ခြင်းရနေတဲ့အဓိကအကြောင်းရင်းကယေရှုခရစ်တော်ကိုယုံကြည်လက်ခံထားကြပြီးသမ္မာတရားကိုလိုက်လျှောက်နေကြလို့ပါ။
၇။မိသားစုတစ်ခုမှာရန်ငြိုးတွေကိုငြိမ်းစေပြီး၊ပြန်လည်သင့်မြတ်စေနိုင်တာယေရှုခရစ်တော်ရဲ့အချစ်ရှိနေလို့ပါ။
အာမင်။
တမန်၁၆:၃၁သခင်ယေရှုခရစ်ကို ယုံကြည်လော့။ ယုံကြည်လျှင် သင်နှင့် သင်၏အိမ်သူအိမ်သားတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်။