• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ထာဝရဘုရားသေပြီတဲ့လား ?

ဆရာရဲမင်း

10 月 9, 2024
ထာဝရဘုရားသေပြီတဲ့လား ?
တချိန်က……
(Martin Luther)မာတင်လုသာ (wittenburg)ဝီတန်ပါ ချက်စ်ကျောင်းကြီးမှာ ၉၅ ချက် စွဲချက်ကပ်ပြီးနောက်၊ ဘာသာရေးဘုန်းတော်ကြီးတွေကသူ့ကိုမိစ္ဆာအယူဝါဒပါဆိုပြီးဖိအားပေးကြတယ်။အဲ့ချိန်ဘာသာဝင်တိုင်းလိုလိုကလုသာကိုလွဲမှားနေသောအယူပါလို့သတ်မှတ်နေတဲ့အချိန်ပေါ့။အဲ့ဒီနေ့ရက်ချိန်လေးတွေဟာလုသာဖိအားများပြီးစိတ်အားတအားငယ်နေတဲ့ချိန်……
တနေ့တော့ …
မာတင်လုသာဟာစာအုပ်စင်မှာစိတ်ညိုးငယ်စွာနဲ့စာအုပ်ဖတ်နေတယ်တဲ့၊အဲ့ချိန်မှာသူ့ဇနီးဝင်လာတယ်။
ဇနီးသည်ကခေါင်းမှာအဝတ်မဲဖုံးပြီး၊ကိုယ်မှာလည်းအသုဘအင်္ကျငီ်္ဝတ်ထားသတဲ့။
ဒါကိုမာတင်လုသာကတွေ့တော့……
ဟိုက်! ဘယ်သူသေသွားတာလဲမိန်းမ?
မိန်းမ။ ။ ထာဝရဘုရားသေသွားပြီလေ။
လုသာ။ ။ဘုရားဘယ်လိုလုပ်သေတတ်မှာလည်းဟ၊မနေ့ယနေ့နောင်ကာလအစဉ်တည်တဲ့ဘုရားဆိုတာနင်မသိသေးလို့လား?ဟုလုသာကဒေါသဖြင့်ပြန်ပြောလိုက်သည်
မိန်းမ။ ။ဘယ်သိမလဲ၊ခုတလောရှင့်ပုံစံကမျှော်လင့်ချက်ကင်းမဲ့ပြီးညိုးငယ်နေလိုက်တာများထာဝရဘုရားသေသွားသလားလို့ပေါ့။
မိန်းမရဲ့ဒီစကားလေးတခွန်းအားဖြင့်
မာတင်လုသာချက်ချင်းဘုရားသခင်ဆီကနေအသိတခုပေါက်သွားသည်။မိန်းမအားဖြင့်ဘုရားပေးလာတဲ့ဒီစကားကြောင့်
မာတင်လုသာစာအုပ်ဖတ်နေရာမှထပြီးမျော်လင့်ချက်အသစ်ပြန်ရခဲ့ပြီ။ဒီဘာသာရေးပြောင်းဖို့အတွက်အသစ်တဖန်ခွန်အားရခဲ့ပြီးအဆုံးထိတိုင်လှမ်းသွားနိုင်ခဲ့သည်။
မိတ်ဆွေ
သင့်ဘဝမှာကောထာဝရဘုရားသေနေပြီလား?
လူ့ဘဝမှာကျရှုံးခြင်း၊ဖိအားများကြုံတွေ့ခြင်း၊နောက်ယှက်ခြင်းအမျိုးမျိုး၊စုံစမ်းခြင်းအမျိုးမျိုးနဲ့ကြုံတွေ့နေရကြပါတယ်။တခါတလေဘဝဆိုးချက်ကအသက်တောင်မရှူနိုင်တဲ့အဆင့်ထိပေါ့။အဲ့လိုချိန်မျိုးမှာငြီးညူပြစ်တင်ခြင်းနဲ့စိတ်ညစ်ခြင်း၊မျှော်လင့်ခြင်းကင်းမဲ့ခြင်းနဲ့ဘဝမှာပြည့်နက်နေတတ်ပါတယ်။ဒါပေမဲ့မိတ်ဆွေ…
ကျနော်တို့ကိုးကွယ်နေတဲ့ဘုရားဟာထာဝရအသက်ရှင်နေတဲ့ဘုရားဆိုတာသတိရလိုက်ပါ။
ခွန်အားအသစ်တဖန်မွေးဖွားလိုက်ပါ။
ကျမ်းချက်
ယောဘဝတ္တု ၁၉:၂၅ငါ့ကိုရွေးနှုတ်သောသခင်သည် အသက်ရှင်၍၊ နောင်ကာလ၌ မြေမှုန့်အပေါ်မှာ ပေါ်လာတော်မူမည်ဟူ၍လည်းကောင်း၊
ဆာလံကျမ်း ၁၀၂:၂၇ကိုယ်တော်သည် ပြောင်းလဲတော်မမူပါ။ အသက်တော်လည်း မကုန်မဆုံးရပါ။
၁ကော၁၅:၃-၄ငါသည် ကိုယ်တိုင်ခံယူသည်အတိုင်း၊ သင်တို့အား ရှေ့ဦးစွာ အပ်ပေးသောအကြောင်းအရာဟူမူကား၊ ခရစ်တော်သည် ကျမ်းစာလာသည်အတိုင်း ငါတို့အပြစ်ကြောင့် အသေခံတော်မူ၏သင်္ဂြိုဟ်ပြီးမှ၊ ကျမ်းစာလာသည်အတိုင်း သုံးရက်မြောက်သောနေ့၌ ထမြောက်တော်မူ၏။
Ye Ming(ပတ္တမြားမြေ)