#ဆရာကြီးယုဒဿန်အကြောင်း
ယုဒဿန် (အဒိုနီရမ် ဂျပ်ဆင် Adoniram Judson) သည် ဘိုးတော်ဘုရား လက်ထက်တွင် အမေရိကန်ပြည်ထောင်စုနိုင်ငံမှ မြန်မာနိုင်ငံသို့ ရောက်လာသော ခရစ်ယာန် သာသနာပြု ပုဂ္ဂိုလ်ဖြစ်သည်။ ယုဒဿန် ဟူသော အမည်မှာ မြန်မာတို့က ဂျပ်ဆင်ဆိုသည့် စကားလုံးကို အသံလှယ်၍ ခေါ်သော အသံထွက် ဖြစ်လေသည်။အဘယ်သို့ဆိုသော် ယုဒဿန်အတွက် ပါဠိတော်ရဲ့ အသံထွက်စနစ်က[judashan]။အင်င်္ဂလိပ်အသံထွက်စနစ်ကတော့ [jadsan] ဒါမှမဟုတ်ရင် [jadsim]ပါ။ယုဒသန်သည် မြန်မာ နိုင်ငံတွင် အမေရိကန် နှစ်ခြင်း ခရစ်ယာန်ဂိုဏ္ဍ်းကို စတင် တည်ထောင်သူဖြစ်သည်။ ယုဒသန်သည် မြန်မာနိုင်ငံ ခရစ်ယာန် သာသနာရေး ဘက်၌သာမက စာပေဘက်တွှင်လည်းကောင်း၊ နိုင်ငံရေးဘက်၌သော်လည်းကောင်း ထင်ရှာသော ပုဂ္ဂို လ်တစ်ပါး ဖြစ်လေသည်။
ယုဒသန်သည် ၁၇၈၈ ခုနှစ် ဪဂုတ်လ ၉ ရက်နေ့တွှင် အမေရိကန် ပြည်ထောင်စုနိုင်ငံ၊ မက်ဆချူးဆက် ပြည်နယ် မော်လဒင်းမြို့၌ ဖွှားမြင်သည်။ ဗရောင်းတက္ကသိုလ်တွင် ပညာ သင်ကြားခဲ့၏။ ၁၈၁၂ ခုနှစ် ဖေဖော် ဝါရီလ ၅ ရက်နေ့တွှင် အန်ဟေဇယ်တိုင်ဆိုသူ အမျိုးသမီးနှင့် ထိမ်းမြားလက်ထက် လေသည်။ နောက်တစ်နေ့ တွင် ယုဒသန်သည် အခြားအဖော် လေးဦးနှင့်အတူ အရှေ့အာရှနိုင်ငံများသို့သွား၍ သာသနာပြုရန် စေလွှတ်ခြင်း ခံရ၏။ ယုဒဿန် ဇနီးမောင်နှံတို့သည် ဖေဖော်ဝါ ရီလ ၁၉ ရက်နေ့တွှင် ဆေလမ်မြို့ ဆိပ်ကမ်းမှ သဘောင်္ဖြင့် ထွက်ခွာခဲ့ကြသည်။ ဇွှန်လတွင် အိန္ဒိယနိုင်ငံ ကာလကတ္တား မြို့သို့ ဆိုက်ရောက်သည်။
ထိုအချိန်က ဗြိတိသျှ အစိုးရနှင့် အမေရိကန် အစိုးရတို့ အချင်းချင်း မသင့်မတင့် ဖြစ်လျက်ရှိကာ အိန္ဒိယနိုင်ငံတွှင် ရောက်ရှိနေသော ဗြိတိသျှတို့၏ အရှေ့အိန္ဒိယ ကုမ္မဏ္ဍီသည် အမေရိကန် သာသနာပြု ပုဂ္ဂိုလ်များကို ထိုတိုင်းပြည်၌ နေထိုင်ရန် မလိုလားချေ။ ထိုကြောင့် အိန္ဒိယနိုင်ငံရှိ ဘုရင်ခံ ချုပ်က ယုဒသန် နှင့် ဇနီးတို့ကို မိမိတို့ စီးနင်းလိုက်ပါလာ ခဲ့သော သဘောင်္ဖြင့် အမေရိကန်နိုင်ငံသို့ပြန်ရန် အမိန့်ပေးလေ သည်။ ထိုအခါ ယုဒသန်သည် ပြင်သစ်ပိုင် မောရစ်ရှပ်ကျွန်းသို့ ထွက်ခွာခဲ့ရသည်။ အိန္ဒိယနိုင်ငံ၌ ရှိနေစဉ် ယုဒသန်နှင့် သူ၏ ဇနီးတို့သည် နှစ်ခြင်း ခရစ်ယာန်ဂိုဏ္ဍ်းသို့ ကူးပြောင်းခဲ့ကြသည်။
ယုဒန်သည် အရှေ့အာရှနိုင်ငံများ၌ သာသနာပြုရန် ဟူသော မူလရည်ရွှယ်ချက်ကို စွန့်လွှတ်ရမည်ကဲ့သို့ အခြေအနေတွင် ရောက်ရှိနေခဲ့သော်လည်း ၁၈၁၃ ခုနှစ် ဇွန်လဆန်း၌ အရှေ့ဘက်သို့ ကြုံရာသဘောင်္နှင့် သွားမည်ဟူသော အကြံဖြင့် အိန္ဒိယနိုင်ငံ မဒရပ်မြို့သို့ ထွက်ခွာခဲ့ကြပြန်သည်။ တစ်ဖန် မဒရပ်မြို့မှ တစ်ဆင့် ဂဂျောဂျီးယားနား အမည်ရှိ သင်္ဘောဖြင့် မြန်မာနိုင်ငံသို့ လိုက်ပါလာခဲ့ကြရာ ဇူလိုင်လ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့သို့ ဆိုက်ရောက်လေသည်။
ထိုအခါက ရန်ကုန်သည် ယခုကာလ ရန်ကုန်နှင့် လုံး၀ မတူချေ။ ဆူးလေစေတီတော်ကို အရှေ့ဘက်၊ အနောက်ဘက်နှင့် တောင်ဘက်တို့မှ အင်းကြီးတစ်ခု ကာလျက်ရှိသည်။ မြို့ကို အင်းကြီးနှင့် ခချောင်းမြောင်း ထုံးအိုင်တို့ ၀န်းရံလျက်ရှိသဖြင့် ကျွန်းကြီးကဲ့သို့ ဖြစ်လျက်ရှိသည်။ မြို့မြောက်မျက်နှာ ၀န်ကြီး တံခါးမှထွှက်၍ ချောင်းကိုကူးပြီးလျှင် ၀န်ကြီးလမ်းအတိုင်း ဆက်သွားပါကမူ မိုင်၀က်လောက်ခရီးတွင် နှစ်ခြင်းသာသနာပြု အိမ်ကြီးသို့ ရောက်လေသည်။ ယခု ဘားလမ်း၏ မြောက်စွန်း အနီးတွင် ဖြစ်သည်ဟု သမိုင်းဆရာများက ဆိုသည်။ ထို အိမ်ရှင်မှာ အိန္ဒိယနိုင်ငံ ဆရမ်ပူမြို့ရှိ အင်္ဂလိပ် နှစ်ခြင်း ခရစ်ယာန်သာသနာပြု ဝီလျံကာရီ၏ သား ဖဲလစ်ကာရီဖြစ်သည်။
ထိုသာသနာပြုအိမ်၌ ယုဒသန်တို့ နေထိုင်ကြလေသည်။ ဟောရန်ပြောရန် ရောက်လာကြသည့်ဖြစ်သော်လည်း ယုဒသန်တို့သည် မြန်မာစကားကို တစ်လုံးတပါဒမျှ မတတ် ကြ။ ထိုကြောင့် မြန်မာစကားကိုဦးစွာ ကြိုးစားသင်ယူရသည်။ ထိုနောက် မြန်မာစာပေကို လေ့ကျက် ရသည်။ သို့ဖြင့် သုံးနှစ် သုံးမိုး ရှိလာသောအခါ ယုဒသန်သည် မြန်မာသဒ္ဒ ါကျမ်း တစ် စောင်ကို ရေးသားပြုစု ပြီးလေ၏။ မြန်မာတို့အကြားတွင် သာသနာပြုဖို့ရန် မြန်မာတို့၏ အယူဝါဒ အလေ့အလာတို့ကို လည်း နားလည်ရဦးမည်။ ထိုကြောင့် ယုဒသန်သည် လောကုတ္တရာစာပေများကို လေ့လာ ဆည်းပူးရာ၊ မြန်မာ စကားကဲ့သို့ ဖြစ်နေသော ပါဠိ၊ သက္ကတ စကာလုံးပေါင်း လေးထောင်လောက်ကို စုဆောင်းမိလေသည်။ ထိုစကားလုံး များကို အက္ခရာ၀လိစဉ်၍ မြန်မာအနက်ပေးကာ ပါဠိ-မြန်မာ အဘိဓာန်ကို စတင်ပြုစုလေသည်။ ထိုအဘိဓာန်တွင်ပါသော မြန်မာစကားလုံးများကို တစ်ဖန် အက္ခရာ၀လိစဉ်ကာ အင်္ဂလိပ် အနက်ပေး၍ ပထမ မြန်မာ-အင်္ဂလိပ် အဘိဓာန်ငယ်ကို ဆက်လက် ပြုစုပြန်သည်။
၁၈၁၆ ခုနှစ်တွှင် ဘင်္ဂလားပြည်နယ် ဆရမ်ပူ သာသနာပြု ကောလိပ်ကကျောင်းက ပုံနှိပ်စက်တစ်လုံးနှင့် မြန်မာခဲစာလုံး များကို လက်ဆောင်ပေးပို့လိုက်သည်။ ပုံနှိပ်စက်နှင့်အတူ ဆရာဟောက်ဆိုသူ ပုံနှိပ်ပညာတတ် အမေရိကန် သာသနာပြု ပုဂ္ဂိုလ်တစ်ဦးလည်း ရောက်လာ၏။ ၁၈၁၇ ခုနှစ်တွင် ယုဒဿန် သည် ရှင်မဿဿဲ ခရစ်၀င်ကျမ်းကို မြန်မာပြန် ဆိုပြီးစီးသည်။
ထိုအခါ ယုဒဿန်သည် တရားဟောနိုင်လောက်အောင် စကား တတ်ပြီ ဟု အယူရှိလေသည်။ ထိုကြောင့် သူသည် မြန်မာတို့ တရားနာလေ့ရှိသော စရပ်များသို့သွားကာ ဓမ္မကထိကများ ဟောသည်တို့ကို မြန်မာများနှင့်အတူ နာယူ၍ အတုယူ နည်းမှီး လေတော့သည်။ ထိုနောက် သာသနာပြု အိမ်ကြီးနှင့် မလှမ်း မကမ်း လူသွားလူလာများသော ခရီးတွင် စရပ်တစ်ဆောင် ဆောက်လုပ်သည်။ စရပ် မျက်နှာစာခန်းကို ဝါး ဓနိတို့ဖြင့် ဆောက်လုပ်၍ ယုဒသန်ထိုင်၍ ခရီးသွားများကို တရားနာ လာရန် ဖိတ်ခေါ် လေ့ရှိသည်။ ကလေးသူငယ်များကိုလည်း သစ်သားသင်ပုန်းကြီးများခင်း၍ စာသင်ပေးလေ့ရှိသည်။ ထိုစရပ် ကြီးတွင် ယုဒသန်သည် တရားစ၍ ဟောသည်။ ကျမ်းစာများ ကိုလည်း ဆက်လက် ရေးသားပြန်ဆိုကာ ပုံနှိပ် ထုတ်ဝေ လေသည်။
သို့ဖြင့် ၁၈၂၀ ခုနှစ်၊ ဘကြီးတော်ဘုရားလက်ထက်သို့ ရောက်လာသော အခါ ဘုရင်မင်းမြတ်ထံမှ တရားဟောပြောခွင့် အမိန့်တော်ကို ခံယူရန်လိုသဖြင့် အခြားသာသနာပြုပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ဆရာ ကိုးလမင်းနှင့်အတူ နေပြည် တော်သို့ ၁၈၁၉ ခုနှစ် ဒီဇင်ဘာ တွင် သွားကြလေသည်။ လမ်းခရီးတွင် တစ်လကျေ်ာ ကြာ ပြီးနောက် အမရပူရမြို့တော်၌ ဘကြီးတော်မင်းတရားကြီး ထံခွင့်ပြုချက်ရရန်တင်လျှောက်လေသည်။ သို့ရာတွင် မင်းတရား ကြီးက နှစ်သက်တော် မမူသဖြင့် အခွင့်မရဘဲ ရန်ကုန်မြို့သို့ စုန်ဆင်းခဲ့ရသည်။
ထိုအတောအတွင်း ယုဒသန်၏ ဇနီးမှာ ကျန်းမာရေး ချို့ယွင်းလျက်ရှိသဖြင့် ၁၈၂၁ ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ ပြန်လေသည်။ ထိုနောက် မျက်စိရောဂါနှင့် နားရောဂါဘက်၌ အထူးကျွမ်းကျင်သော သာသနာပြု ဆရာ၀န် ဒေါက်တာ ပရိုက်(စ)ဆိုသူသည် ၁၈၂၁ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့ တွှင် ရန်ကုန်မြို့သို့ ရောက်လာသည်။ ၁၈၂၂ ခုနှစ် ဪဂုတ်လ ၂၈ ရက်နေ့တွင် ဒေါက်တာ ပရိုက်(စ)သည် အင်းဝြမို့တော်ရှိ ဘကြီးတော်မင်းတရားကြီးထံ အခစား၀င်ရောက်ရန် ဆန်တက် ရာ၌ ယုဒဿန်လည်း စကားပြန်အဖြစ် ဒုတိယအကြိမ် လိုက်ပါ သွားပြန်လေသည်။ ထိုအချိန်၌ ဘကြီးတော်မင်းတရားသည် အင်းဝြမို့တော်သို့ ပြောင်းရွှေ့ စံနေတော်မူပြီ ဖြစ်၏။ တစ်ခါ သော် ယုဒသန်သည် ဘကြီးတော်မင်းတရားရှေ့တွင် တရား ဟောပြရလေသည်။ မင်းတရားကြီးက ယုဒသန်အား နေပြည် တော်၌ နေထိုင်ရန် မြေတစ်ကွက်ကို ပေးသနားတော်မူသည်။ ဒေါက်တာ ပရိုက်(စ)ကိုမူ စစ်ကိုင်းဘက်၌ အိမ်ဆောက် နေထိုင်ခွင့် ပေးလေသည်။
ထိုနောက် ယုဒသန်သည် ရန်ကုန်မြို့သို့ စုန်ဆင်းခဲ့သည်။ ၁၈၂၃ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် အန် ဟေဇယ်တိုင် သည် အမေရိကန်နိုင်ငံမှ ပြန်ရောက်လာသည်။ ၁၈၂၄ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွှင် ယုဒသန် ဇနီးမောင်နှံနှစ်ဦးတို့သည် အင်းဝနေပြည်တော်သို့ ရောက်ရှိပြီးလျှင် အိမ် တစ်ဆောင်ဆောက်၍ နေထိုင်ကြလေသည်။
ယုဒသန်သည် မြန်မာမှူးမတ်၊ ဆွေတော်မျိုးတော်တို့နှင့် သင့်မြတ်အောင် ပေါင်းသင်း၍ သူ၏ဇနီးက ကျောင်းတစ်ကျောင်းဖွင့်ကာ အပ်ချုပ်အတတ်နှင့် စာရေးစာဖတ်တို့ကို သင် ကြားပေးသည်။ ယုဒဿန်သည် စကြာမင်းကလေးခေါ် ညောင် ရမ်းမင်းသားထံ မပြတ်ခစားသည်။ ခဲပေါင် မြို့စား၀န်ကြီး ဦးရွှေလူ၊ မြ၀တီ မင်းကြီးဦးစနှင့်မက္ခရာမင်းသားကြီးတို့ ထံသို့လည်း ၀င်ထွက်လေသည်။
ထိုအတောအတွင်း မြန်မာအစိုးရနှင့်အင်္ဂလိပ်အစိုးရတို့သည် ရှင်မဖြူကျွန်း အရေးကြောင့် စစ်ဖြစ်ကြရာ ၁၈၂၄ ခုနှစ် မေလ တွင် အင်္ဂလိပ်တို့က ရန်ကုန်မြို့သို့ သိမ်းယူလေသည်။ ထို အချိန်တွင် နေပြည်တော်၌ နိုင်ငံခြားသားတို့အား ထိန်းသိမ်း စောင့်ကြပ်ထားရန် လိုအပ်သည့်အတိုင်း ယုဒဿန်နှင့် ဒေါက်တာပရိုက်(စ်) တို့ကို ဖမ်းဆီး၍ လက်မရွှံထောင်သို့ ပို့ထားလေသည်။ အခြား အင်္ဂလိပ်လူမျိုးများလည်း ထိုနည်း အတူ အဖမ်းခံရသည်။ ၁၈၂၅ ခုနှစ် ဇန်နဝါရီလ ၂၆ ရက် နေ့တွင် ယုဒသန်၏ဇနီး၌ သမီး ဖွားမြင်၍ မာရီယာဟု အမည် မှည့်ခေါ်သည်။
ယုဒဿန်တို့ လူစုကို ထောင်ထဲ၌ ၁၁ လ အကျဉ်းချထား ပြီးနောက် အောင်ပင်လယ်ထောင်သို့ တဖန် ပြောင်းရွှေ့ချုပ် နှောင် ထားလေသည်။ ယုဒဿန်၏ ဇနီးလည်း မိမိ၏ ခင်ပွန်း သွားရာ အရပ်သို့ လိုက်ခဲ့သည်။ ထိုနှစ် နို၀င်ဘာလတွှင် ယုဒသန်အား ထောင်မှလွှတ်ရန် အမိန့်ရောက်လာသည်။
မလွန်မြို့အနီး ညောင်ပင်ဆိပ်စခန်းတွင် အင်္ဂလိပ်နှင့်မြန်မာတို့ စစ်ပြေငြိမ်းရေးအတွက် နှစ်ဦးနှစ်ဖက် စေ့စပ်ဆွေးနွေးရာ၌ ယုဒသန် ကို စကားပြန်အဖြစ် စေလွှတ်ရန်အတွက် ဖြစ်သည်။ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် အင်း၀သို့ ပြန်ရောက် လေသည်။ ထိုနောက် ခဲပေါင်မြို့စား ၀န်ကြီး ဦးရွှေလူ၏ ကူညီချက် ဖြင့် ယုဒသန်သည် ၁၈၂၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ထောင်မှ လွတ်သည်။ ထိုအချိန်တွင် ယုဒဿန်၏ဇနီး အသည်း အသန် ဖျားနာလျက်ရှိသည်။ ၁၈၂၆ ခုနှစ်တွှင် ရန်တဘိုစာချုပ် ချုပ်ဆိုသောအခါ ယုဒသန်သည် စကားပြန်အဖြစ် ဆောင်ရွက် ကာ အင်္ဂလိပ်မှ မြန်မာသို့၊ မြန်မာမှ အင်္ဂလိပ်သို့ ပြောသမျှ စကား၊ ရေးသမျှစာတို့ကို ပြန်ဆိုပေးရလေသည်။ စစ်ပြေငြိမ်း သွားသောအခါတွင်ကား ယုဒသန်တို့သည် အောက်ပြည်သို့ သွား၍ အင်္ဂလိပ်ပိုင်နက်ဖြစ်သော ကျိုက္ကမီမြို့၌ နေထိုင်ကြ သည်။
ယုဒဿန်၏ ဇနီး အန်ဟေဇယ်တိုင်သည် ၁၈၂၆ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် ကွယ်လွန်သည်။ ထိုအချိန် တွင် ယုဒသန်သည် ဗြိတိသျှအစိုးရ ကိုယ်စားလှယ် ဂျွန်ကရော ဖတ်နှင့်အတူ အင်းဝြမို့တော်သို့ အစိုးရကိစ္စဖြင့် ရောက်ရှိနေ ခိုက်ဖြစ်၏။ ၁၈၂၇ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ယုဒဿန်၏ သမီး မာရီယာလည်း ကွယ်လွန်လေသည်။
ယုဒသန် ပြန်ဆိုခဲ့သော ဓမ္မသစ်ကျမ်း ကို ၁၈၃၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် မော်လမြိုင်မြို့ သာသနာပုံနှိပ် တိုက်၌ ပထမဦးဆုံးအကြိမ် ရိုက်နှိပ်ခဲ့သည်။ ဓမ္မေဟာင်းကျမ်း ကိုလည်း ဆက်လက် ပြန်ဆိုခဲ့ရာ ၁၈၃၅ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ပုံနှိပ်ပြီးစီးလေသည်။ ဦးစွာ၌ ယုဒသန်၏ အကြံမှာ အင်္ဂလိပ်- မြန်မာအဘိဓာန်နှင့် မြန်မာ-အင်္ဂလိပ် အဘိဓာန် နှစ်စောင်ကို တစ်အုပ်တည်း ပုံနှိပ်ချုပ်လုပ်ရန် ဖြစ်သည်။ သို့သော်လည်း ၁၈၂၀ ပြည့်နှစ်က ပြုစုခဲ့သော အဘိဓာန်မှာ မပြည့်စုံသဖြင့် ၁၈၄၂ ခုနှစ်တွင် အဘိဓာန်ကို ၁၈၄၉ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် အပြီးသတ်သည်။
ထိုနောက် မြန်မာအဘိဓာန်ကို ဆက်လက် ပြုစုနေခိုက် မကျန်း မမာ ဖြစ်လာ၏။ ထိုကြောင့် ၁၈၅၀ ပြည့်နှစ် ဧပြီလ ၈ ရက် နေ့တွင် ယုဒသန်သည် မော်လမြိုင်မြို့မှ သင်္ဘောဖြင့် ပင်လယ် ခရီး ထွက်သွားရာ ဧပြီလ ၁၂ ရက်နေ့၌ ကွယ်လွန်လေသည်။ ပင်လယ်ပြင်တွင် ရေမြုပ်သဂြို င်္ဟ်လိုက်ကြ၏။
ယုဒသန်၏ လက်ငုတ် ဖြစ်သော မြန်မာအဘိဓာန်ကို သာသနာပြု ဆရာ အီး၊ အေး၊ စတီဗင်က ဆက်လက် လုပ်ကိုင်ခဲ့ရာ ၁၈၅၂ ခုနှစ်တွင် မော်လမြိုင်မြို့ အမေရိကန် သာသနာပုံနှိပ်တိုက်၌ ပထမအကြိမ် စက်တင်ပုံနှိပ်နိုင်ခဲ့လေ သည်။ ယုဒသန်သည် အဘိဓာန်နှင့် ခရစ်ယာန်ကျမ်းများအပြင် ရွှေချိန်ခွင်စာအုပ်ကို လည်းကောင်း၊ မြန်မာအမျိုးသမီး ၀တ်ဆင်ပုံ စာတမ်းကိုလည်းကောင်း၊ ပိဋကတ်အနှစ်စု ကျမ်းကို လည်းကောင်း မြန်မာဘာသာဖြင့် ရေးခဲ့လေသည်။
ယုဒသန်သည် ပထမဇနီး အန်ဟေဇယ်တိုင် ကွှယ်လွှန် ပြီးနောက် ၁၈၃၄ ခုနှစ်တွင် မစ္စစ်ဗော့ဒမန်ဆိုသူ မုဆိုးမ တစ်ဦးနှင့် ဒုတိယအိမ်ထောင်ပြုသည်။ တဖန် ဒုတိယ ဇနီး ကွယ်လွန်ပြန်၍ ၁၈၄၆ ခုနှစ်တွင် မစ္စအမ္မလီချူးဗတ်ဆိုသူနှင့် တတိယ အိမ်ထောင်ပြုလေသည်။ ကျန်ရစ်ခဲ့သော သားသမီး များအနက် သား ဖြစ်သူ အက်ဒွပ်ဂျပ်ဆင်သည် ယုဒဿန်၏ အတ္ထုပ္ပတ္တိကို ရေးခဲ့သည်။ ယခင်က ရန်ကုန်တက္ကသိုလ်တွင် အပါအ၀င်ဖြစ်သော ဂျပ်ဆင်ကောလိပ်မှာ ယုဒသန် အထိမ်း အမှတ်ကကျောင်းပင် ဖြစ်ပေသည်။
ဆရာယုဒဿန် ၃၅နှစ်ကြာ မြန်မာပြည်ခရီးစဉ်တွင် မြန်မာ၊ကရင် ၇၀၀၀ ကကျေ်ာ နှစ်ခြင်းခံပြီး ခရစ်တော်ယုံကြည်ခြင်းနှင့် ထာ၀ရအသက်ကို ရရှိခဲ့ကြသည်။ သိက္ခာတင်ပွဲတော် ၆၃ကြိမ်ကို မစ်ရှင်ဖွဲ့ပေါင်း ၁၆၃ ခုဖြင့် လုပ်ဆောင်နိုင်ခဲ့ခြင်းဖြင့် ဒေသခံ ဓမ္မဆရာ၊လက်ထောက်ဓမ္မဆရာ များစွာ မွေးထုတ်ပေးနိုင်ခဲ့သည်။ အခြားအသင်းတော်များဖြစ်သော မက်သဒစ်၊ ပရက်ဘာတာရီယန်၊ စသည့် အသင်းတော်များနှင့် ပူးပေါင်းဆောင်းရွက်ခြင်းများ .. စသည့် ဆရာကြီးယုဒဿန်၏ ဘ၀ခရီးစဉ်၊ သူ၏ ဘ၀ဒဏ်ခံနိုင်ခြင်း၊ အထူးသဖြင့် အင်းဝနေပြည်တော်တွင် အကျဉ်းခံရခြင်း နှင့် ဧဝံဂေလိခရီးစဉ် အားလုံးတို့သည် ခရစ်တော်အားဖြင့်သာ ဖြစ်ပါသည်။
ခုနှစ်အလိုက်ဆရာယုဒဿန်ဘဝြဖစ်စဉ်များ
၁၇၈၈ခုနှစ်၊ ဪဂုတ် ၉ ရက်နေ့၊အမေရိကန် မက်ဆာချူးဆက်ပြည်နယ်၊ မောဒန် မြို့တွင် မွေးဖွားခဲ့သည်။ ဖခင်သည် မြို့ငယ်လေးမှ ခရစ်ယန်သင်းအုပ်ဆရာတဦးဖြစ်သည်။
၁၈၀၄ခုနှစ်၊အသက် ၁၆နှစ် တွင်၊ဘရောင်း တက္ကသိုလ်မှ ပညာသင်ကြားခဲ့သည်။
၁၈၀၇ခုနှစ်၊အသက် ၁၉နှစ်တွင်၊ ဘီအေဘွဲ့ စက်တင်ဘာ ၂ရက်နေ့တွှင် ရရှိခဲ့သည်။
၁၈၀၇ ခုနှစ်၊အသက်၁၉နှစ် တွင်၊အင်္ဂလိပ် သဒ္ဒါစာအုပ်တအုပ် နှင့် သင်္ချာစာအုပ်တအုပ် ပြုစုပြီးစီးခဲ့သည်။ တက္ကသိုလ် လောကီပညာ သင်ကြားအောင်မြင်ခဲ့ပြီး ဘုရားသခင်ကို သံသယဖြစ်ခဲ့သည်။ မိသားစုနှင့် ဆန့်ကျင်ပြီး နယူးယောက် မြို့ကြီးသို့ ဘဝအောင်မြင်ရေးခရီးထွက်ခဲ့ဘူးသည်။
၁၈၀၈ ခုနှစ်၊အသက်၂၀နှစ်တွင်၊ ခရီးသွားရင်း မြို့ငယ်လေးတည်းခိုခန်းတခန်းမှ ညည်းညူသေဆုံးသွားသူ လူငယ်တစ်ဦးသည် တက္ကသိုလ်တက်စဉ်က ပညာတော်သူ မိမိသူငယ်ချင်း ဘာသာမဲ့တစ်ဦးဖြစ်သည်ကို အံ့ဪဘွယ် ကြုံခဲ့ရပြီး၊ မိမိ မိသားစုထံ ပြန်လာခဲ့သည်။ ကျမ်းစာသင်တန်း Andover Seminary တွင်ဆက်လက်တက်ခဲ့သည်။
၁၈၀၉ခုနှစ်၊အသက် ၂၁နှစ်တွင်၊ Plymouth အသင်းတော်တွင် ပါ၀င်ပြီး ဧဝံဂေလိခရီးစဉ်အတွက် အသင်းတော်များနှင့် ညှိနှိုင်း လုပ်ဆောင်နိုင်ခဲ့သည်။ အသင်းတော်များမှာ လူငယ်များမစ်ရှင်လုပ်ငန်းအတွက် နှစ်နှင့်ခချီပြီးဆွေးနွေးတိုင်ပင်၊ ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့သည်။
၁၈၁၁ခုနှစ်၊အသက် ၂၃နှစ်တတွင်၊လန်ဒန်မြို့သို့ သင်္ဘောစီးပြီး လန်ဒန်မစ်ရှင်အဖွဲ့ နှင့် ထောက်ပံမှုရရေးအတွက် ညှိနှိုင်းခဲ့သည်။
၁၈၁၂ ခုနှစ်၊အသက်၂၄နှစ်တွင်၊ အန်းနှင့် လက်ထပ်သည်။ သိက္ခာတော်ရဘုန်းတော်ကြီးအဖြစ် ဘိသိတ်ပေးခံရသည်။ ဘော့စတွန်မြို့မှာ သင်္ဘောဖြင့် အိန္ဒိယပြည်၊ ကာလကတ္တားမြို့ အမေရိကန်နှစ်ခြင်းအသင်းတော်သို့ ရောက်ရှိသည်။
၁၈၁၃ခုနှစ်အသက် ၂၅နှစ်တွင် ၊ရန်ကုန်မြိုသို့ ဇူလိုင် ၁၃ ရက်နေ့တွင် ရောက်ရှိသည်။
၁၈၁၆ ခုနှစ်၊အသက်၂၈နှစ်တွင်၊ မြန်မာစကား၊စာပေ ကို ၆လခန့်အပြင်းအထန် ဟိန္နူ လူမျိုးတစ်ဦးထံမှသင်ယူသည်။ ၃နှစ်ခန့်အကြာ မြန်မာစကား၊ စာပေကို မြန်မာပညာရှင် တဦးကဲ့သို့ တတ်မြောက်ခဲ့သည်။ မြန်မာ – အင်္ဂလိပ် အဘိဓာန်၊ ပါဠိ – မြန်မာ အဘိဓာန်ကို စတင်ပြုစုရင်း မြန်မာကျမ်းစာအုပ် ရှင်မဿဲခရစ်၀င် ကို ဟေလသ (ဂရိ) ဘာသာမှ ဘာသာပြန်ဆို ပြီးစီးခဲ့သည်။
၁၈၁၉ခုနှစ်၊အသက် ၃၁နှစ် ၊လူထုတရားပွဲများ ရွှေတိဂုံဘုရားအနီး ဇရပ်တွင် စတင်လုပ်ဆောင်ခဲ့သည်။ မောင်နောသည် ပထမဆုံးသော နှစ်ခြင်းခံယူသည့် မြန်မာလူမျိုးဖြစ်သည်။ ထို့နောက် မောင်သာလှ၊ မောင်ဗြေ တို့နှစ်ခြင်းခံခဲ့သည်။ မြန်မာဘုရင် ဘကြီးတော် မင်းတရားထံသွားရောက်ပြီး ရွှေမြန်မာ ကျမ်းစာအုပ်လက်ဆောင်ပေးအပ်ရင်းသာသနာပြုခွင့်တောင်းဆိုခဲ့ရာ ငြင်းပယ်ခံရသည်။
၁၈၂၀ခုနှစ်၊အသက် ၃၂နှစ်တွင်၊သာသနာပြုခြင်းမျာ နှေးကွေးသွားခဲ့သည်။ နှစ်ခြင်းခံသူ ၁၀ဦးခန့်ဖြင့် အသင်းတော်ငယ် စတင်ခဲ့သည်။ ကာလကတ္တားမြို့သို့ ဇနီးသည် ဆေးကုရင်း မြန်မာပြည်မှထွက်ခွာခဲ့သည်။ နှစ်လအကြာ ပြန်လာခဲသည်။ မြန်မာပညာတတ် မောင်ရွှေဂုံး နှင့် ကြွှယ်၀ချမ်းသာသော မိတ်ဆွေ၂ဦးတို့ နှစ်ခြင်း ခံခဲ့သည်။ မောင်ရွှေဂုံးသည် မြန်မာကျမ်းစာဘာသာပြန်လုပ်ငန်းကို အထူးကူညီသူဖြစ်သည်။
၁၈၂၃ ခုနှစ်၊အသက်၃၅နှစ်တွင် ဓမ္မသစ် မြန်မာကျမ်းစာအုပ်ဘာသာပြန်ခြင်း ပြီးစီးခဲ့သည်။
၁၈၂၄ ခုနှစ်၊အသက်၃၆နှစ်တတွင်၊အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲဖြစ်ခဲ့ပြီး အင်္ဂလိပ်များ အအောက်မြန်မာပြည်ကို သိမ်းယူခဲ့သည်။ ဆရာယုဒဿန်မောင်နှံကို မြန်မာဘုရင် ဘကြီးတော်မင်းတရားက အင်းဝနေပြည်တော်သို့ သူလျှိုအဖြစ် စွတ်စွဲကာ ဖမ်းဆီးခေါ်ဆောင်သွားသည်။
၁၈၂၆ခုနှစ်၊အသက်၃၈နှစ်တွင်၊သမီး မေရီအဲလစ်စဘက် မွေးဖွားပြီး၊ ရန်ကုန်သို့ပြန်လည်ရောက်ရှိသည်။ ရန်ကုန်အသင်းတော်မှာ ပျက်စီးသွားခဲ့ပြီး၊ မော်လမြိုင်မြို့သို့ ပြောင်းရွေ့နေထိုင်ရင်း အသင်းတော်ထူထောင်သည်။ ကျမ်းစာ ဘာသာပြန် ဆက်လုပ်သည်။
(၁၈၂၆)တွင်ပထမဇနီးသည် ကွယ်လွန်သည် ။
(၁၈၂၇)တွင်ဖခင်ဖြစ်သူ ကွယ်လွန်သည်။
၁၈၃၄ ခုနှစ်၊အသက်၄၆နှစ် တွင်ဒုတိယဇနီးသည် မစ္စစ် ဗော့ဒမန် နှင့် အိမ်ထောင်ပြုသည်။
၁၈၃၅ ခုနှစ်၊ဒီဇင်ဘာ၂၉၊အသက်၄၇နှစ် တွင်ဓမ္မဟောင်းကျမ်းစာ မြန်မာဘာသာပြန်မှု ပြီးဆုံးသည်။
၁၈၃၅ ခုနှစ်၊အသက်၄၇နှစ်တွင်၊အမေရိကားသို့ သင်္ဘောဖြင့်ပြန်ရာလမ်းတွင် ဇနီးသည် ကွယ်လွန်သည်။
(၁၈၃၅)ခုနှစ် ဘော့စတွန်မြို့သို့ အောက်တိုဘာ ၁၅ တွင် ရောက်ရှိသည်။ အမေရိကန် အသင်းတော် များတွင် အမေရိကန် စကားဖြင့် မြန်မာသာသနာပြု ခရီးစဉ်ကို တင်ပြ၊ ပြောကြားခဲ့သည်။
၁၈၄၅ ခုနှစ်၊အသက်၅၇နှစ် တွင်၊မစ္စအမ္မလီချူးဗက် နှင့် အိမ်ထောင်ပြုသည်။
၁၈၄၆ခုနှစ် ဇူလိုင်၁၁တွင် မြန်မာပြည်သို့ ပြန်လာကြသည်။
၁၈၄၆ခုမှစ်၊အသက် ၅၈နှစ် တွင်၊အင်္ဂလိပ်-မြန်မာ အဘိဓါန် ပြီးစီးခဲ့သည်။
၁၈၅၀ခုနှစ်၊ဧပြီ၁၂၊အသက် ၆၂နှစ်တွင်၊ ဆေးကုသရန် အမေရိကားသို့ ပြန်ရာ သင်္ဘောပေါ်တွင် ကွယ်လွန်သည်။
……………………………………………
မှတ်ချက်။ ။အထက်ပါအကြောင်းအရာများမှမှားယွင်းမှုတစုံတရာရှိခဲ့လျှင်စာရေးသူ၏အားနည်းမှုသာဖြစ်ပါသည်။ဤစာအားဖြင့်ဆရာကြီးယုဒဿန်နေ့အားဂုဏ်ပြုတင်ပြလိုက်ရပါသည်။
ကိုးကား
1.စာရေးဆရာတင်နိုင်တိုးရေးသည့် ဆရာယုဒသန်စာအုပ်၂၀၁၁။
2.မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)။
3.Wikipediaမှစာများ
Ye Ming(ပတ္တမြားမြေ)