ဣသရေလအမျိုး(၁၂)မျိုး
၁။ရုဗင်(Reuben)
ယာကုပ်သားကြီး၊လေအာကမွေးတာ။
(ကမ္ဘာဦးကျမ်း ၂၉:၃၂လေအာသည်ပဋိသန္ဓေယူသဖြင့်၊ သားကိုဖွားမြင်၍ ရုဗင်အမည်ဖြင့် မှည့်လေ၏။ အကြောင်းမူကား၊ ထာဝရဘုရားသည် ငါ၏ဆင်းရဲခံခြင်းကို အမှန် ကြည့်မြင်တော်မူပြီ။ သို့ဖြစ်၍ ယခုငါ့လင်သည် ငါ့ကိုချစ်လိမ့်မည်ဟု ဆိုသတည်း။)
၂။ရှိမောင်(Simeon)
ယာကုပ်ဒုတိယသား၊လေအာကမွေးတာ။
(ကမ္ဘာဦးကျမ်း ၂၉:၃၃တစ်ဖန်ပဋိသန္ဓေယူပြန်၍ သားကိုဖွားမြင်သော်၊ ငါသည်အမုန်းခံရကြောင်းကို ထာဝရဘုရား ကြားသောကြောင့်၊ ဤသားကိုလည်း ပေးသနားတော်မူပြီဟုဆိုပြီးလျှင်၊ ထိုသားကို ရှိမောင်အမည်ဖြင့်မှည့်လေ၏။)
၃။လဝေိ(Levi)
ယာကုပ်တတိယသား၊လေအာကမွေးတာ။
လေဝိအမျိုးဆိုတာဘုရားသခင်ကနေဣသရေလ၁၂မျိုးထဲကတခါရွေးကောက်ပြီးယဇ်ပရောဟိတ်နေရာမှာခန့်ထားခြင်းခံရသူတွေဖြစ်တယ်၊တနည်းအားဖြင့်ဝတ်ပြုရေးရာအဝဝကိုလုပ်ဆောင်ပေးတဲ့သူတွေဖြစ်တယ်။ဒီလူမျိုးကိုအခြား၁၁မျိုးကဆယ်ဘို့တစ်ဘို့နဲ့ကြွေးမွေးရတယ်။ဣသရေလလူမျိုးတွေကိုအဲဂုတ္ထုပြည်ကနေခေါ်ထွက်လာတဲ့မောရှေ၊အာရုန်နဲ့မိရိအံတွေကလည်းလေဝိအမျိုးထဲကပါဘဲ။
(ကမ္ဘာဦးကျမ်း ၂၉:၃၄တစ်ဖန်ပဋိသန္ဓေယူပြန်၍ သားကိုဖွားမြင်သော်၊ ငါ့လင်အား သားသုံးယောက်ကို ငါဖွားမြင်သောကြောင့်၊ ယခုတစ်ခါသူသည် ငါနှင့်ပေါင်းဖော်လိမ့်မည်ဟုဆို၍၊ ထိုသားကို လေဝိအမည်ဖြင့်မှည့်လေ၏။)
၄။ယုဒ(Judah)
ယာကုပ် နံပတ်၄သား၊လေအာကမွေးတာ။
ယုဒလူမျိုးတွေအလုပ်ကတရားသူကြီးတွေ၊ဆွေတော်စဉ်မျိုးတော်ဆက်အရသခင်ယေရှုခရစ်ကလဲလူ့ဇာတိအားဖြင့်ယုဒအမျိုးကနေမွေးဖွားလာတာဖြစ်တယ်။
(ကမ္ဘာဦးကျမ်း ၂၉:၃၅တစ်ဖန်ပဋိသန္ဓေယူပြန်၍ သားကိုဖွားမြင်သော်၊ ထာဝရဘုရားကို ယခုငါချီးမွမ်းမည်ဟု ဆိုသည်ဖြစ်၍၊ ထိုသားကို ယုဒအမည်ဖြင့် မှည့်လေ၏။ ထိုနောက်၊ သားပြတ်၍မဖွားဘဲနေ၏။)
၅။ဒန်(Dan)
ယာကုပ် နံပတ်၅သား၊ရာခေလ၏ကျွန်မ ဗိလဟာကမွေးတာ။
(ကမ္ဘာဦးကျမ်း ၃၀:၆ရာခေလက၊ ဘုရားသခင်သည် ငါ့ဘက်၌တရားစီရင်တော်မူပြီ။ ငါ့စကားကိုကြား၍ သားကိုပေးသနားတော်မူပြီဟု ဆိုသည်နှင့်အညီ၊ ထိုသားကို ဒန်အမည်ဖြင့်မှည့်လေ၏။)
၆။နဿလိ(Naphtali)
ယာကုပ်နံပတ်၆သား၊ရာခေလ၏ကျွန်မ ဗိလဟာကမွေးတာ။
(ကမ္ဘာဦးကျမ်း ၃၀:၈ရာခေလက၊ ငါသည် ငါ့အစ်မနှင့်ကျပ်ကျပ်လုံးထွေး၍ နိုင်ခဲ့ပြီဟုဆို၍၊ ထိုသားကို နဿလိအမည်ဖြင့်မှည့်လေ၏။)
၇။ဂဒ်(Gad)
ယာကုပ်ရဲ့နံပတ်၇သား၊လေအာ၏ကျွန်မဇိလပကမွေးတာ။
(ကမ္ဘာဦးကျမ်း ၃၀:၁၀-၁၁လေအာ၏ကျွန်မဇိလပသည်လည်း ယာကုပ်အား သားကိုဖွားမြင်သည်ရှိသော်၊လေအာက၊ ကောင်းကျိုးလာသည်ဟုဆို၍၊ ထိုသားကို ဂဒ်အမည်ဖြင့် မှည့်လေ၏။)
၈။အာရှာ(Asher)
ယာကုပ်ရဲ့နံပတ်၈သား၊လေအာ၏ကျွန်မဇိလပကမွေးတာ။
(ကမ္ဘာဦးကျမ်း ၃၀:၁၃လေအာက၊ ငါ၌မင်္ဂလာရှိ၏။ လူသမီးတို့သည် ငါ့ကိုမင်္ဂလာရှိသောသူဟူ၍ခေါ်ကြလိမ့်မည်ဟု ဆိုသဖြင့်၊ ထိုသားကို အာရှာအမည်ဖြင့်မှည့်လေ၏။)
၉။ဣသခါ(Issachar)
ယာကုပ်ရဲ့ နံပတ်၉သား၊လေအာကမွေးတာ။
(ကမ္ဘာဦးကျမ်း ၃၀:၁၈ငါ့ကျွန်မကို ငါ့လင်အားပေးသောကြောင့်၊ ဘုရားသခင်သည် ငါ့အားအခကို ပေးတော်မူပြီဟုဆို၍၊ ထိုသားကို ဣသခါအမည်ဖြင့်မှည့်လေ၏။)
၁၀။ဇာဗုလုန်(Zebulun)
ယာကုပ်ရဲ့ နံပတ်၁၀သား၊လေအာကမွေးတာ။
(ကမ္ဘာဦးကျမ်း ၃၀:၂၀ဘုရားသခင်သည် ကောင်းသောလက်ဖွဲ့ကို ပေးသနားတော်မူပြီ။ ငါ့လင်အား သားခြောက်ယောက်ကို ဖွားမြင်သောကြောင့်၊ ယခုငါနှင့် အမြဲနေလိမ့်မည်ဟုဆို၍၊ ထိုသားကို ဇာဗုလုန်အမည်ဖြင့် မှည့်လေ၏။)
၁၁။ယောသပ်(Joseph)ရဲ့သားနှစ်ယောက်
ဧဖရိမ်(Ephraim)နှင့် မနာရှေ(Manasseh)။
ယောသပ်ဟာယာကုပ်ရဲ့၁၁ယောက်မြောက်သားပါ။ရာခေလကနေမွေးတာပေါ့။သူဟာဣသရေလ၁၂မျိုးထဲကတမျိုးအပါအဝင်ဆိုပေမဲ့အဖေဖြစ်သူယာကုပ်မှမြေးဖြစ်တဲ့ဧဖရိမ်နဲ့မနာရှေကိုလက်တင်ဆုတောင်းပေးလိုက်တဲ့အတွက်၊အဲဒီခေတ်ကာလအရယာကုပ်ဟာသူ့မြေးနှစ်ယောက်ကိုမွေးစားရာရောက်ပါတယ်။ထို့ကြောင့်သမ္မာဟောင်းကျမ်းမှာယောသပ်အမျိုးကိုတင်ပြတိုင်းသူ့သားနှစ်ယောက်တစ်ယောက်တဝက်စီပါဝင်နေပါတယ်။
ဆိုတော့၊
ယောသပ်သားနှစ်ယောက်ကိုမှဣသရေလ၁၂မျိုးထဲကတမျိုးလို့သာမှတ်ပါတယ်။
ဒီနေရာမှာသတိထားရမှာကဧဖရိမ်ဟာယောသပ်ရဲ့ဒုတိယသားဖြစ်ပေမဲ့ယာကုပ်ကနေသူ့မြေးနှစ်ယောက်ကိုလက်တင်ပေးတဲ့အခါအငယ်ကိုအကြီးနေရာပေးထားခြင်းဖြစ်သောကြောင့်ကျမ်းစာမှာဖော်ပြတိုင်းအငယ်ကိုရှေ့တမ်းတင်ဖော်ပြထားခြင်းဖြစ်ပါတယ်။
၁၂။ဗင်္ယာမိန်(Benjamin)
ယာကုပ်ရဲ့ နံပတ်၁၂သား၊ရာခေလကမွေးတာ။
တမန်တော်ရှင်ပေါလုဆိုတာဒီအမျိုးထဲကပါဘဲ။
(ကမ္ဘာဦးကျမ်း ၃၅:၁၈ရာခေလသည်သေအံ့ဆဲဆဲရှိ၍၊ နံဝိညာဉ်ထွက်စဉ်အခါ၊ ထိုသားကို ဗေနောနိအမည်ဖြင့်မှည့်လေ၏။ အဘမူကား ဗင်္ယာမိန်အမည်ဖြင့်မှည့်သတည်း။)