• 周五. 5 月 22nd, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

အမျိုးသမီးသင်းအုပ်ဆိုင်ရာမေးခွန်း(၆)ခုဖြေရှင်းခြင်း

ဆရာရဲမင်း

5 月 16, 2025

အမျိုးသမီးသင်းအုပ်ဆိုင်ရာမေးခွန်း(၆)ခုဖြေရှင်းခြင်း

၁။ဓမ္မဟောင်းမှာမိန်းမတွေယဇ်ပူဇော်ခြင်းနဲ့ယဇ်ပရောဟိတ်လုပ်တာရှိလို့လားတဲ့?
ကျမ်းဟောင်းစံချိန်ထားပြောရင် မိန်းမတွေယောကျားဝတ်ပြုတဲ့နေရာတောင်ဝင်ခွင့်မရတာသတိပြုကြပါဗျာ။အဲလိုခံယူရင်ယနေ့အမျိုးသမီး‌တွေပလ္လင်ပေါ်တက်ဖို့မ‌ပြောနဲ့အုံး၊ဘုရားကျောင်းထဲဝင်လာခွင့်တောင်ရကြတော့မှာမဟုတ်ပါဘူး။စဉ်းစားပြီးလည်းပြောကြပါ။

၂။တချို့က (၁တိ၃:၂)အရ သင်းအုပ်ဟာမယားတစ်ယောက်တည်းရှိသောသူဖြစ်ရမယ်ဆိုတာယူပြီးသင်းအုပ်ဟာယောကျာ်းလေးကိုသာရည်ညွန်းလို့မိန်းမတွေသင်းအုပ်မလုပ်ရဘူးလိူ့ခံယူကြပြန်တယ်။
သတိထားရမှာကဒီကျမ်းချက်ဟာကျား/မ ခွဲခြားပြီးပြောနေတာမဟုတ်ကြောင်းပါ။ဒီကျမ်းချက်ဟာနာမည်ကောင်းပုံသက်သေရှိခြင်းကိုသာရည်ညွန်းထားတာဖြစ်ပါတယ်။အကယ်၍ဒီကျမ်းချက်ယူပြီး ယောကျား တွေသာသင်းအုပ်လုပ်ရမယ်လို့ခံယူရင်တစ်ဖက်မှာအိမ်ထောင်ရှိသူမှသင်းအုပ်လုပ်ရမယ်ဆိုတဲ့သဘောလည်းသက်ရောက်နေပါပြီ။စဉ်းစားကြည့်ပါ-ရှင်ပေါလုကသင်းအုပ်လုပ်ခဲ့ကြောင်းသင်လက်ခံလား?လက်ခံတယ်ဆိုတာရင်ရှင်ပေါလုမှာအိမ်ထောင်ရှိခဲ့လား?အထက်ပါကျမ်းချက်အရဆိုရင်ရှင်ပေါလုမှာမိန်းမတစ်ယောက်တည်းတောင်မရှိခဲ့သူမို့သင်းအုပ်မလုပ်ရတော့ဘူးလား?မဟုတ်ရပါ။ဒါကိုကြည်ခြင်းအားဖြင့်အထက်ပါ(၁တိ၃:၂)ကျမ်းချက်ဟာ မိန်းမရှိတဲ့ ယောကျာ်းတွေကိုသာကန့်သတ်ရည်ညွန်း နေတာမဟုတ်သလို၊အိမ်ထောင်ရှိသူကိုသာရည်ညွန်းနေတာမဟုတ်ကြောင်းနားလည်ရပါမယ်။နောက်တခုကကျမ်းစာမှာ”ညီအကိုတို့”ဆိုပြီးပြောထားတဲ့စကားတွေအားလုံးကညီအမ(အမျိုးသမီး)တွေကိုပြောနေတာမဟုတ်ဘူးလို့ခံယူရမလား?မဟုတ်ရပါ။ဒါတွေကကျား/မခွဲပြီးပြောနေတာမဟုတ်ကြောင်းနားလည်ရပါမယ်။

၃။အမျိုးသမီးသင်းအုပ်က(၁၉)ရာစုမှထွန်းကားလာတာမို့ကျမ်းစာနဲ့မညီဘူးလာပြသူတချို့ရှိနေပါတယ်။
၁၉ရာစုမှစလာတာမှန်တယ်ဗျ၊ဒါပေမဲ့ နောက်မှထွန်းကားလာတိုင်းမမှန်ဘူး‌ ပြောလို့ပြောမရပါ။ဥပမာ ကျမ်းဟောင်း ခေတ်အရဆိုရင်အမျိုးသမီးတွေဗိမာန်တော်ထဲဝင်ခွင့်တောင်မရခဲ့ကြပါဘူး၊ယေရှုခေတ်မှာတောင်(ခေတ်ကာလနောက်ခံကြောင့်)အမျိုးသမီးတွေနေဖို့အပြင်ဖက်မှာသာနေရာရတာပါ၊အမျိုးသားဝတ်ပြုတဲ့နေရာထိဝင်ခွင့်မရခဲ့ကြပါဘူး။ နောက်ပိုင်းအသင်းတော်ခေတ်မှဖြည်းဖြည်းချင်းလက်ခံလာကြပြီး၊ခုဆိုကျား/မ တန်းတူအသင်းတော်မှာဝတ်ပြုခွင့်ရလာကြတာပါ။ကျမ်းစာရဲ့‌‌ ခေတ်ကာလနောက်ကြောင်းနဲ့ ပြောင်းလဲနေတဲ့မျက်‌မှောက်‌ခေတ်ကာလကိုသေချာမလေ့လာဘဲခံယူရင်ယနေ့အသင်းတော်မှာလဲအမျိုးသမီးတွေပလ္လင်ပေါ်တက်(သဘာပတိ-ဆုတောင်း-ကျမ်းစာဖက်-ဆန်းဒေးစကူးသင်)ဖို့မပြောနဲ့အုံး-အမျိုးသားတွေဝတ်ပြုနေတဲ့နေရာအထိလာခွင့်တောင်ရမှာမဟုတ်တော့ပါဘူးဗျာ။ကျမ်းစာအတိုင်းဆိုတိုင်းလဲခေတ်ကာလအခြေ‌အနေကိုခြုံငုံရသေးတယ်ကွယ်။အမြဲမပြောင်းလဲတဲ့သမ္မာတရားဆိုတာရှိသလို၊တချို့ကျင့်သုံးခြင်းထုံးတမ်းတွေက ခေတ်ကာလအရပြောင်းလဲလာနေရနေတာ ကျမ်းစာထဲကခေတ်အဆက်ဆက်ကျင့်သုံးမှုတွေကိုနိုင်းယှဉ်သတိပြုကြည့်ပါ။မြင်လာပါမယ်။

၄။ယေရှုခရစ်ရွေးကောက်တဲ့တမန်တော်(၁၂)ပါးထဲမိန်းမတွေမပါခဲ့သလို၊နောက်ပိုင်းစေလွတ်လိုက်တဲ့တပည့်တော်(၇၀)ယောက်ထဲမှာမိန်းကလေးတွေမပါခဲ့ဘူးဆိုပြီးယနေ့ဆရာတချို့ကအမျိုးသမီးတွေတရားမဟောရဘူးဘာညာတားမြစ်ကြပြန်ပါတယ်။
သတိထားရမှာကအဲဒီခေတ်ကာလရဲ့နောက်ခံကိုပါ။ယေရှုခရစ်တော်အသက်ရှင်ခဲ့တဲ့ခေတ်ကာလမှာအမျိုးသားထုဝါဒီစိုးမိုးပြီးအမျိုးသမီးအခွင့်အရေးမရှိတဲ့ကာလဖြစ်ပါတယ်။အကယ်၍အဲလိုကာလမှာအမျိုးသမီးကိုစေလွတ်ရင်ဘယ်သူကမှသူတို့‌ ဟောတဲ့တရားကိုနားထောင်ချင်ကြမှာမဟုတ်ပါဘူး။ဒါကြောင့်ယေရှုခရစ်ရွေးကောက်ခဲ့တာကိုကြည့်ပြီးယေရှုကအမျိုးသမီးကိုမစေလွတ်ဘူးပြောမရပါ။ ခေတ်ကာလကိုသတိထားလေ့လာကြည့်ပါနားလည်လာပါမယ်။နောက်တခုက
ယေရှုခရစ်ရှင်ပြန်ထမြောက်သွားပြီးနောက်ပထမဆုံးသတင်းကောင်းကိုဝေငှဖို့စေလွတ်ခံခဲ့ရသူဟာအမျိုးသားတွေမဟုတ်ဘဲအမျိုးသမီးဖြစ်နေတာသတိပြုပါ။ဒါကယောကျားတွေကိုဧဝံဂေလိ(သတင်းကောင်း)ဟောခဲ့တဲ့အမျိုးသမီးဆိုတာသတိပြုပါ။

၅။ကျမ်းစာထဲကသင်းအုပ်နဲ့ပက်သက်တဲ့အခေါ်အဝေါ်(Pastor/Minister/Teaching/Elder)အားလုံးဟာ‌ယောကျာ်းတွေကိုသာသုံးထားတာမို့မိန်းမတွေ သင်းအုပ်လုပ်ရင် (ဒေါ်)အစား (ဦး)ဆိုပြီးဖြစ်သွားမယ်၊ဒါကြောင့်အမျိုးသမီးသင်းအုပ်ဆိုတာကျမ်းစာထဲမရှိဘူး?
ဖြေ-သတိထားပါ၊အဲလိုခံယူမယ်ဆိုရင်ကျမ်းစာထဲက”ညီအကိုတို့”လို့ပြောထားတဲ့နေရာတိုင်းလည်းအမျိုးသမီးတွေကိုပြောနေတာမဟုတ်တော့ဘူးလို့သက်ရောက်သွားပါလိမ့်မယ်။

၆။ကျမ်းစာမှာအမျိူးသမီးသင်းအုပ်ဆိုတာရှိလို့လားတဲ့?
ကျမ်းစာထဲမှာအမျိုးသမီးသင်းအုပ်ဆိုတာမရှိသလို-အမျိုးသမီးသင်းအုပ်မလုပ်ရဘူးဆိုတဲ့ကျမ်းချက်လဲမရှိဘူးဗျ။ကျမ်းစာခေတ်ကာလကဖိုဝါဒကြီးစိုးတဲ့‌ခေတ်မို့မိန်းမသင်းအုပ်မရှိခဲ့ကြတာဖြစ်ပါတယ်။အဲဒီခေတ်ကာလမှာ မိန်းမသင်းအုပ်မ‌ပြောနဲ့အုံး၊တနင်္ဂ‌နွေဝတ်ပြုစည်းဝေးမှာမိန်းမတွေပလ္လင်ပေါ်ဆက်ကပ်ခွင့်တောင်မရှိခဲ့ကြပါဘူး။အကယ်လို့အဲလိုခံယူရင်ယနေ့အမျိုးသမီး တွေအသင်းတော်ပလ္လင်ပေါ်ဆက်ကပ်ဖို့(ကျမ်းစာဖတ်/ဆုတောင်း/အပြန်အလှန်ဖတ်/ကြေငြာ/ချီးမွမ်း/သက်သေခံ/စသဖြင့်ယနေ့ဝတ်ပြုပလ္လင်မှာအမျိုးသမီးတာဝန်ယူနေတဲ့အရာအကုန်)ဆန့်ကျင်ရပါလိမ့်မယ်။တန်ပြန်အနေနဲ့‌ရှင်ပေါလုခေတ်မှာကျွန်ဝါဒကြီးစိုးတဲ့ခေတ်မို့(ရှင်ပေါလုကကျွန်စနစ်ကိုမဆန့်ကျင်ဘဲခေတ်ကာလအရထောက်ခံခဲ့လို့)ယနေ့ခေတ်မှာလဲကျွန်စနစ်အသက်ပြန်သွင်းရမလား?ချင့်ချိန်ပြီးပြောကြပါဗျာ။

နိဂုံးချုပ်အနေနဲ့ကျနော်ခံယူချက်ကိုပြန်ပြောပါမယ်။
သင်းအုပ်ဆိုတာအိမ်ထောင်တခုရဲ့ဦးခေါင်းတာဝန်လိုဖြစ်တာမို့ဘုရားသခင်ကအမျိုးသားကိုအဓိကထမ်းရွက်စေတာမှန်ပါတယ်။ဒါပေမဲ့ချွင်းချက်အနေနဲ့အမျိုးသမီးကိုလည်းခေါင်းဆောင်နေရာမှာဘုရားအသုံးပြုနိုင်တယ်လို့လက်ခံရပါမယ်။အောက်မှာကျွန်တော်ရေးခဲ့တဲ့စာတချို့ချပြထားပါတယ်၊ဝင်ဖက်ကြည့်ပါ။ပို့စ်တချို့ရဲ့ကောမန့်မှာလည်းလက်မခံတဲ့ဆရာတချို့နဲ့‌ ဆွေးနွေးထားတာဝင်လေ့လာနိုင်ပါတယ်။ဝိညာဉ်တော်အလင်းပေးပါစေ။အာမင်။

အမျိုးသမီးတွေတရားမဟောရဘူးလားနဲ့ပတ်သတ်ပြီးဖြေရှင်းချက်ဖတ်ရန်
https://www.facebook.com/100001226263944/posts/7330731503644319/

ဓမ္မပညာလောကရဲ့အမျိုးသမီးသင်းအုပ်ဆိုင်ရာပြိုင်အားနှစ်ခု
https://m.facebook.com/story.php?story_fbid=7337248629659273&id=100001226263944&mibextid=Nif5oz

အမျိုးသမီးသင်းအုပ်ကိစ္စကျနော်အမြင်ဖတ်ရန်နှိပ်ပါ
https://m.facebook.com/story.php?story_fbid=7327709153946554&id=100001226263944&mibextid=Nif5oz

တာဝန်နှင့်အဆင့်အတန်း ဖတ်ရန်နှိပ်ပါ။
https://m.facebook.com/story.php?story_fbid=2530898090294375&id=100001226263944&mibextid=Nif5oz