ယုံကြည်သူဖြစ်ပြီး
၁။ယုံကြည်သူဖြစ်ပြီးဆုမတောင်းရင်
ရှူဖို့အောက်စီဂျင်ပျက်နေသလိုပါ။
၂။ဆုတော့တောင်းပြီးအပြစ်မဝန်ချခဲ့ရင်
ခေါင်းပေါ်အလေးကြီးထပ်ခါတင်သလိုပါ။
၃။အပြစ်တော့ဝန်ချပြီးလက်တွေ့မပြောင်းလဲရင်
ခရစ်တော်ကိုကားတိုင်မှာထပ်ခါရိုက်ထားသလိုပါ။
၄။ယုံကြည်သူဖြစ်ပြီးဝတ်ပြုစည်းဝေးမပါရင်
ဝိညာဉ်ရေးမှာလမ်းမှားတဲ့သားမိုက်ပမာပါ။
၅။ယုံကြည်သူဖြစ်ပြီးသမ္မာကျမ်းစာမဖတ်ရင်
အလိုတော်ဆိုတာဘာမှန်းမသိရပါ။
၆။ယုံကြည်သူဖြစ်ပြီးသောက်စားမူးယစ်နေရင်
သာသနာပလူတွေနဲ့ထူးမခြားနားပါ။
၇။ယုံကြည်သူဖြစ်ပြီးမိသားစုကိုဥပေက္ခာပြုရင်
စာတန်လက်ထဲတိုးဝင်အဖမ်းခံသလိုပါ။
၈။ယုံကြည်သူဖြစ်ပြီးရိုင်းဆိုင်းဆဲဆိုနေသေးရင်
ဇာတိပကတိကိုအပြစ်လုပ်ဖို့အခွင့်ပေးသလိုပါ။
၉။ယုံကြည်သူဖြစ်ပြီးဝတ်ပြုချိန်ဖုန်းပွတ်နေရင်
သန့်ရှင်းမြင့်မြတ်သောဘုရားကိုစော်ကားသလိုပါ။
၁၀။ယုံကြည်သူဖြစ်ပြီးမယုံကြည်သူထက်ဆိုးရင်
သင့်ကြောင့်ဘုရားနာမအရှုပ်ချခံနေရပြီဆိုတာသိပါတော့လေ။
May GOD Bless You
Ye Ming(ပတ္တမြားမြေ)