• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ဘုရားသားသမီးများအတွက်ခွန်အားယူရန်

ဆရာရဲမင်း

10 月 12, 2024

ဘုရားသားသမီးများအတွက်ခွန်အားယူရန်

လူ့ဘဝတလျှောက်
တချို့ကသင့်ကိုအားကျမယ်၊
တချို့ကသင့်ကိုမုန်းမယ်၊
တချို့ကသင့်ကိုမနာလိုဖြစ်မယ်၊
တချို့ကသင့်ကိုအထင်သေးမယ်။
ဒါတွေအရေးမကြီးပါဘူး၊
သင်သိထားရမှာကသင်ဟာဘုရားသားသမီး၊
သိပ်မထောင်လွားပါနဲ့၊
သိပ်လဲအားမငယ်ပါနဲ့။

လူ့ဘဝဆိုတာဒီလိုဘဲလေ
သင်လုပ်သမျှလူတိုင်းဆိုသလိုမနှစ်သက်နိုင်ဘူး၊
ကိုယ်ကျိုးတခုခုအတွက်သမ္မသတရားကိုတော့လိုသလိုမယူသုံးမိပါစေနဲ့။လူတိုင်းသူ့ခံယူချက်သူရှိကြပါတယ်။သူများပါးစပ်ထဲကသင်ဟာဘုရားအမြင်ထဲကသင်မဟုတ်ပါဘူး။

ဧဖက်ဩဝါဒစာ ၂:၁၉ထိုကြောင့်၊ သင်တို့သည် တကျွန်းတနိုင်ငံသားမဟုတ်၊ ဧည့်သည်လည်းမဟုတ်၊ သန့်ရှင်းသူတို့၏ အမျိုးသားခြင်း ဖြစ်ကြ၏။ ဘုရားသခင်အိမ်တော်သားလည်း ဖြစ်ကြ၏။

ဂလာတိဩဝါဒစာ ၁:၁၀အကြောင်းမူကား၊ ယခုတွင် ငါသည် လူတို့၏ အလိုသို့လိုက်သလော။ ဘုရားသခင်၏ အလိုတော်ကို လိုက်သလော။ လူတို့စိတ်ကို နူးညွတ်စေခြင်းငှါ ရှာကြသလော။ လူတို့စိတ်ကိုနူးညွတ်စေခြင်းငှါ ရှာကြံသေးလျှင်၊ ခရစ်တော်၏ အစေခံကျွန်မဟုတ်ပြီ။

အားလုံးပေါ်ဘုရားရှင်ကောင်းကြီးပေးပါစေ။