ဘုရားသခင်နှစ်သက်သောအလှူ
၁။အပတ်စဉ်စုပြီးလှူသောအလှူ။
(ကောရိန်သုဩဝါဒစာ ပဌမစောင် ၁၆:၂ ငါရောက်လာသောအခါ လှူဒါန်း၍ စုထားစရာ မရှိစေခြင်းငှါ၊ ခုနစ်ရက်တွင် ပဌမနေ့ရက်၌ အသီးအသီး ကောင်းစားသည်အတိုင်း၊ မိမိတို့ဥစ္စာတဘို့ကို ထုတ်၍ စုထားကြလော့။)
၂။မဝါကြွားသောအလှူ။
(ရှင်မဿဲခရစ်ဝင် ၆:၃ သင်သည် အလှူဒါနကိုပေးသောအခါ ပေးကြောင်းကို မထင်ရှားစေခြင်းငှါ၊ လကျာ်လက်ပြုသည် အမှုကို လက်ဝဲလက်မျှမသိစေနှင့်။)
၃။အတင်းမဟုတ်ဘဲ၊စေတနာစိတ်နှင့်လှူသောအလှူ။
(ကောရိန်သုဩဝါဒစာ ဒုတိယစောင် ၉:၇ လူတိုင်း ကိုယ်အလိုအလျှောက်လှူရ၏။ နှမြောသောစိတ်နှင့် မလှူရ၊ မလှူဘဲ မနေရဟု စိတ်ထင်နှင့် မလှူရ၊ အကြောင်းမူကား၊ စေတနာစိတ်နှင့်လှူသော သူကိုသာ ဘုရားသခင်နှစ်သက်တော်မူ၏။)
၄။ရှိသမျှလှူသောအလှူ။
(ရှင်မာကုခရစ်ဝင် ၁၂:၄၄ အကြောင်းမူကား၊ ထိုသူအပေါင်းတို့သည် မိမိတို့ကြွယ်ဝသော စည်းစိမ်ထဲကနှုတ်၍သွင်းချကြ၏။ ထိုမိန်းမမူကားအလွန်ဆင်းရဲလျက်ပင်၊ မိမိအသက် မွေးစရာဥစ္စာရှိသမျှကို သွင်းချလေပြီဟုမိန့်တော်မူ၏။)
၅။တတ်နိုင်သည်ထက်လွန်သောအလှူ။
(ကောရိန်သုဩဝါဒစာ ဒုတိယစောင် ၈:၃ အကြောင်းမူကား၊ သူတို့သည်တတ်နိုင်သမျှ ထက်မက၊ အလိုအလျှောက်စွန့်ကြဲချင်သော စေတနာစိတ်ရှိကြသည်ဟု ငါသည်သက်သေခံ၏။)
၆။လူတစ်ကိုယ်လုံးပေးလိုက်သောအလှူ။
(ရောမဩဝါဒစာ ၁၂:၁ ညီအစ်ကိုတို့၊ အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင်နှစ်သက်တော်မူဘွယ်သောလက္ခဏာနှင့် ပြည့်စုံသော ယဇ်ကို သင်တို့သည် ပူဇော်၍၊ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အား ဆက်ကပ်ခြင်းတည်းဟူသော သင်တို့ပြုအပ်သော ဝတ်ကို ပြုမည်အကြောင်း၊ ဘုရားသခင်၏ ကရုဏာတော်ကို ထောက်ထား၍၊ သင်တို့ကို ငါတိုက်တွန်းနှိုးဆော်ပေ၏။)
၇။ယုံကြည်သူတိုင်းအတွက်ဓမ္မအလှူ။
(ရှင်ပေတရုဩဝါဒစာ ပဋ္ဌမစောင် ၂:၅ အသက်ကျောက်များကဲ့သို့ အဆင့်ဆင့်အထပ်ထပ် တည်ဆောက်လျက်ရှိသဖြင့် ဓမ္မတိုက်ဖြစ်ကြ၏။ ယေရှုခရစ်အားဖြင့် ဘုရားသခင်နှစ်သက်တော်မူရာ ဓမ္မယဇ်ကိုပူဇော်ရသော သန့်ရှင်းသော ယဇ်ပုရောဟိတ် မျိုးလည်းဖြစ်ကြ၏။)
လူတိုင်းဘုရားသခင်နှစ်သက်တဲ့အလှူများပေးလှူနိုင်ကြပါစေ။ဘုရားနှစ်သက်သောအလှူများဖြစ်နိုင်ကြပါစေ။