• 周三. 4 月 22nd, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ဆုတောင်းခြင်းဆိုတာ…

ဆရာရဲမင်း

10 月 12, 2024

ဆုတောင်းခြင်းဆိုတာ…

၁။ဆုတောင်းခြင်းဆိုတာ စကားအလှပြောပြိုင်ပွဲမဟုတ်၊စိတ်ထဲကရှိသည့်အတိုင်းဘုရားရှေ့ချပြဖို့ပါ။
၂။ဆုတောင်းခြင်းဆိုတာ ဘုရားမသိလို့ရှင်းပြနေခြင်းမဟုတ်၊သင်မသိသောအရာကိုအလင်းရဖို့ဖြစ်တယ်။
၃။ဆုတောင်းခြင်းဆိုတာ ဘုရားကိုဘဲနားထောင်နေခိုင်းခြင်းမဟုတ်၊ဘုရားပြောတာကိုသင်နားထောင်တတ်ဖို့ဖြစ်တယ်။
၄။ဆုတောင်းခြင်းဆိုတာ ဘုရားအလိုတော်ကိုပြောင်းပစ်ဖို့မဟုတ်၊ဘုရားအလိုတော်ကဘာလဲဆိုတာသင်သိဖို့ပါ။
၅။ဆုတောင်းခြင်းဆိုတာ ဘုရားကိုပြောင်းလဲစေခြင်းမဟုတ်၊ဘုရားကသင့်ကိုပြောင်းလဲစေဖို့ပါ။
၆။ဆုတောင်းခြင်းဆိုတာ ဘုရားကသင့်ကိုကူညီပေးဖို့ဘဲမဟုတ်၊ဘုရားအလိုတော်သိပြီးလက်တွေ့အသက်ရှင်နိုင်ဖို့ပါ။
၇။ဆုတောင်းခြင်းဆိုတာ ဝိညာဉ်အသက်ရဲ့အောက်ဆီဂျင်ရှူ ခြင်းပါဘဲ၊ထိုကြောင့်ဆုတောင်းတဲ့အသက်တာမရှိရင်ဝိညာဉ်အသက်တာသေနေသလားဆင်ခြင်ပါ။
၈။ဆုတောင်းခြင်းဆိုတာ တောင်းဘဲတောင်းနေခြင်းမဟုတ်၊ချီးမွမ်းခြင်း၊အပြစ်ဝန်ချခြင်းကအဓိကပါဝင်နေသင့်ပာတယ်။
၉။ဆုတောင်းခြင်းဆိုတာ တောင်းပြီးတာနဲ့မေ့ထားခြင်းမဟုတ်၊ဘုရားသခင်ကသင့်ဆုတောင်းခြင်းအပေါ်ဘယ်လိုနားညောင်းသလဲဆိုတာလက်တွေ့အသက်တာမှာအမြဲတမ်းလေ့လာစမ်းစစ်နေတတ်ဖို့ပါ။
၁၀။ဆုတောင်းခြင်းဆိုတာ သင်ဘယ်လောက်ကောင်းကြောင်းတင်ပြပြီးဆုပေးဖို့တောင်းနေခြင်းမဟုတ်၊ကိုယ်မကောင်းနိုင်ကြောင်းဝန်ခံပြီးယုံကြည်ခြင်းနဲ့အသနားခံနေဖို့ပါ။
၁၁။ဆုတောင်းခြင်းဆိုတာ ယေရှုနာမအားဖြင့်ဘုရားနဲ့သင့်ကြားဆက်သွယ်ပေးမဲ့တခုတည်းသောအရာဖြစ်ပါတယ်။

ရောမဩဝါဒစာ ၈:၂၆ ထိုမှတပါး၊ ငါတို့မတတ်နိုင်သောအရာမှာ ဝိညာဉ်တော်သည် မစတော်မူ၏။ ငါတို့သည်ဆုတောင်း သင့်သည်အတိုင်း အဘယ်ဆုကို တောင်းရမည်ဟုမသိကြ။ သို့ရာတွင် ငါတို့ဆုတောင်းခြင်းအမှုကို နှုတ်မမြွက်နိုင်သော ညည်းတွားခြင်းအားဖြင့် ဝိညာဉ်တော်သည် စောင့်မတော်မူ၏။

May God Bless You
Ye Ming(ပတ္တမြားမြေ)