• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ခရစ်ယာန်များဆင်ခြင်စရာ‌ပါ

ဆရာရဲမင်း

10 月 16, 2024

ခရစ်ယာန်များဆင်ခြင်စရာ‌ပါ

၁။တပတ်တခါအလှူငွေထည့်ဖို့ငွေတစ်ထောင်တန်ဟာအလွန်များနေတတ်ပြီး၊တစ်ရက်တခါဈေးသွားတဲ့အချိန်တော့တစ်ထောင်တန်ကမလောက်ပါဘူးတဲ့ဗျာ…
ဆင်ခြင်စရာပါ။

၂။တပတ်မှာနှစ်နာရီဘဲဘုရားကျောင်းထဲထိုင်ရတာငြီးငွေ့နေတတ်ပြီး၊ရုပ်ရှင်/ဂိမ်းဆိုင်/ဖုန်းဆော့/ရှော့ပင်းဆိုအချိန်ကခဏလေးဘဲထင်ရတယ်တဲ့ဗျာ…ဆင်ခြင်စရာပါ။

၃။ဆုတောင်းဖို့စကားလုံးတွေရှာရခက်နေတတ်ပြီး၊သူများအကြောင်းပြောဖို့ဆိုစကားလုံးကကြွယ်နေတတ်တယ်တဲ့ဗျာ…ဆင်ခြင်စရာပါ။

၄။ကျမ်းစာတစ်ခန်းလေးဖတ်လိုက်ရင်အိပ်ငိုက်လာတတ်ပြီး၊ဝတ္တုဖတ်လိုက်ရင်တထိုင်ထဲအပြီးဘဲတဲ့ဗျာ…ဆင်ခြင်စရာပါ။

၅။ရှိုးပွဲတွေဆိုရင်အဦးဆုံးနဲ့ရှေ့ဆုံးမှာနေရာရအောင်လုပ်တတ်ပြီး၊ဘုရားကျောင်းသွားရင်အနောက်ဆုံးတန်းနဲ့ထောင့်ဆုံးမှာဘဲထိုင်ချင်တယ်တဲ့ဗျာ…ဆင်ခြင်စရာပါ။

၆။တရားဟောတာနားထောင်ပြီးနောက်စစ်မှန်တဲ့တရားကိုတော့မေ့တတ်ပြီး၊ဟာသနဲ့အလွဲတွေကိုဘဲအသေမှတ်မိနေတတ်ကြတယ်တဲ့ဗျာ…ဆင်ခြင်စရာပါ။

၇။ကျမ်းမာချမ်းသာအောင်မြင်ခြင်းတရားတွေဟောတဲ့ဆရာကိုတော့ကြိုက်နှစ်သက်ကြပြီး၊အပြစ်ဖော်ပြတတ်တဲ့ဆရာတွေကိုတော့စိတ်ဆိုးကြတယ်တဲ့ဗျာ…ဆင်ခြင်စရာပါ။

၈။ကောင်းကင်နိုင်ငံတော့ရောက်ချင်ကြပြီး၊ဘုရားကျောင်းကိုတော့သွားရတာပျင်းနေတတ်ကြတာ…ဆင်ခြင်စရာပါ။

၉။‌မမြင်ရတဲ့ဘုရားသခင်ကိုတော့စိတ်နှလုံးအကြွင်းမဲ့ချစ်နိုင်ကြပြီး၊မြင်နေရတဲ့လူတွေကိုတော့မချစ်နိုင်ကြဘူးတဲ့…ဆင်ခြင်စရာပါ။

၁၀။ဘုရားကောင်းကြီးတော့ အဆ ၃၀-၆၀-၁၀၀အထိတောင်ရချင်ကြပြီး၊အမှုတော်အတွက်ပေးလှူပါပေးကမ်းပါဆိုရင်တော့တပြားတချပ်မှမဖဲ့နိုင်ဘူးတဲ့…ဆင်ခြင်စရာပါ။

၁၁။ကိုယ့်အပြစ်ကိုဘုရားသခင်ကခွင့်လွတ်ပေးဖို့တော့လိုချင်ကြပြီး၊သူများကိုယ့်ကိုပြစ်မှားထားတဲ့အပြစ်ကိုတော့ခွင့်မလွတ်နိုင်ကြဘူးတဲ့ဗျာ…ဆင်ခြင်စရာပါ။

၁၂။သူများရဲ့အပြစ်ကိုတော့မြင်လွယ်ကြပြီး၊ကိုယ့်အားနည်းချက်ကိုတော့မမြင်နိုင်ကြဘူးတဲ့ဗျာ…ဆင်ခြင်စရာပါ။

အတူတကွဆင်ခြင်ကြရအောင်ပါ။
ဝိညာဉ်တော်စကားပြောပါစေ။အာမင်။
မူရင်း-ဆရာရဲမင်း
https://www.facebook.com/100001226263944/posts/24057711210519752/