• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

လူနဲ့ကောင်းကင်တမန်ဘာကွာသလဲ

ဆရာရဲမင်း

10 月 3, 2024

လူနဲ့ကောင်းကင်တမန်ဘာကွာသလဲ?

၁။ကောင်းကင်တမန်မှာအတောင်ပံနှစ်ခုရှိသူနဲ့ခြောက်ခုရှိသူဆိုပြီးရှိပါတယ်၊လူမှာမရှိဘူး။တောင်ပံနှစ်ခုရှိတာကိုခေရုဗိမ်ဟူ၍လည်းကောင်း(၃ရာ ၆း၂၄)၊ တောင်ပံခြောက်ခုရှိတာကို သရပ် ဟူ၍လည်းကောင်း(ဟေရှာယ၆း၂) ကျမ်းစာကဖော်ပြပါတယ်။

၂။လူဖန်ဆင်းခံရတဲ့ချိန်ကောင်းကင်တမန်တွေအောက်အနည်းငယ်နှိမ့်ပြီးဖန်ဆင်းထားတယ်(ဆာလံ၈း၄)၊ဒါကြောင့်ဖန်ဆင်းခါစမှာလူတွေဟာကောင်းကင်တမန်အောက်အနည်းငယ်နှိမ့်ပါတယ်။

၃။ကယ်တင်ခြင်းရပြီးတဲ့လူတယောက်ဟာကောင်းကင်တမန်တွေထက်ရာထူးမြင့်သွားတယ်၊ကောင်းကင်တမန်တွေကိုစီရင်ပိုင်တဲ့အခွင့်ထိရာထူးမြင့်သွားတယ် (၁ကော၆း၃)။

၄။ကောင်းကင်တမန်တွေဟာဘုရားသခင်ရဲ့အစေခံဖြစ်သလို၊ကယ်တင်ခြင်းရပြီးဖြစ်တဲ့ဘုရားသားသမီးတွေရဲ့အစေခံလည်းဖြစ်တယ်(မဿဲ၁၈း၁၀)။

၅။ကောင်းကင်တမန်တွေဟာကယ်တင်ခြင်းအမွေခံစားရမဲ့သူတွေအတွက်ပြုစုပေးတဲ့အစေခံဖြစ်ကြတယ် (ဟေဗြဲ၁း၁၄)။

GOD Bless You
Ye Ming