• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ခရစ္စမတ်ရဲအနှစ်သာရ(၁၂)ချက်

ဆရာရဲမင်း

10 月 10, 2024

ခရစ္စမတ်ရဲအနှစ်သာရ(၁၂)ချက်

နိဒါန်း
အားလုံးဘဲMerryChristmasပါ။ခရစ္စမတ်ကိုအလွယ်ဆုံးနည်းနဲ့နားလည်ရရင်ယေရှုခရစ်တော်ဖွားမြင်ခဲ့ခြင်းကိုအောက်မေ့ဆင်နွဲကြခြင်းဖြစ်ပါတယ်။ဘာကြောင့်မွေးဖွားပြီးရှင်ပြန်ထမြောက်သွားတာနှစ်ပေါင်း၂ထောင်ကျော်သွားတဲ့သူကိုခုထိအောက်မေ့နေရသလဲဆိုတာခရစ္စမတ်ရဲ့အနှစ်သာရဖြစ်တဲ့အချက်၁၂ချက်ကိုဝေငှခွန်အား ပေးသွားပါမယ်။

၁။ယေရှုခရစ်သည်လူဇာတိမခံခင်ကတည်းကဘုရားဖြစ်သည်။ကျင့်စဉ်တခုခုကြောင့်ဘုရားအဖြစ်ပွင့်သွားတာမဟုတ်ပါ
ဟေရှာယအနာဂတ္တိကျမ်း ၉:၆ အကြောင်းမူကား၊ငါတို့အဖို့သူငယ်ကိုဖွားမြင်၏။ငါတို့အားသားကိုသနားတော်မူ၏။ထိုသူသည်အုပ်စိုးခြင်းအာဏာစက်ရှိလိမ့်မည်။ နာမတော်ကား အံ့ဩဖွယ်၊ တိုင်ပင်ဘက်၊တန်ခိုးကြီးသောဘုရားသခင်၊ထာဝရအဘ၊ငြိမ်သက်ခြင်း အရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံတော်မူလိမ့်မည်။

၂။ယေရှုခရစ်မွေးဖွားခြင်းသည်ဘုရားကလူကိုချစ်ကြောင်း၊လူသားတိုင်းယေရှုအားဖြင့်ထာဝရအသက်ရနိုင်ရန်ဖြစ်သည်။
ရှင်ယောဟန်ခရစ်ဝင် ၃:၁၆ ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့ မရောက်၊ ထာဝရ အသက်ကိုရစေခြင်းငှာ၊ဘုရားသခင်သည်မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။

၃။ယေရှုခရစ်မွေးဖွားခြင်းသည်သင့်ကိုဝဠ်ကြွေးအမျိုးမျိုးအကုသိုလ်အမျိုးမျိုးမှကယ်လွတ်ပေးရန်ဖြစ်သည်။
တိမောသေဩဝါဒစာပထမစောင် ၁:၁၅ယေရှုခရစ်သည်အပြစ်ရှိသောသူတို့ကိုကယ်တင်ခြင်းငှာ၊ဤလောကသို့ကြွလာတော်မူသည်ဟူသောစကားသည်သစ္စာစကားဖြစ်၏။အကြွင်းမဲ့ခံယူအပ်သောစ
ကားလည်းဖြစ်၏။အပြစ်ရှိသောသူတို့တွင်ငါသည်အကြီးဆုံးဖြစ်၏။

၄။ယေရှုခရစ်သည်လူတွေရဲ့အကြောက်တရားကိုဖြေရှင်းပေးရန်လူ့ဇာတိလာခံဖြင်းခြစ်သည်။
ရှင်လုကာခရစ်ဝင် ၂:၁၀-၁၁ ကောင်းကင်တမန်ကလည်း၊ ကြောက်ရွံ့ခြင်းမရှိကြနှင့်။လူအပေါင်းတို့သည်အလွန်ဝမ်းမြောက်ဝမ်းသာစရာသတင်းကိုငါသည်သင်တို့အားကြားပြောရ၏။ယနေ့တွင်ဒါဝိဒ်၏မြို့၌သခင်ခရစ်တော်တည်းဟူသောကယ်တင်သောအရှင်သည်သင်တို့အဖို့အလိုငှာဖွားမြင်ခြင်းကို ခံတော်မူပြီ။

၅။ယေရှုခရစ်သည်လူတိုင်းကိုငြိမ်သက်ခြင်းပေးရန်လူ့ဇာတိလာခံဖြင်းခြစ်သည်။
ရှင်ယောဟန်ခရစ်ဝင် ၁၄:၂၇ငြိမ်သက်ခြင်းကို သင်တို့၌ငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကို သင်တို့
အားငါပေး၏။လောကီသားတို့ပေးသကဲ့သို့ငါပေးသည်မဟုတ်။သင်တို့စိတ်နှလုံးပူပန်ခြင်း၊စိုးရိမ်တုန်လှုပ်ခြင်း မရှိစေနှင့်။

၆။ယေရှုခရစ်မွေးဖွားခြင်းသည်ဘုရားစစ်ဘုရားမှန်ကိုလူတွေသိမြင်လာစေဖို့ဘုရားကလူ့ဆီလာတာဖြစ်သည်။
ရှင်ယောဟန်ခရစ်ဝင် ၁:၁၄ နှုတ်ကပတ်တော်သည်လည်းလူဇာတိအဖြစ်ကိုခံယူ၍၊ကျေးဇူးတော်နှင့်လည်းကောင်း၊သစ္စာတော်နှင့်လည်းကောင်းပြည့်စုံလျက်ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊ခမည်းတော်၌တစ်ပါးတည်းသောသားတော်၏ဘုန်းကဲ့သို့သူ၏ဘုန်းတော်ကိုငါတို့သည်မြင်ရကြပြီ။-

၇။ယေရှုခရစ်မွေးဖွားခြင်းသည်ဘုရားသခင်ကလူတွေနဲ့အတူလာရောက်နေထိုင်ပေးခြင်းဖြစ်ပါသည်။
ရှင်မဿဲခရစ်ဝင် ၁:၂၃ ဗျာဒိတ်တော်အချက်ဟူမူကားကြည့်ရှုလော့။သတို့သမီးကညာသည်ပဋိသန္ဓေစွဲယူ၍သားယောက်ျားကိုဖွားမြင်လတ္တံ့။ထိုသားကိုဧမာနွေလအမည်ဖြင့်မှည့်ရကြလတ္တံ့ဟုလာသတည်း။ဧမာနွေလအနက်ကားငါတို့နှင့်အတူရှိတော်မူသောဘုရား သခင်ဟု ဆိုလိုသတည်း။

၈။ယေရှုခရစ်မွေးဖွားခြင်းသည်ခန္စာ၊စိတ်၊ဝိညာဉ်ဆင်းရဲကြွေမွသူများအတွက်ဝမ်းမြောက်သက်သာစေဖို့ပါ။
ရှင်လုကာခရစ်ဝင်၄:၁၈၁၉ထာဝရဘုရား၏ဝိညာဉ်တော်သည်ငါ့အပေါ်၌တည်တော်မူ၏။အကြောင်းမူကား၊ဆင်းရဲသားတို့အားဝမ်းမြောက်စရာသတင်းကိုကြားပြောစေခြင်းငှာငါ့ကိုဘိသိက်ပေးတော်မူပြီ။ကြေမွသောသူတို့၏ အနာကိုပျောက်စေခြင်းငှာလည်းကောင်း……

၉။ယေရှုခရစ်မွေးဖွားခြင်းသည်အရင့်စွဲနေသောအရာတခုခုတွင်ကျွန်ခံဖမ်းချုပ်ခံထားရသောသူများအားလွတ်မြောက်မှုရစေရန်ဖြစ်သည်။
ရှင်လုကာခရစ်ဝင် ၄:၁၈-၂၁ ဖမ်းသွားချုပ်ထားလျက် ရှိသော သူတို့အား လွှတ်ခြင်းအကြောင်းနှင့်……ထာဝရဘုရား၏ မင်္ဂလာနှစ်ကာလကို ကြားပြောစေခြင်းငှာလည်းကောင်း၊ ငါ့ကို စေလွှတ်တော်မူပြီဟု လာသတည်း။ယေရှုကလည်း၊ ယနေ့ပင် ဤကျမ်းစာချက်သည် သင်တို့ကြားသည်အတိုင်း ပြည့်စုံလေပြီဟု မိန့်တော်မူ၏။

၁၀။ယေရှုခရစ်မွေးဖွားခြင်းသည်ဦးတည်ရာမဲ့နေသောသူများ၊မျက်မြင်ပေမယ့်ကန်းနေသောသူများအားအလင်းရစေရန်ဖြစ်သည်။
မျက်စိကန်းသောသူတို့အား မျက်စိမြင်ပြန်ခြင်း အကြောင်းကို ပြစေခြင်းငှာလည်းကောင်း၊ ……ငါ့ကို စေလွှတ်တော်မူပြီဟု လာသတည်း။ယေရှုကလည်း၊ ယနေ့ပင် ဤကျမ်းစာချက်သည် သင်တို့ကြားသည်အတိုင်း ပြည့်စုံလေပြီဟု မိန့်တော်မူ၏။

၁၁။ယေရှုခရစ်မွေးဖွားခြင်းသည်အပြစ်၏ကျိန်ခြင်း၊ညှင်းဆဲခြင်းခံနေရသောသူများအားကယ်တင်ရန်ဖြစ်သည်။
ရှင်လုကာခရစ်ဝင် ၄:၁၈ညှဉ်းဆဲခံရသောသူတို့ကိုကယ်မစေခြင်းငှာလည်းကောင်း၊ထာဝရဘုရား၏ မင်္ဂလာနှစ်ကာလကိုကြားပြောစေခြင်းငှာလည်းကောင်း၊ငါ့ကိုစေလွှတ်တော်မူပြီဟုလာသတည်း။

၁၂။ယုံကြည်ပြီးအသက်တာမှာအခက်ခဲရှိသေးပေမယ့်ယေရှုခရစ်ရဲ့ချစ်ခြင်းနှင့်သင့်ကိုဘယ်အရာမှမကွာနိုင်စေရန်ဖြစ်သည်။
ရောမဩဝါဒစာ ၈:၃၆-၃၇ ဆင်းရဲငြိုငြင်ခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်း၊မွတ်သိပ်ခြင်း၊အဝတ်အချည်းစည်းရှိခြင်း၊ဘေးနှင့်တွေ့ကြုံခြင်း၊ကွပ်မျက်ခြင်းကိုခံရသော်လည်း၊ထိုအမှုတို့တွင်အဘယ်အမှုသည်ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်နှင့်ငါတို့ကိုကွာစေမည်နည်း။မကွာစေသည်သာမက၊ငါတို့ကိုချစ်တော်မူသောသူ၏ကျေးဇူးတော်ကြောင့်၊ငါတို့သည်ထိုအမှုခပ်သိမ်းတို့ကိုခံစဉ်တွင်ပင်အထူးသဖြင့်အောင်မြင်ကြ၏။

နိဂုံး
ခရစ်စမတ်အနှစ်သာရဖြစ်တဲ့ယေရှုခရစ်တော်ရဲ့အပြစ်ဆေးကြောပေးခြင်း၊ကယ်တင်ခြင်း၊ထာဝရအသက်ရှင်ရခြင်း၊ငြိမ်သက်ဝမ်းမြောက်ခြင်း၊၀ဠ်ကြွေးမှလွတ်မြောက်ခြင်း၊ဘုရားသခင်၏အတူပါရှိပေးခြင်း၊ဘုရားသခင်၏ချစ်ခြင်းမေတ္တာသည်ယုံကြည်သောအခါမှစယနေ့တရားဒေသနာနားစင် သူအပေါင်းပေါ် သက်‌ရောက်ပါစေလို့ဆုတောင်းလိုက်ပါတယ်။အာမင်။