• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

အံ့ဩပါဘိ!(အတူတကွဆင်ခြင်ရန်)

ဆရာရဲမင်း

10 月 11, 2024

အံ့ဩပါဘိ!(အတူတကွဆင်ခြင်ရန်)

၁။ခရစ်ယာန်တချို့…videoကြည့်ရင်လေးငါးနာရီ၊ကိုးရီးယားအဆက်ကားစွဲသွားရင်ဖြင့်မရပ်မနား၊ဒါပေမဲ့ကျမ်းစာဖတ်ဆုတောင်းမယ်ဆိုတာနဲ့အိပ်ငိုက်…ခေါင်းမူးခေါင်းကိုက်တာဆက်တိုက်ဘဲတဲဲ့…
အံ့ဩပါဘိ!

၂။ခရစ်ယာန်တချို့…စားမယ်ဝါးမယ်..ဆော့မယ်လည်မယ်ဆို မြန်ချက်လန်ထွက်ဘဲ။ဒါပေမဲ့ဝတ်ပြုစီးဝေးသွားမယ်ဆိုတာနဲ့ချက်ချင်းပျော့ခွေသွားကြပြီးဆင်ခြင်တွေပေးနေတတ်ကြတာ…
အံ့ဩပါဘိ!

၃။ခရစ်ယာန်တချို့…အလုပ်မှာတအားကြိုးစားပြီးအချိန်ပိုအလုပ်လဲလုပ်နိုင်ကြတယ်၊ကိုယ့်အနာဂတ်တွက်ဘာမဆိုပေးဆပ်နိုင်ကြတယ်။ဒါပေမဲ့ယေရှုဘရားအသက်ပေးပြီးအမှုပြီးခဲ့တဲ့ဒီယုံကြည်ခံယူချက်အတွက်တော့တပြားတချပ်မှမပေးဆပ်နိုင်ကြဘူး…
အံ့ဩပါဘိ!

၄။ခရစ်ယာန်တချို့…အင်္ဂလိပ်မီးနင်းအလွတ်ကျတ်နိုင်ကြတယ်၊အချစ်သီချင်းအလွတ်ကျင့်နိုင်ကြတယ်၊ကိုယ်ကြိုက်တဲ့မင်းသားမင်းသမီးနာမည်တွေအလွတ်မှတ်နိုင်ကြတယ်။ဒါပေမဲ့သမ္မာကျမ်းချက်ကိုတော့တော်တော်စိမ်းနေကြတာ…
အံ့ဩပါဘိ!

၅။ခရစ်ယာန်တချို့…KTV၊ကာရာအိုကေပိုက်ဆံပေးပြီးဆိုလိုက်တာမှအသံကောင်းကောင်းဆိုနိုင်ကြတယ်။ဒါပေမဲ့ဘုရားကြောင်းမှာချီးမွမ်းရင်အသံမထွက်ဘဲငိုင်နေတတ်ကြတာ…
အံ့ဩပါဘိ!

၆။ခရစ်ယာန်တချို့…ဆရာ/မကိုကြောက်ကြ၊သူဋ္ဌေးကိုကြောက်ကြ၊လုပ်ဖော်ကိုင်ဖတ်ကိုကြောက်ကြ၊သူငယ်ချင်းကိုကြောက်ကြ၊မိဘကိုကြောက်ကြ၊မိန်းမကိုကြောက်ကြ၊ယောင်္ကျားကိုကြောက်ကြနဲ့…ဘာမဆိုကြောက်နေကြတယ်…ဒါပေမဲ့ဘုရားကိုတော့လုံးဝမကြောက်ကြဘူး…
အံ့ဩပါဘိ!

၇။ခရစ်ယာန်တချို့……ဂိမ်းများကျွမ်းချက်အကုန်သိ၊ Facebook၊ Wechat၊ Viber… (အခြား)အကုန်နားလည်တာ…ဒါပေမဲ့ခရစ်ယာန်ယုံကြည်ချက်ကိုမေးလိုက်ရင်ဘာမှမသိဘူး၊မွေးကတည်းကခရစ်ယာန်ပါတဲ့…
အံ့ဩပါဘိ!

၈။ခရစ်ယာန်တချို့…ဘုရားဆီပိုက်ဆံတောင်းတယ်၊ရာထူးတောင်းကြတယ်၊ကားကောင်းတိုက်ခန်းတောင်းကြတယ်၊အလုပ်ကောင်းကောင်းရဖို့တောင်းကြတယ်၊အချောအလှလေးကိုမှရဖို့တောင်းတယ်။ဒါပေမဲ့ကျမ်းစာမဖတ်ချင်ဘူး၊သူများတွက်ဆုတောင်းပျင်းကြတယ်၊ဝတ်ပြုစည်းဝေးဆိုအရေးကြီးကိစ္စရှိရင်မသွားတော့ဘူးတဲ့…
အံ့ဩပါဘိ!

၉။ခရစ်ယာန်တချို့…ကိုယ်ချစ်ရတဲ့သူအတွက်ဆိုဘာမဆိုပေးဆပ်ကြတယ်၊ကိုယ်မစားမဝတ်ရရင်တောင်ကိုယ်ချစ်ရတဲ့သူအတွက်ချွေ တာတတ်ကြတယ်၊ဒါပေမဲ့ဘုရားအတွက်လှူပါဟေ့ဆိုရင်အားလုံးအသံမထွက်ကြတော့ဘူး…
အံ့ဩပါဘိ!

၁၀။ခရစ်ယာန်တချို့…သူများအကြောင်းစိတ်ဝင်စားတယ်၊သူများအကြောင်းဟိုပြောဒီပြောပြောချင်ကြတယ်။ဒါပေမဲ့ဧဝံဂေလိလုပ်ဆိုလုံးဝမပြောရဲကြဘူး…
အံ့ဩပါဘိ!

၁၁။ခရစ်ယာန်တချို့…သူများကိုယ့်အပေါ်ဘယ်လိုမြင်မလဲဆိုတာကိုတအားအရေးထားကြတယ်။ဒါပေမဲ့ဘုရားကိုယ့်အပေါ်ဘယ်လိုမြင်မလဲဆိုတာအလေးမထားကြဘူး…
အံ့ဩပါဘိ!

၁၂။ခရစ်ယာန်တချို့…လောကဧည့်သည်ဆိုတာသိကြတယ်။ဒါပေမဲ့ထာဝရအတွက်မကြိုးစားဘဲ…မမြဲတဲ့အရာအတွက်နေ့တိုင်းအချိန်ကုန်လူပန်းနဲ့လုံးပန်းနေကြတာ…
အံ့ဩပါဘိ!

၁၃။ခရစ်ယာန်တချို့…သူငယ်ချင်းနဲ့ဆိုင်သွားငွေသုံးလေးသောင်းသုံးနိုင်တယ်၊တပတ်ကိုဖုန်းဘေကိုယ့်အတွက်၁သောင်း၂သောင်းသုံးနိုင်တယ်၊ဒါပေမဲ့ဘုရားကျောင်းသွားရင်အလှူငွေနှစ်ရာငါးရာဘဲထည့်ကြတာ…
အံ့ဩပါဘိ!

၁၄။ခရစ်ယာန်တချို့…ဖုန်းကိုတရက်အကြိမ်ကြိမ်ခါခါဖွင့်ကိုင်ကြတယ်။ဒါပေမဲ့ဖုန်းကိုင်တိုင်းဖုန်းထဲမှာသွင်းထားတဲ့ကျမ်းစာကိုလုံးဝသွားမတို့မဖတ်ကြဘူး…
အံ့ဩပါဘိ!

၁၅။ခရစ်ယာန်တချို့…ကိုယ့်ကိုကိုယ်အားကိုး၊ရာထူးအားကိုး၊သူငယ်ချင်းအားကိုး၊ငွေအားကိုး၊အမျိုးမျိုးအားကိုးတတ်ကြတယ်။ဒါပေမဲ့အရာခပ်သိမ်းကိုတတ်နိုင်တဲ့ဘုရားကိုအားမကိုးကြဘူး…
အံ့ဩပါဘိ!

၁၆။ခရစ်ယာန်တချို့…ငါကခရစ်ယာန်ပါဆိုပြီးလက်တွေ့အသက်တာမှာမယုံကြည်သူနဲ့ထူးမခြားနားဖြစ်နေတာ…
အံ့ဩပါဘိ!
…………………………………………..
တိုက်ဆိုင်မှုရှိနေလျှင် ကျေးဇူးတော်ချီးမွမ်းပြီးမိမိကိုယ်ကိုပြန်လည်ပြုပြင်ပါ။ဘုရားသင့်ကိုပြုပြင်ဖို့စကားပြောနေခြင်းဖြစ်သည်။
Ye Ming(ပတ္တမြားမြေ)