တာဝန်နဲ့အဆင့်အတန်းကွဲပြားပါစေ
ဘုရားသခင်မှာလူမျိုးခွဲခြားခြင်းမရှိသလိုကျား/မ ခွဲခြားခြင်းမရှိပါ။အားလုံးကိုဘုရားကချစ်လို့ယုံကြည်တာနဲ့ဘုရားသားသမီးဖြစ်ခွင့်ပေးပြီးဖြစ်ပါတယ်။ဒါဘုရားရဲ့တန်းတူအဆင့်တန်းမခွဲခြားခြင်းပါ။
တာဝန်ဆိုတာကတော့ဘုရားအသုံးပြုခန့်ခွဲထားတဲ့သတ်မှတ်တဲ့အရာဖြစ်တယ်၊ဥပမာမိန်းမကကလေးမွေးရမယ်ဆိုတာကိုယောင်္ကျားတွေကငါတို့ကဘာလို့မမွေးနိုင်ရသလဲစောဒကတက်မရသလိုမျိုး၊အမျိုးသားတွေကိုဘုရားကခေါင်းဆောင်နေရာခွဲခန့်ထားတာကိုအမျိုးသမီးတွေကငါတို့ကဘာချွတ်ယွင်းနေလို့ခေါင်းဆောင်မလုပ်နိုင်ရသလဲလို့စောဒကတက်မရပါ။ဒါဘုရားရဲ့မတူညီတဲ့တာဝန်ခန့်ခွဲမှုပါ။ဒါပေမယ့်ဒီယောင်္ကျားခေါင်းဆောင်တွေအသုံးမကျရင်ဘုရားကမိန်းကလေးကိုခေါင်းဆောင်နေရာမှာအသုံးပြုနိုင်တယ်ဆိုတာကျမ်းစာအားဖြင့်လက်ခံရပါမည်။
၁။ဘုရားသခင်ကအဦးဆုံးအမျိုးသားတွေကိုအသုံးပြုပါတယ်။သမ္မာကျမ်းစာတအုပ်လုံးမှာပြောမကုန်နိုင်တဲ့ဘုရားအသုံးပြုခဲ့တဲ့အမျိူသားတွေအများကြီးပါ။ခရစ်တော်ရွှေးကောက်ခဲ့တဲ့တမန်တော်၁၂ပါးကစ၊စေလွတ်လိုက်တဲ့တပည့်တော်၄၀လုံးကအမျိုးသားဖြစ်နေပါတယ်။အမျိုးသားကအမျိုးသမီးထက်ပိုမြင့်မြတ်လို့မဟုတ်ပါ၊အမှုတော်မှာပိုမိုအဆင်ပြေဆက်ကပ်နိုင်ဖို့“ဘုရားပေးတာဝန်”ပါ။
၂။အသုံးတော်ခံအမျိုးသားတွေရှာမတွေ့ရင်၊ဘုရားသခင်ကအမျိုးသမီးဖြစ်တဲ့ဒေဗောရကိုဓမ္မဟောင်းတရားသူကြီးခေတ်မှာ၊ခေါင်းဆောင်အဖြစ်စတင်အသုံးပြုလာတာတွေ့ရပါမယ်။(တရားသူကြီး၄:၄)(ဒီနေရာမှာအမျိုးသမီးတွေခေါင်းဆောင်မလုပ်ရပြောသူတွေသတိထားပါ။)
၃။လူကြီးဖြစ်တဲ့ကျား/မ နှစ်ယောက်လုံးအသုံးတော်ခံမယ့်သူမရှိ(အသုံးမကျ)ရင်ဖြင့်ဘုရားသခင်က ကလေးငယ်ဖြစ်တဲ့ရှမွေလအားဖြင့်သူ့စကားပြောဖို့အသုံးပြုလာတာကျမ်းစာမှာတွေ့ရပါတယ်။(၁ရာ၃:၁-၂၁)။
၄။ကျား/မ လူကြီးလူငယ်အသုံးတော်ခံမယ့်သူမရှိတဲ့အခါမှာတော့ဖြင့်ဘုရားသခင်ကတိရိစ္ဆာန်ဖြစ်တဲ့မြည်းအားဖြင့်ဗာလန်ကိုသူ့စကားဆင့်ဆိုစေခဲ့ပါတယ်။(တောလည်ရာ၂၂:၂၁-၄၁)
၅။အကယ်လို့ဒီသက်ရှိအားလုံးတွေကဘုရားအသုံးတော်ခံဖို့ဖြစ်မလာ(အသုံးမကျ)ခဲ့ရင်သက်မဲ့ဖြစ်တဲ့ဂဲလုံးတွေတောင်ထပြီးခုန်ပေါက်ချီးမွန်းလာနိုင်ကြောင်းယေရှုကိုယ်တိုင်ပြောခဲ့ပါတယ်။ (လုကာ၁၉:၄၀)
ဒါကြောင့်ယောင်္ကျားထုဝါဒီမဝင်ဖို့လဲလိုပါသည်၊ဘုရားကိုသင့်ကန့်သတ်ချက်ထဲမထားသင့်ပါ၊ဘုရားရဲ့လုပ်နိုင်ခွင့်တန်ခိုးကအကန့်သတ်မရှိလို့ပါ။သို့ပေမယ့်အကယ်၍အသုံးတော်ခံသူရှိခဲ့ရင်ဘုရားသခင်ရဲ့ခွဲခန့်မှုမှာသူ့နေရာသူရှိနေရမယ်ဆိုတာတော့မမေ့ပါနှင့်။ဥပမာကလေးငယ်ကအသင်းတော်မှာသင်းအုပ်မဖြစ်နိုင်သလိုဂဲလုံးကသက်ရှိတွေရဲ့တာဝန်မှာလာယူလို့မရပါ(သက်ရှိတွေအသုံးမကျခဲ့ရင်ဘုရားလုပ်နိုင်ပါတယ်)။ထိုနည်းတူပင်ယောကျာ်းလေးသည်မိန်းမလိုကလေးမမွေးနိုင်ပါ၊အမျိုးသမီးတွေကိုလဲအိမ်ထောင်ဦးစီးလို့အသင်းတော်ကခေါ်ဆိုမည်မဟုတ်သလို၊အမျိုးသားနာမည်ကိုအမျိုးသမီးအမည်နောက်မှာထားရေးဖို့ယုံကြည်သူတိုင်းကလက်ခံနိုင်ကြမည်မဟုတ်ပါ။တာဝန်ကအဆင့်တန်းခွဲခြားမှုနဲ့ရောမနေသင့်ပါ။
သူငယ်ချင်းနှစ်ယောက်ကအလုပ်ထဲမှာအလုပ်ရှင်ရဲ့တာဝန်နဲ့အလုပ်သမားတာဝန်ခွဲခြားပါတယ်၊ဒါပေမယ့်အပြင်မှာတော့လူလူခြင်းတန်းတူပါဘဲ။ထို့အတူအမျိုးသမီးအမျိုးသားတန်းတူတရားဟောခွင့်နဲ့ဆက်ကပ်ခွင့်ကျမ်းစာကပေးထားပေမယ့်၊ခေါင်းဆောင်သင်းအုပ်နေရာမှာတော့အမျိုးသားကိုပေးထားကြောင်းကျမ်းသဘောတွေ့ရမှာပါ။(အမျိုးသားတွေအသုံးမကျရင်အမျိုးသမီးတွေကိုဘုရားသခင်ကသင်းအုပ်တာဝန်ပေးနိုင်ပါတယ်)။ပုံမှန်ဆိုရင်အမျိုးသားတွေဟာအိမ်ထောင်မှာဦးခေါင်းတာဝန်ယူရသလိုအသင်းတော်မှာခေါင်းဆောင်တာဝန်ယူရပါတယ်။ဒါကိုအမျိုးသမီးတွေဝန်ခံဖို့လိုပါတယ်၊ဘုရားခန့်ခွဲထားတဲ့တာဝန်ကိုယောင်္ကျားနဲ့ရင်ဘောင်တန်းပြီးတန်းတူခေါင်းဆောင်နေရာသွားလုတာမျိုးမဖြစ်စေချင်ပါ၊သူတို့အသုံးမကျရင်တော့ဘုရားအခွင့်ပေးပါလိမ့်မယ်။
နောက်တခုကအမျိူးသမီးထုဝါဒီခံယူသူတွေဟာ “ယေရှုခရစ်၌ ယုဒလူမရှိ၊ ဟေလသလူမရှိ၊ ကျွန်မရှိ၊ လူလွတ်မရှိ၊ ယောက်ျားမရှိ၊မိန်းမမရှိ၊ ထိုသခင်၌ သင်တို့အပေါင်းသည် တလုံးတဝတည်း ဖြစ်ကြ၏။”ဆိုပြီးဂလာတိ၃:၂၈အခြေပြုပြီးကျား/မတာဝန်နေရာအကုန်တန်းတူလုပ်လာတာတွေ့ရပါတယ်၊ဒီကျမ်းချက်ကတာဝန်နဲ့အဆင့်တန်းခွဲခန့်မှုကန့်သတ်ချက်ကိုပယ်ဖျက်ခြင်းမသက်ရောက်ပါ၊အကယ်၍ဘုရားခွဲခန့်ထားတဲ့အရာမခွဲဘဲကျား/မ မခွဲတန်းတူလုပ်ကြရင်လိင်တူမင်္ဂလာပေးဆောင်ရပါတော့မည်၊ကျား/မအိမ်သာလဲခွဲနေစရာမလိုတော့ပေ။ကျားချင်းကျား၊မချင်းမ၊ကျားမ၊မကျားမ မ၊ ဘာမှမခွဲခြားတော့ဘူးဆိုပြီးအိမ်ထောင်ပြုဖို့တောင်းဆိုလာလျှင်လက်ခံနေရပါလိမ့်မည်။ထိုကြောင့်ကျမ်းစာအနက်ပြန်တာသည်လျှင်အင်မတန်သတိထားရပါမည်။
ဖတ်ရှုသူယုံကြည်သူများဘုရားခွဲခန့်ထားသောတာဝန်နေရာနှင့်အဆင့်တန်းကွဲပြားနိုင်ကြပါစေ။