• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

သင်းအုပ်ဆရာသည်သိုးထိန်းလော?

ဆရာရဲမင်း

10 月 25, 2024

သင်းအုပ်ဆရာသည်သိုးထိန်းလော?

ထာဝရဘုရားသည်ငါ၏သိုးထိန်းဖြစ်တယ်လို့ကျမ်းစာကဆိုထားတာရှိတဲ့အတွက်၊အသင်းတော်ရဲ့သင်းအုပ်ဆိုတာသိုးထိန်းရှင်ကြီးတော့မဟုတ်ပါ။သို့ပေမယ့်သိုးထိန်းရှင်ကြီးကတဆင့်သိုးတွေကိုထိန်းသိမ်းဖို့တာဝန်ပေး ထားခံရတဲ့(သိုး ထဲကသိုးဖြစ်ပေမယ့်)ဒီသိုးထဲကအထူးရွှေးကောက်ခံသိုးထိ န်းတွေဖြစ်ကြပါတယ်။

သိုးထိန်းရှင်ကြီးနဲ့သိုးထိန်းကကွာပါတယ်၊တဦးကအရှင်သခင်ပါ၊တဦးကတာဝန်ပေးခံရတဲ့အစေခံပါ။ယနေ့သင်းအုပ်ဆိုတာသခင့်သိုးတွေကိုထိန်းဖို့တာဝန်ပေးခံရတဲ့အစေခံသူတွေပါ။ဒါကြောင့်သတိထားရမှာကငါက သိုးထိန်းရှင်မှမဟုတ်တာဆိုပြီးဘုရားပေး ထားတဲ့တာဝန်ကိုအလေးမထားဖြစ်သွားမှာစိုးရိမ်ရသလို၊ငါကသိုးထိန်းကြီးဘဲဆိုပြီးဘဝင်မြင့်နေမှာလဲစိုးရိမ်ရပါတယ်။

အမှန်တော့ဘုရားသခင်သာလျှင်လူတိုင်းကိုထိန်းတာမှန်ပါတယ် ၊ဒါပေမယ့်ဘုရားကထိန်းပေးထားတဲ့လူတွေထဲကနေသူကဘဲတဆင့်သူ့လူကိုပြန်ထိန်းသိန်းဖို့လူတွေကိုရွေးကောက်ခဲ့တာမ္မဟောင်းကျမ်းကနေဓမ္မသစ်ထိခေါင်းဆောင်ဆိုတဲ့(အသုံးတော်ခံထိန်း)သူတွေပေါ်လာခဲ့ရတာမမေ့သင့်ပါ။မဟု တ်ရင်ဖရိုဖလဲဖြစ်ကုန်နိုင်ပါတယ်။တကယ်တော့ဘုရားကသူကိုယ်တိုင်အကုန်လာလုပ်လို့ရပေမယ့်လူတွေသူ့အမှုတော်ထဲပါဝင်မှုကိုလိုလားတဲ့ဘုရားဖြစ်ပါတယ်။ဟာလေလုယာ။

၁ ပေ ၅:၂ ထဲမှာ”ဘုရားသခ င်၏သိုးတော်စုကို ထိန်းခြင်း၊ အမှု”ဆိုပြီးသင်းအုပ်တွေကိုသတိပေးထားပါ တယ်။ဒါဟာသမ္မာကျမ်းစာအခြေပြုရှင်းလင်းတိကျစွာရှိနေပါတယ်။ဒါကြောင့်သင်းအုပ်တွေဟာသိုးထိန်းရှင်ကြီးတော့မဟုတ်ပေမယ့်၊သိုးတွေကိုထိန်းသိမ်းကျွေးမွေးစောင့်ရှောက်ဖို့(ပေတရုလို)တာဝန်ပေးခံရတဲ့သူတွေဖြစ်ကြပါတယ်။အထူးရှင်းလင်းချင်တာကသင်းအုပ်ကိုသိုးထိန်းလို့ပြောတာခေါ်တာကျမ်းစာအရမမှားပါ။ကာယကံရှင်သင်းအုပ်တွေကိုယ်၌ကသာငါဟာသိုးထိန်းရှင်ကြီးမဟုတ်ဘူး၊ငါကိုယ်တိုင်လဲသခင့်သိုးဖြစ်တယ်ဆိုတာတော့မမေ့သင့်သလို၊တချိန်ထဲမှာအခြားသိုးတွေကိုထိန်းဖို့သိုးထိန်းတာဝန်ပေးအပ်ခြင်းခံထားရတာကိုသေချာနားလည်ထားရပါမယ်။

ဒါကြောင့်သင်းအုပ်တယောက်အနေနဲ့သူ့အသင်းသားကိုစစ်မှန်သောသမ္မာတရားဖြင့်လုပ်ကျွေးပြုစုရပါမယ်။ငါတို့အားလုံးသခင့်သိုးတွေဘဲလူတိုင်းကိုယ့်ဝိညာဉ်ရေးတာဝန်ကိုယ်ယူ၊မင်းတို့ဝိညာဉ်ရေးငါနဲ့မဆိုင်ဘူးဆိုတာမျိုးမဖြစ်သင့်ပါ။နောက်ပြီးသင်းအုပ်ဟာမိမိအသင်းသားတွေကိုလွဲမှားတဲ့မိစ္ဆာအယူတွေနောက်မပါသွားအောင်ကာကွယ်ဖို့တာဝန်အပြည့်ရှိပါတယ်။သင်းအုပ်တာဝန်မပေါ့စေချင်၊သင်းအုပ်လုပ်ပြီးမိမိလုပ်ရမယ့်တာဝန်ကိုမကျေပြွန်ခဲ့ရင်တော့တာဝန်မဲ့တဲ့သင်းအုပ်ဘဲဖြစ်ပါလိမ့်မယ်။

ကိုးကားကျမ်းချက်များ
၁။တမန်တော်ဝတ္ထု၂၀:၂၈-၃၀
၂။၁ ပေ ၅:၁-၅
၃။ယော၂၁:၁၆