• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ယေရှုရဲ့စကားလေးတခွန်းအားဖြင့်

ဆရာရဲမင်း

10 月 25, 2024

ယေရှုရဲ့စကားလေးတခွန်းအားဖြင့်

၁။ယေရှုရဲ့စကားလေးတခွန်းအားဖြင့်
စာတန်ရှောင်ထွက်သွားခဲ့ရတယ်။
(မႆဲ၄:၁၁)

၂။ယေရှုရဲ့စကားလေးတခွန်းအားဖြင့်
သေသူအသက်ပြန်ရှင်လာခဲ့ရတယ်။
(မဿဲ၉:၁၈-၁၉၊လုကာ၇:၁၁-၁၇၊ယော၁၁:၄၃-၄၄)

၃။ယေရှုရဲ့စကားလေးတခွန်းအားဖြင့်
အပြစ်သားနောင်တရပြောင်းလဲလာခဲ့တယ်။
(လုကာ၅:၂၇-၂၈)

၄။ယေရှုရဲ့စကားလေးတခွန်းအားဖြင့်
အနာရောဂါရှိသူတွေအကုန်သက်သာသွားခဲ့ရတယ်။
(လုကာ၆:၁၇-၁၉)

၅။ယေရှုရဲ့စကားလေးတခွန်းအားဖြင်
ကောင်းကင်မြေကြီးလှုပ်ခါစေခဲ့တယ်။
(ဟေဗြဲ၁၂:၂၆)

၆။ယေရှုရဲ့စကားလေးတခွန်းအားဖြင့်
မိုးသက်မုန်တိုင်းငြိမ်းခဲ့ရတယ်။
(မႆဲ၈:၂၆)

၇။ယေရှုရဲ့စကားလေးတခွန်းအားဖြင့်
ဝန်လေးသူတွေချမ်းသာခွင့်ရခဲ့ကြတယ်။
(မႆဲ၁၁:၂၈)

၈။ယေရှုရဲ့စကားလေးတခွန်းအားဖြင့်
ငြိမ်သက်ခြင်းကောင်းကြီးမင်္ဂလာကိုလူတွေရခဲ့ကြတယ်။
(မဿဲ၂၈:၉၊လုကာ၂၄:၃၆)

၉။ယေရှုရဲ့စကားလေးတခွန်းအားဖြင့်
လူတွေညာဏ်အလင်းပွင့်လာနိုင်ခဲ့ရတယ်။
(လုကာ၂၄:၄၅)

၁၀။ယေရှုရဲ့စကားလေးတခွန်းအားဖြင့်
အပြစ်ရှိသမျှကနေလွတ်ခြင်းခံခဲ့ရတယ်။
(မႆဲ၉: ၂)

၁၁။ယေရှုရဲ့စကားလေးတခွန်းအားဖြင့်
မဖြစ်နိုင်တာတွေအကုန်ဖြစ်နိုင်လာခဲ့ရတယ်။
(မႆဲ၁၉:၂၆)

၁၂။ယေရှုရဲ့စကားလေးတခွန်းအားဖြင့်
နတ်ဆိုးဝိညာဉ်ဆိုးအကုန်ပြေးထွက်ခဲ့ရတယ်။
(မာကု၁:၂၅-၂၆)

ချစ်သောမိတ်ဆွေ
ယနေ့သင်ကိုးကွယ်နေတဲ့ဘုရားဟာအမိန့်ပေးတာနဲ့ဖြစ်တဲ့ဘုရားပါ။ ဆာလံ၃၃:၉၉မှာ”ထာဝရဘုရားမြွက်ဆို၍ မြွက်ဆိုတော်မူသည်အတိုင်း ဖြစ်၏။ အမိန့်တော်ရှိ၍ မိန့်တော်မူသည်အတိုင်း တည်လျက်နေ၏။ “ဆိုထားသလို၊လုကာ၁:၃၇မှာလဲ” ဘုရားသခင်တတ်နိုင်တော်မမူသော အမှုမရှိ”လို့ပြောထားပါတယ်မိတ်ဆွေ။ဒါကြောင့်အလိုတော်နဲ့ညီညွတ်ပြီးယေရှုနာမအားဖြင့်လောကအရာကိုအောင်နိုင်သောသူများဖြစ်ကြပါစို့။ဟာလေလုယာ၊အာမင်။