• 周六. 5 月 23rd, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ယေရှုခရစ်တော်ရဲ့နှစ်

ဆရာရဲမင်း

3 月 20, 2026

ယေရှုခရစ်တော်ရဲ့နှစ်

နှစ်သစ်ဝင်တာနဲ့လူတိုင်း”Happy New Year”ဆိုပြီးနုတ်ဆက်ကြတယ်။အမှန်တော့”Happy New Year”ဆိုတာယေရှူခရစ်တော်ရဲ့နှစ်”(In the Year of Our Lord)ပါ။ခရစ်နှစ်ကို (၆)ရာစုဝန်းကျင်ကခရစ်ယာန်ဘုန်းတော်ကြီးဒီယိုနီစီယပ်စ် (Dionysius Exiguus) ကစတင်သတ်မှတ်ခဲ့တာပါ။မြန်မာလိုပြက္ခဒိန်မှာဆိုရင်အတိုကောက်အနေနဲ့”ခရစ်နှစ်”လို့ရေးပါတယ်။မယုံရင်သင့်အိမ်မှာချိတ်ထားတဲ့ပြက္ခဒိန်လှန်ကြည့်ပါ။AD2026သို့မဟုတ်ခရစ်နှစ်၂၀၂၆လို့ရေးထားတာတွေ့ရပါလိမ့်မယ်။

ခရစ်နှစ် ကိုအင်္ဂလိပ်လိုA.Dလို့ရေးပါတယ်။A.Dဆိုတာလက် တင်ဘာသာ Anno Domini ကနေဆင်းသက်လာတာဖြစ်ပြီး အဓိပ္ပာယ်ကတော့”ခရစ်တော်ရဲ့နှစ်”လို့ရပါတယ် ။ တနည်းအားဖြင့်ခရစ်တော်မွေးဖွားတဲ့နှစ်ကနေအေဒီ(၁)နှစ်လို့စတင်ရေတွက်ခဲ့တာဖြစ်ပြီးယနေ့ထိဆိုရင်ခရစ်တော်‌မွေးဖွားခဲ့တာနှစ်ပေါင်း2026ခုနှစ်ရှိနေပြီဆိုတဲ့သဘောပါ။ ခရစ်တော်မမွေးခင်ကိုတော့ B.Cလို့ ခေါ်ကြပါတယ်။B.Cဆိုတာအင်္ဂလိပ်လို Before Christ ဖြစ်ပြီး”ခရစ်တော်မတိုင်ခင်နှစ်”လို့အဓိပ္ပာယ်ရပါတယ်။ဆိုတော့ယေရှုခရစ်တော်ရဲ့‌ မွေးဖွားခြင်းဟာလူသမိုင်းကိုပိုင်းဖြတ်ပေးခဲ့တဲ့ဗဟိုချက်လို့ပြောရင်မှားမယ်မထင်ပါဘူး။
မိတ်ဆွေစဉ်းစားဖူးပါသလား?

နိုင်ငံတိုင်းဘာသာတိုင်းမှာကိုယ်ပိုင်ခုနှစ်တွေရှိကြပေမဲ့၊ဘာလို့တစ်ကမ္ဘာလုံးက”ခရစ်နှစ်”ကိုသုံးနေရကြတာလဲ?
အဖြေကတော့လူသားတိုင်းခရစ်တော်နဲ့ဆိုင်ကြောင်းလူသားတိုင်းကိုယေရှုဘုရားချစ်ကြောင်းသက်သေပါဘဲ။သင်သူ့ကိုမယုံကြည်ပေမဲ့၊မသိပေမဲ့၊တချို့ဆိုသူ့ကိုပက်ပက်စက်စက်ဆဲဆိုရိုင်းစိုင်းကြ‌ပေမဲ့၊သူ့ကြောင့်ဖြစ်ပေါ်လာတဲ့ခုနှစ်ကိုတော့သင့်အိမ်မှာအမြဲချိတ်ဆွဲနေရပြီး၊ခုထိအသုံးပြုနေရတယ်မဟုတ်လား။ဒါဟာတနည်းအားဖြင့်ယေရှုအမှန် တကယ်လူ့ဇာတိခံခဲ့ပြီးအသက်ရှင်ခဲ့ကြောင်း၊သင်ကိုယ်တိုင်လက်မခံရင်တောင်လက်တွေ့ဖြစ်‌ပျက်နေတဲ့အရာဆိုတာငြင်းလို့မရပါ။

သင်ယေရှုကိုမသိပေမဲ့ယေရှုကတော့သင့်ကိုသိနေတယ်၊
သင်ယေရှုကိုဆန့်ကျင်နေပေမဲ့ယေရှုကတော့သင်နောင်တရမှာကိုစောင့်နေတယ်။
သင်ယေရှုကိုဆဲဆိုရိုင်းစိုင်းနေပေမဲ့သူကတော့သင့်ကိုအမြဲချစ်နေတယ်။
အချိန်မလွန်ခင်လှည့်ပြန်ခဲ့ပါချစ်မိတ်ဆွေ။

(ရှင်ယောဟန် 3:16 ဘု​ရား​သ​ခင်၏​သား​တော်​ကို ယုံ​ကြည်​သော​သူ​အ​ပေါင်း​တို့​သည်၊ ပျက်​စီး​ခြင်း​သို့​မ​ရောက်၊ ထာ​ဝ​ရ​အ​သက်​ကို ရ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် မိ​မိ၌ တစ်​ပါး​တည်း​သော သား​တော်​ကို စွန့်​တော်​မူ​သည်​တိုင်​အောင် လော​ကီ​သား​တို့​ကို ချစ်​တော်​မူ၏။)
မူရင်း-ဆရာရဲမင်း