• 周五. 4 月 17th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ငါသေသွားခဲ့ပြီလေ။

၁။
ဘုရားသခင်ကငါ့ကိုအရင်ချစ်ခဲ့လို့၊
လူတွေကိုငါချစ်တတ်လာတာပါ။
ဇာတိသဘောအရပြောရင်
ရန်သူကိုချစ်ဖို့မပြောနဲ့၊ငါနဲ့ဘာမှ
မဆိုင်တဲ့သူကိုချစ်စရာဘာအကြောင်း
မှမရှိဘူး။ဒါပေမဲ့ငါသေခဲ့ပြီလေ။
(၁ယော၄:၁၉ဘုရားသခင်​သည် ငါ​တို့​ကို​ဦးစွာ​ချစ်​တော်မူ​သောကြောင့် ငါ​တို့​သည်​လည်း​ချစ်​ကြ​၏။)စံမီ။

၂။
ဘုရားသခင်ကငါ့ကိုအရင်ခွင့်လွတ်ပေး
ခဲ့လို့၊ငါလူတွေကိုခွင့်လွတ်တတ်လာတာပါ။
ဇာတိသဘောအရပြောရင်
ရန်သူကိုခွင့်လွတ်ဖို့မပြောနဲ့အုံး၊မိသားစု
ထဲမှာတောင်ခွင့်လွတ်စရာဘာအကြောင်း
မှမရှိဘူး။ဒါပေမဲ့ငါသေခဲ့ပြီလေ။
(ကောလောသဲ၃:၁၃အချင်းချင်း​သည်းခံ​၍ တစ်​ဦး​အပေါ်​တစ်​ဦး​အပြစ်တင်​စရာ​ရှိ​လျှင် သခင်​ဘုရား​သည် သင်​တို့​ကို​ခွင့်လွှတ်​တော်မူ​သကဲ့သို့ သင်​တို့​သည်​လည်း အချင်းချင်း​ခွင့်လွှတ်​ကြ​လော့။ )စံမီ။

၃။
ဘုရားသခင်ကငါ့ကိုအရင်ကယ်တင်ခြင်း
ပေးခဲ့လို့၊ငါ့အသက်တာမှာဘုရားစကားကို
နာခံတတ်လာတာပါ။ဇာတိသဘောအရ
ပြောရင်ဘုရားစကားကိုကျင့်ဆောင်ဖို့မပြော
နဲ့အုံး၊နားထောင်စရာတောင်ဘာအကြောင်း
မှမရှိဘူး။ဒါပေမဲ့ငါသေခဲ့ပြီလေ။
(ဧဖက်၂:၁၀အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သည် ကောင်းသောအကျင့်တို့ကို ကျင့်ရမည်အကြောင်း၊ ယေရှုခရစ်၌ ပြုပြင်၍ ဖန်ဆင်းတော်မူရာ ဖြစ်ကြ၏။ ထိုကောင်းသော အကျင့်တို့၌ ငါတို့သည် ကျင်လည်ရမည် အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို ပြင်ဆင်တော်မူနှင့်ပြီ။ )

၄။
ဘုရားသခင်ကငါ့လိုအပြစ်သားအတွက်အ
သေခံပေးခဲ့လို့၊ငါအသက်ရှင်နေတာဟာ
ခရစ်တော်အတွက်ဘဲဖြစ်လာရတာပါ။
ဇာတိသဘောအရပြောရင်ခရစ်‌တော်ဖို့မ
ပြောနဲ့အုံး၊ကိုယ့်အတွက်တောင်အချိန်သုံးလို့
မ လောက်လို့ခရစ်တော်အတွက်အသက်ရှင်
စရာဘာအကြောင်းမှမရှိဘူး။
ဒါပေမဲ့ငါသေခဲ့ပြီလေ။

(ဂလာတိ၂:၂၀ငါ​သည် ခ​ရစ်​တော်​နှင့်​အ​တူ လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​ခံ​ပြီ။ သို့​သော်​လည်း အ​သက်​ရှင်​သေး၏။ ထို​သို့​ဆို​သော် ငါ​သည် ကိုယ်​တိုင်​မ​ရှင်၊ ခ​ရစ်​တော်​သည် ငါ၌ ရှင်​တော်​မူ၏။ ကိုယ်​ခ​န္ဓာ၌ ယ​ခု​ငါ​ရှင်​သော အ​သက်​သည် ဘု​ရား​သ​ခင်၏​သား​တော်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် တည်၏။ သား​တော်​သည် ငါ့​ကို​ချစ်၍ ငါ့​အ​ဖို့ ကိုယ်​ကို​ကိုယ် စွန့်​တော်​မူ၏။)

ငါအရင်ကဆဲဆိုရိုင်းဆိုင်းတတ်တယ်၊
ငါအရင်တုန်းကသောက်စားမူးယစ်တတ်တယ်၊
ငါအရင်တုန်းကရန်ဖြစ်လိုက်အပြစ်ပြုလိုက်နဲ့
တကယ့်ပြဿနာကောင်ဘဲ။
ဒါပေမဲ့အခုတော့ငါငါငါဆိုတာသေခဲ့ပြီ….။
သခင်၊သခင်၊သခင် ရှင်ပေးလှည့်ပါ။
အာမင်။