ဝေဖန်တိုက်ခိုက်လာတာကိုလိုက်မခံစားပေးနေပါနဲ့
ညညဟောင်တဲ့ခွေးတိုင်းကိုထကြည့်ရင်
ဘယ်လိုလုပ်အိပ်ရေးဝပါ့မလဲ?
လမ်းမှာသွားလာရင်းဟောင်တဲ့ခွေးကိုအဖက်လိုက်
လုပ်နေရင်လိုရာခရီးကိုဘယ်ရောက်နိုင်တော့မလဲ?
ဒီလိုဘဲလေ
ဝေဖန်လေကန်တာလာတိုင်းလိုက်ခံစားပေးနေရင်
ဘယ်လိုလုပ်ကိုယ့်အလုပ်ကိုပြီးအောင်ဆက်လုပ်နိုင်ပါ့မလဲ?
ပါဆင်နယ်လာတိုက်ခိုက်သူတိုင်းကိုပြန်လိုက်တုန့်ပြန်နေရင်ဘယ်လိုလုပ်ပြီးဘဝရည်မှန်းချက်ပန်းတိုင်ရောက်နိုင်တော့မလဲ?
ဒါကြောင့်
တချို့ကိစ္စတွေကိုဂရုမစိုက်ပါနဲ့၊
ဝေဖန်-လေကန်-တိုက်ခိုက်လာတိုင်း
အချိန်ကုန်ပြီးလိုက်မခံစားပေးနေပါနဲ့။
သင့်ရဲ့တန်ဖိုးကြီးလှတဲ့အချိန်တွေကို
အဲဒီလိုဘာမှအကျိုးမရှိတဲ့နေရာမှာမဖြုန်းလိုက်ပါနဲ့။
တဖက်ကထောက်ပြတာမှန်ရင်ဆင်ခြင်ပါ၊
ထောက်ပြလာတာမှားနေရင်
(တဖက်သတ်စွပ်စွဲ နေတာမျိုးဆိုရင်)
ဆုတောင်းပေးလိုက်ရုံပါဘဲ၊ကျန်တာဘုရားရှင်းပါလိမ့်မယ်။ဂရုစိုက်ပြီးလိုက်မခံစားပေးနေပါနဲ့။
(ဆာလံ၃၇:၁-၄လူဆိုးတို့အကြောင်းကြောင့်စိတ်မပူနှင့်။ မတရားသဖြင့်ပြုသောသူတို့ကိုမငြူစူနှင့်။အကြောင်းမူကား၊သူတို့သည်မကြာမမြင့်မီ မြက်ပင်ကဲ့သို့ရိတ်ခြင်းကိုခံရ၍၊စိမ်းသောပျိုးပင်ညှိုးနွမ်းသကဲ့သို့ ဖြစ်ရလိမ့်မည်။ထာဝရဘုရားကိုခိုလှုံ၍၊ကောင်းသောအကျင့်ကို ကျင့်လော့။ပြည်တော်၌နေ၍၊သစ္စာတရားကိုကျက်စားလော့။ထာဝရဘုရား၌မွေ့လျော်ခြင်းရှိလော့။သို့ပြုလျှင်၊စိတ်နှလုံးအလိုပြည့်စုံရသောအခွင့်ကိုပေးတော်မူမည်။ )
အာမင်။