မတူညီသောကလေးများနေ့များ
နိဒါန်း
ကလေးများနေ့ဖြစ်ပေါ်လာပုံလေ့လာကြည့်တဲ့အခါအပြည်ပြည်ဆိုင်ရာနေ့ရက်၂မျိုးနဲ့၊နိုင်ငံတခုချင်းစီရဲ့ကိုယ်ပိုင်သတ်မှတ်ရက်၁မျိုး၊ခရစ်ယာန်အသင်းတော်တွေကျင်းပပုံဆိုပြီး၄မျိုးလောက်တွေ့ရှိရပါတယ်။တခုချင်းကိုအကျဉ်းချုပ်လေးတင်ပြပါမယ်။
၁။၆လ၁ရက်ကလေးများနေ့
ကမ္ဘာ့နိုင်ငံပေါင်း၄၀လောက်ကနှစ်စဥ်ကျင်းပနေတဲ့အပြည်ပြည်ဆိုင်ရာကလေးများနေ့ဖြစ်ပါတယ်။သူ့ရဲ့ဖြစ်လာရခြင်းကတော့အစုပြုံလိုက်လူသတ်မှုနဲ့ပတ်သတ်နေပါတယ်။1942ခုနှစ်6လ10ရက်၊ဒုတိယကမ္ဘာစစ်မှာဂျာမနီနာဇီစစ်သားတွေဟာLidiceရွာမှာရှိတဲ့လူအကုန်(340နီးပါး)သတ်ဖြတ်ခဲ့ပါတယ်။အဲဒီသေတဲ့ထဲ15နှစ်အောက်ကလေး173ဦးပါဝင်ပါတယ်။ဒါကြောင့်1949ခုနှစ်11လပိုင်းမှာ၊ဒီအရာတွေကိုအောက်မေ့ခြင်းနဲ့၊ကမ္ဘာတဝမ်းကစစ်ဘေးကြောင့်သေကြေနေကြတဲ့ကလေးအားလုံးကို အောက်မေ့သောအနေနဲ့၊ကလေးတွေရဲ့လုံခြုံမှုကိုအာမခံပေးရေးကိုရည်ရွယ်ပြီး၊အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအဖွဲ့ချုပ်(Women International Democratic Federation,အတိုကောက်WIDF)ကနေမော်စကိုမှာအစည်းဝေးပြုလုပ်ခဲ့ပြီးကလေးများနေ့ကိုနှစ်စဉ်နှစ်တိုင်းရဲ့၆လပိုင်း၁ရက်နေ့မှာပြုလုပ်ဖို့သတ်မှတ်ခဲ့ပါတယ်။ဒီကလေးများနေ့ကလက်ရှိကမ္ဘာ့နိုင်ငံတွေအများဆုံးပြုလုပ်တဲ့ဆန့ဖြစ်ပါတယ်။
၂။၁၁လ၂၀ရက်ကလေးများနေ့
ဒါကတော့ကုလသမဂ္ဂပညာရေးဘုတ်ကနေသတ်မှတ်ခဲ့တဲ့ဒုတိယပြုလုပ်မှုအများဆုံးနေ့ဖြစ်ပါတယ်။၁၉၅၄ခု၊၁၂လ၊၁၄ရက်နေ့မှာကုလသမဂ္ဂပညာရေးဘုတ်အဖွဲ့ကနေ၁၁လ၊၂၀ရက်နေ့ကိုကလေးများနေ့အဖြစ်သတ်မှတ်ခဲ့တာပါ။1989ခုနှစ်၁၁လ၂၀ရက်နေ့မှာတော့“ကလေးသူငယ်များအခွင့်အရေး”(Declaration of the Rights of the Child)ကိုပြဒါန်းနိုင်ခဲ့ပါတယ်။
၃။နိုင်ငံအလိုက်မတူညီတဲ့ကလေးများနေ့
ကလေးများနေ့ကိုအပြည်ပြည်ဆိုင်ရာနေ့ရက်အတိုင်းမလိုက်လုပ်ဘဲ၊ကိုယ့်နိုင်ငံရဲ့သမိုင်းအကြောင်းကိုအခြေခံပြီးအသီးသီးသတ်မှတ်ကြတာရှိပါတယ်။ဥပမာမြန်မာနိုင်ငံမှာဗိုလ်ချုပ်မွေးနေ့ဖြစ်တဲ့၂လ၁၃ရက်ကိုကလေးများနေ့အဖြစ်သတ်မှတ်ပေးထားပါတယ်။နိုင်ငံတကာအတိုင်းမလိုက်ဘဲကိုယ်ပိုင်သတ်မှတ်ကျင်းပ နေတဲ့နိုင်ငံတချို့ကိုလက်လှမ်းမှီသလောက်ဖော်ပြရရင်ဟောင်ကောင်နဲ့ထိုင်ဝမ်က4လ4ရက်။ဂျပန်က5လ5ရက်။တောင်ကိုးရီးယား5လ5ရက်။အန္ဒိယ 11လ14ရက်။တူရကီ 4လ23ရက်။ထိုင်း1လပိုင်းဒုတိယပတ်စနေ။
စင်ကာပူ10လ1ရက်။အနောက်ဂျာမနီ 9လ20ရက်။ဆွီဒင်8လ7ရက်-ယောင်္ကျားလေးများနေ့၊12လ13ရက်-မိန်းကလေးများနေ့။အမေရိကန် 6လဒုတိယပတ်တနင်္ဂနွေ။ဘလာဇီး10လ12ရက်အသီးသီးဖြစ်ကြပါတယ်။
၄။ခရစ်ယာန်အသင်းတော်များရဲ့ကလေးများနေ့
ခရစ်ယာန်အသင်းတော်အများစုကတော့၆လဒုတိယတနင်္ဂနွေမှာပြုလုပ်ကြပါတယ်။ဒါကလဲသူ့ရဲ့နောက်ခံသမိုင်းကြောင်းရှိခဲ့လို့ပါ။ဘာလို့လဲဆိုတော့ကနဦးကလေးများနေ့ကိုကျင်းပပေးခဲ့တာကခရစ်ယာန်ဘုရားကျောင်းတခုမှာပါ။1856ခုနှစ်6လပိုင်းဒုတိယတနင်္ဂနွေမှာဆရာကြီးCharles Leonard ဟာဘုရားကျောင်းကလေးတွေအတွက်နှင်းဆီပန်းတနင်္ဂနွေနေ့ဆိုပြီးအစပြုကျင်းပပေးခဲ့တာပါ။အဲဒီချိန်တုန်းကနိုင်ငံတကာဆိုင်ရာကလေးများနေ့ဘာမှမရှိသေးတဲ့ကာလပါ။နောက်ပိုင်း1923ကစနိုင်ငံတချို့မှာမှနိုင်ငံတချို့ကလေးများနေ့ကိုစတင်ကျင်းပစပြုလာခဲ့ကြဝာာပါ။(ရိုမန်ကက်သလိခ်တွေကတော့Holy Innocentsသန့်ရှင်းသောခလေးသူငယ်များပွဲနေ့ကိုဒီဇင်ဘာလ၂၈ရက်နေ့မှာကျင်းပပါတယ်။ယေရှုခရစ်ဖွားမြင်ချိန်၊ဟေရုဒ်မင်းက၂နှစ်အောက်ကလေးအားလုံးကိုသတ်ဖြတ်ခဲ့တဲ့အဖြစ်ကိုအောက်မေ့ပြီးလုပ်ကြတာပါ)။
၅။သမ္မာကျမ်းစာထဲကကလေးသူငယ်ဆိုင်ရာသွန်သင်ချက်
(၁)ကလေးသူငယ်ကိုချစ်ပါ(မဿဲ၁၈:၅)
(၂)ကလေးသူငယ်ရသင့်တဲ့အခွင့်အရေးပေးပါ(မာကု၁၀:၁၄)
(၃)ကလေးသူငယ်တွေကိုမှန်ကန်သောသွန်သင်မှုပေးပါ(မဿဲ၁၈:၆)
(၄)ကလေးသူငယ်ကိုအနိုင်မကျင့်ပါနှင့်(မဿဲ၁၈:၁၀၊ဧဖက်၆:၄)
(၅)ကလေးလိုနှိမ့်ချတတ်ပါ(မဿဲ၁၈:၃-၄)
နိဂုံး
ကလေးများနေ့ဟာအပြည်ပြည်ဆိုင်ရာနေ့ရက်နဲ့နိုင်ငံတခုချင်းရဲ့သတ်မှတ်ရက်မတူကြပေမယ့်၊ရည်ရွယ်ချက်ကတော့အတူတူဘဲထြစ်ပါတယ်။ကလေးတွေကိုချစ်တတ်ဖို့၊တန်ဖိုးထားဝတ်ဖို့၊ကာကွယ်ပေးတတ်ဖို့၊သွန်သင်လမ်းပြပေးတတ်ဖိူ့ဖြစ်ပါတယ်။