• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ကမ္ဘာ့ပွဲတော်နေ့(World Communion Sunday)

ဆရာရဲမင်း

10 月 24, 2024

ကမ္ဘာ့ပွဲတော်နေ့(World Communion Sunday)

နှစ်စဉ်နှစ်တိုင်းရဲ့၁၀လပိုင်းပထမပတ်(တနင်္ဂနွေနေ့)ဟာကမ္ဘာ့ပွဲတော်များနေ့ဖြစ်ပါတယ်။အဲဒီနေ့မှာကမ္ဘာအရပ်ရပ်ကအသင်းတော်များဟာတစ်ရက်ထဲမှာပွဲတော်အတူတကွစားကြပြီးခရစ်တော်ကိုအောက်မေ့ရင်းတလုံးတဝဖြစ်ဖို့မိဿဟာယပြု ကြပါတယ်။

ကမ္ဘာ့ပွဲတော်နေ့(World Communion Sunday)ကို၁၉၃၆ခုနှစ်တုန်းကအမေရီကန်Presbyterian Church တွေကနေဦးဆောင်တိုက်သွန်းရင်းအမေရီကန်ကသူတို့အဖွဲ့အစည်းထဲမှာစတင်လာတာဖြစ်ပါတယ်။ဒီကမ္ဘာ့ပွဲတော်နေ့ကိုစတင်ရခြင်းရဲ့ရည်ရွယ်ချက်ကတော့အသင်းတော်များပြန်လည်သင့်မြတ်ရေးအဓိကဖြစ်ပါတယ်။ဒီလိုနဲ့၁၉၄၀ခုနှစ်မှာကမ္ဘာ့အသင်းတော်များအဖွဲ့ချုပ်(National Council of Churches)ကနေ၁၀လပိုင်းပထမပတ်တနင်္ဂနွေနေ့မှာအတည်ပြုပေးခဲ့ပြီးအပြည်ပြည်ဆိုင်ရာအထိထိုးဖောက်လာခဲ့တာယနေ့မြန်မာပြည်အထိပါဘဲ။ကနဦးကအဖွဲ့အစည်းတခုထဲကနေစတင်လာပေမဲ့အခြားဂိုဏ်းဂနတွေကိုပါဝင်ဖို့ဖိတ်ခေါ်တဲ့အခါဆယ်စုနှစ်တခုအတွင်းRCနဲ့အော်သိုဒေါ့ကလွဲလို့ကျန်တာအားလုံးနီးပါးပါဝင်လာကြတာတွေ့ရှိခဲ့ရပါတယ်။RCနဲ့အော်သိုဒေါ့မပါဝင်လာကြတာဟာလဲသူတို့ကိုယ်၌ကအပတ်စဉ်တိုင်းပွဲတော်ရှိနေလို့ဖြစ်ပါမယ်၊ဒါဆိုကမ္ဘာတဝန်းလုံးခရစ်ယာန်မှန်သမျှအဲဒီနေ့မှာပွဲတော်အတူဝင်စားကြတယ်ပြောရင်မှားမယ်မထင်ပါဘူး။

ပွဲတော်နဲ့ပတ်သတ်ပြီးဂိုဏ်းဂနအသီးသီးကအနက်ဖွင့်တဲ့နေရာမှာတချို့မတူညီတာတွေရှိနေပေမဲ့ကြီးမားတဲ့တူညီချက်ကတော့သခင်ယေရှုခရစ်တော်ကိုအောက်မေ့ခြင်း၊တလုံးတဝပေါင်းစည်းခြင်းနဲ့ထာဝရကာလမှာခရစ်တော်နဲ့အတူပွဲတော်ဝင်စားခြင်းကိုမျော်လင့်ခြင်းဘဲဖြစ်ပါတယ်။၁၉၄၀ကနေယနေ့၂၀၂၄ထိဆိုရင်ကမ္ဘာ့ပွဲတော်နေ့ဟာ၈၅ကြိမ်မြောက်အနေနဲ့ကမ္ဘာတဝမ်းကယုံကြည်သူတွေအတူတကွသုံးဆောင်ကြမှာဖြစ်ပါတယ်။

ကျမ်းချက်
ကောရိန်သုဩဝါဒစာ ပဌမစောင် ၁၂:၁၃
အကြောင်းမူကား၊ ယုဒလူဖြစ်စေ၊ ဟေလသလူဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လူလွတ်ဖြစ်စေ၊ ငါတို့ရှိသမျှသည် ဝိညာဉ်တော်တပါးတည်းအားဖြင့် တကိုယ်တည်းထဲသို့ ဗတ္တိဇံကိုခံကြ၏။ ငါတို့ရှိသမျှသည် တစိတ် တဝိညာဉ် တည်းထဲသို့လည်း သောက်ကြ၏။