• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ထင်ခဲ့တာ…တကယ်တော့…

ဆရာရဲမင်း

10 月 24, 2024

ထင်ခဲ့တာ…တကယ်တော့…

၁။အခက်ခဲမရှိရင်ကောင်းမယ်ထင်ခဲ့တာ…
တကယ်တော့အခက်ခဲဆိုတာကောင်းကြီးဖြစ်လာမယ့်စစ်ဆေးခြင်းမှန်းမသိခဲ့ဘူး။

၂။ကျရှုံးခြင်းဟာတကယ်မကောင်းဘူးထင်ခဲ့တာ…
တကယ်တော့ကျရှုံးခြင်းဆိုတာအောင်မြင်ခြင်းရဲ့နိဒါန်းမှန်းမသိခဲ့ဘူး။

၃။မျက်ရည်စက်တွေဟာဘာလို့ဘဝမှာလိုက်ပါနေသလဲစဉ်းစားဘူးတယ်…
တကယ်တော့မျက်ရည်တွေသာမရှိခဲ့ရင်စစ်မှန်သောပျော်ရွှင်ခြင်းကဘာမှန်းသိခဲ့မှာမဟုတ်ဘူး။

၄။ရန်သူတွေသာမရှိရင်ကောင်းမယ်လို့ဆုတောင်းခဲ့တာ…
တကယ်တော့ရန်သူမရှိရင်သမ္မာသတိဆိုတာရှိနိုင်မှာမဟုတ်ဘူး။

၅။လက်ဝါးကပ်တိုင်တရားဟာရှက်စရာဘဲလို့ထင်ခဲ့တာ….
တကယ်တော့ကားတိုင်ပေါ်ကပေးဆပ်ခြင်းသာမရှိခဲ့ရင်တို့တွေဒီနေ့ထိအပြစ်နွံထဲမှာဘဲလေ…

ကိုယ်တော်ကျွန်ုပ်ပေါ်အမြဲကောင်းမြတ်နေတယ်။ဟာလေလုယာ၊အာမင်။