မနက်စောစောထဘုရားဝတ်ပြုခြင်း
တစ်ရက်တာရဲ့အကောင်းဆုံးအချိန်ဟာမနက်ခင်းပါလို့ကြားဘူးကြမှာပါ။
လူတစ်ယောက်ဘုရားကိုချစ်မချစ်ဆိုတာအိပ်ယာနဲ့ဘုရား ကြားဘယ်ဟာကိုရွေးမလဲဆိုတာကြည့်ပြီးသိနိုင်ပါသတဲ့။အိပ်ယာကိုပိုချစ်တဲ့သူကအကောင်းဆုံးအချိန်ကိုအိမ်ယာကမထကြဘူး၊ဘုရားကိုချစ်တဲ့သူကသူ့အကောင်းဆုံးအချိန်ကိုဘုရားကိုပေးကြသတဲ့။မနက်စောစောမထနိုင်မဝတ်ပြုနိုင်လို့ဘုရားကအပြစ်ပေးတာမျိုးတော့မဟုတ်သလိုမကယ်တင်တော့တာမျိုးလဲမဟုတ်ပါဘူး၊အဓိကဘုရားကိုသာ၍ချစ်ဖို့ပိုင်းပြောချင်ပါတယ်။
များသောအားဖြင့်မနက်စောစောမထနိုင်ရတဲ့အကြောင်းရင်းကညအိပ်တာနောက်ကျကြလို့ပါတဲ့။ဒါဆိုကိုယ့်ကိုကိုယ်မေးခွန်းတခုမေးရမှာကမူးယစ်ဆေးဝါးမသောက်နဲ့လို့ကျနော်တို့ကသွန်သင်နေတတ်ကြတာဘာလို့ပါလဲ?အဖြေကတော့ကိုယ့်ကိုပျက်စီးစေလို့၊ကျမ်းမာရေးထိခိုက်လို့၊ဝိညာဉ်တော်ကိန်းဝပ်တဲ့နေရာကိုဂရုစိုက်ရမှာမို့ဘာညာ….တကယ်တမ်းမေးရမှာကအိပ်နောက်ကျတာကကော?ကျန်းမာရေးထိခိုက်ပါသလားပေါ့?ဝိညာဉ်တော်ကိန်းဝပ်တဲ့နေရာကိုဂရုစိုက်ရာရောက်သလားပေါ့?ဒါဟာကိုယ့်ကိုကိုယ်မေးသင့်တဲ့မေးခွန်းပါ။
သမ္မာကျမ်းစာကစံနမူနာကိုကြည့်ရအောင်
၁။အာဗြံဟံ(ကမ္ဘာဦး19:27။ 21:14။ 22:3။)
၂။ယာကုပ်(ကမ္ဘာဦး28:8။)
၃။မောရှေ(ထွက်မြောက်ရာ8:20။ 9:13။ 24:4။ 34:4။)
၄။ယောရှု(ယောရှု3:1။ 6:12။ 7:16။ 8:10။)
၅။ဂိဒေါင်(တရားသူကြီး6:38)
၆။ဟန္န(၁ရာ1:19)
၇။ရှမွေလ(၁ရာ15:12)
၈။ဒါဝိဒ်(၁ရာ17:20)
၉။ယောဘ(ယောဘ1:5)
၁၀။တမန်တော်များ(တမန်တော်5:21)
၁၁။မာရိ(လုကာ24:22။ မဿဲ16:9။ ယောဟန်20:1)
၁၂။သခင်ယေရှုကိုယ်တိုင်(မာကု1:35)
ချစ်သောမိတ်ဆွေ
အထက်ပါရှိကျမ်းချက်ကလူတွေဟာမနက်စောစောထကြပြီးဘုရားအမှုတော်နဲ့ပတ်သက်တာအများလုပ်ကြတာရှာဖတ်ရင်သိကြမှာပါ။တကယ်ဘုရားကိုချစ်တဲ့သူတွေဟာမိမိရဲ့အကောင်းဆုံးအရာတွေကိုဆက်ကပ်ခဲ့တာကျမ်းစာဖတ်ရင်တွေ့ရမှာပါ။မနက်စောစောထပြီးဆုတောင်းမှဘုရားနားညောင်းမယ်လို့တော့မဟုတ်ပေမဲ့၊ဘုရားကိုချဉ်းကပ်ချိန်အကောင်းဆုံးဟာမနက်မှာဖြစ်ပါတယ်ဆိုတာပြောချင်တာပါ။စောစောထကျမ်းစာဖတ်ဆုတောင်းမလုပ်ဖူးသေးသူများစမ်းကြည့်ကြည့်ပါ၊တကယ်မွန်မြတ်ပါတယ်၊အိမ်ထောင်ရှိသူများကိုယ့်အိမ်ထောင်ဖက်နဲ့စောစောထကျမ်းစာအတူတူဖတ်ပြီး၊ဒူးထောက်”လက်တွဲ”ဆုတောင်းကြည့်ပါ။လက်ချင်းတွဲချိတ်ပြီးဆုတောင်းတာအကျင့်ဖြစ်စေပါ။တကယ်မွန်မြတ်ပါတယ်။ထမင်းစားဆုတောင်းမှာမိသားစုအားလုံးလက်တွဲပြီးဆုတောင်းတဲ့အနေထားလေးကပိုမွန်မြတ်ပါတယ်။တလုံးတဝတည်းအဖြစ်ကိုပို့ဆောင်နေပါတယ်။
ဖတ်ရှုသူအားလုံးကိုဘုရားသခင်ကောင်းကြီးပေးပါစေ။အာမင်။