• 周一. 4 月 20th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

နှစ်သစ်ကောင်းကြီးတစ်ဒါဇင်

ဆရာရဲမင်း

10 月 24, 2024

နှစ်သစ်ကောင်းကြီးတစ်ဒါဇင်

၁။ကျေးဇူးတော်ကောင်းကြီး
ဆာလံကျမ်း ၆၅:၁၁နှစ်တို့ကို ကျေးဇူးတော်နှင့် ပတ်ရစ်တော်မူ၍၊ ခြေတော်ရာတို့သည် ဆီဥယိုတတ်ကြပါ၏။

၂။ကြည့်ရှုပေးခြင်းကောင်းကြီး
တရားဟောရာကျမ်း ၁၁:၁၁-၁၂သင်တို့သွား၍ ဝင်စားလတံ့သောပြည်သည် တောင်များ၊ ချိုင့်များနှင့်ပြည့်စုံ၍ မိုးရေကိုသောက်သောပြည်၊သင်တို့၏ ဘုရားသခင်ထာဝရဘုရားပြုစု၍ တစ်နှစ်ပတ်လုံး ကြည့်ရှုတော်မူသောပြည် ဖြစ်၏။

၃။ကွယ်ကာခြင်းကောင်းကြီး
ဆာလံကျမ်း ၁၂၁:၇-၈ထာဝရဘုရားသည် မကောင်းသောအမှုအရာ အလုံးစုံတို့ကို ကွယ်ကာ၍၊ သင်၏အသက်ကို စောင့်တော်မူလိမ့်မည်။ထာဝရဘုရားသည် သင်၏ ထွက်ခြင်းနှင့် ဝင်ခြင်းတို့ကို ယခုမှစ၍ အစဉ်အပြတ် စောင့်တော်မူလိမ့်မည်။

၄။ကြွယ်ဝသောကောင်းကြီး
ဟေရှာယအနာဂတ္တိကျမ်း ၅၈:၁၁ထာဝရဘုရားသည် သင့်ကိုအစဉ် ပဲ့ပြင်တော်မူမည်။ အစာခေါင်းပါးသည် ကာလ၌ ဝစွာကျွေး၍၊ သင်၏အရိုးတို့ကို ခိုင်ခံ့စေတော်မူမည်။ သင်သည် ရေလောင်းသော ဥယျာဉ်ကဲ့သို့လည်းကောင်း၊ ရေမပြတ်နိုင်သော စမ်းရေတွင်းကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။

၅။ငြိမ်သက်ခြင်းကောင်းကြီး
ဖိလေမုန်ဩဝါဒစာ ၁:၃ငါတို့သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့်အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။

၆။ဂရုဏာကောင်းကြီး
ရှင်ယုဒဩဝါဒစာ ၁:၂သင်တို့၌ကရုဏာရှိပါစေသော။ ငြိမ်သက်ခြင်း နှင့်ချစ်ခြင်းများ ပြားပါစေသော။

၇။စောင့်မချမ်းသာခြင်းကောင်းကြီး
တောလည်ရာကျမ်း ၆:၂၄-၂၆ထာဝရဘုရားသည်၊ သင့်ကိုကောင်းချီးပေး၍ စောင့်မတော်မူပါစေသော။ထာဝရဘုရားသည် သင်၌မျက်နှာတော်အလင်းကိုလွှတ်၍ ကရုဏာကျေးဇူးပြုတော်မူပါစေသော။ထာဝရဘုရားသည် သင့်ကိုမျှော်ကြည့်၍ ချမ်းသာပေးတော်မူပါစေသော။ထာဝရဘုရားသည်သင့်ကို မျက်ဆန်တော်ကဲ့သို့ စောင့်တော်မူ၏။တရားဟောရာကျမ်း ၃၂:၁၀။

၈။သန့်ရှင်းခြင်းကောင်းကြီး
သက်သာလောနိတ်ဩဝါဒစာ ပဋ္ဌမစောင် ၅:၂၃ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင် ကိုယ်တော်တိုင်လည်း၊ သင်တို့ကို အကုန်အစင် သန့်ရှင်းစေတော်မူ ပါစေသော။ ငါတို့ သခင်ယေရှု ခရစ်ကြွလာတော်မူသောအခါ၊ သင်တို့၏ ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ်အပေါင်းကို အပြစ်တင်ခွင့်နှင့် ကင်းလွတ်စေခြင်းငှါ စောင့်မတော်မူပါစေသော။

၉။စည်းစိမ်ကောင်းကြီး
ဖိလိပ္ပိဩဝါဒစာ ၄:၁၉ငါ၏ဘုရားသခင်သည် ဘုန်းအာနုဘော်၌ စံပယ်တော်မူသော စည်းစိမ်ရှိသည်အတိုင်း၊ သင်တို့အလို ရှိသမျှတို့ကို ယေရှုခရစ်အားဖြင့် ပြည့်စုံစေတော်မူလိမ့် မည်။

၁၀။သမ္မာတရားရခြင်းကောင်းကြီး
ရှင်ယောဟန်ဩဝါဒစာ ဒုတိယစောင် ၁:၃ခမည်းတော်ဘုရားထံတော်က၎င်း၊ ခမည်းတော်၏သားတော် ယေရှုခရစ်အထံက၎င်း၊ သမ္မာတရား၊ မေတ္တာတရားနှင့်တကွ၊ ကျေးဇူး၊ ကရုဏာ၊ ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။

၁၁။စုံလင်ခြင်းကောင်းကြီး
ရှင်ပေတရုဩဝါဒစာ ပဋ္ဌမစောင် ၅:၁၀ခရစ်တော်ယေရှုအားဖြင့် ငါတို့ကို ထာဝရဘုန်းအသရေတော်သို့ခေါ်တော်မူသော၊ ခပ်သိမ်းသော ကျေးဇူးကိုပြုတော်မူသော ဘုရားသခင်သည် ခဏဆင်းရဲခံပြီးသော သင်တို့ကိုစုံလင်တည်ကြည်ခိုင်ခံ့မြဲမြံ စေ တော်မူလိမ့်မည်။

၁၂။အလုံးစုံသောကောင်းကြီး
တရားဟောရာကျမ်း ၂၈:၃-၇သင်သည် မြို့၌ မင်္ဂလာရှိလိမ့်မည်၊ တော၌ မင်္ဂလာရှိလိမ့်မည်။သားသမီးအားဖြင့်လည်းကေင်း၊ မြေအသီးအနှံအားဖြင့်လည်းကောင်း၊ တိရစ္ဆာန်ဖွားသော သားငယ်အားဖြင့်လည်းကေင်း၊ သိုးနွား အစီးအပွားအားဖြင့်လည်းကောင်း မင်္ဂလာရှိလိမ့်မည်။ခြင်တောင်း၌လည်းကောင်း၊ မုန့်နယ်သောခွက်၌လည်းကေင်း မင်္ဂလာရှိလိမ့်မည်။မိမိအိမ်ထဲသို့ ဝင်သောအခါ မင်္ဂလာရှိလိမ့်မည်၊ ပြင်သို့ထွက်သောအခါ မင်္ဂလာရှိလိမ့်မည်။