ယုံကြည်သူနှင့်တရုတ်နှစ်သစ်ကူး
ပျော်ရွှင်သောတရုတ်နှစ်သစ်ကူးဖြစ်ပါစေလို့အဦးဆုံးမေတ္တာပို့လိုက်ပါတယ်။တစ်နှစ်တခါကျရောက်တဲ့တရုတ်နှစ်သစ်ကူးဟာဒီနေ့နဲ့မနက်ဖြန်(၂လပိုင်း၄-၅)ဖြစ်ပါတယ်။ဒီချိန်မှာတရုတ်လူမျိုးနဲ့ပတ်သတ်သူမှန်သမျှနိုင်ငံဒေသအသီးသီးအလိုက်စည်ကားစွာကျင်းပနေကြပါပြီ။ဒီပွဲတော်ကြီးထဲမှာတရုတ်လူမျိုးသို့မဟုတ်တရုတ်လူမျိုးနဲ့ပတ်သတ်တဲ့ခရစ်ယာန်ယုံကြည်သူတွေလဲအများကြီးရှိနေပါတယ်။ဆိုတော့ဒီပို့စ်မှာအဓိကအနေနဲ့ခရစ်ယာန်ဖြစ်တဲ့တရုတ်လူမျိုးများဟာတရုတ်နှစ်သစ်ကူးကိုဘယ်လိုကျော်ဖြတ်သင့်ပါသလဲဆိုတာတင်ပြသွားမှာဖြစ်ပါတယ်။တကယ်တော့တရုတ်နှစ်သစ်ကူးဆိုတာနတ်ကိုးကွယ်မှုနဲ့ဘိုးဘေးကိုးကွယ်မှုအများအပျားပါဝင်ရောယှက်နေတာပါ။တရုတ်ခရစ်ယာန်များအနေနဲ့ခရစ်တော်ကိုမသိခင်ကြိုက်ရာလုပ်လို့ရပေမဲ့၊ခရစ်တော်ကိုသိပြီးပြောင်းလဲလာခဲ့သူအနေနဲ့တော့ဘုရားမကြိုက်တဲ့အရာတွေကိုလဲပြောင်းလဲပစ်ရပါလိမ့်မယ်။ဆိုတော့အချက်အနည်းငယ်အားဖြင့်တင်ပြလိုက်ရပါတယ်။
၁။ယုံကြည်သူများတရုတ်နှစ်သစ်ကူးမှာတံခါးဘေးနှစ်ဖက်နဲ့တံခါးထိပ်မှာနှစ်သစ်ကူးစာတွေပုံတွေကပ်လို့ရပါသလား?တရုတ်နှစ်သစ်ကူးမှာတရုတ်လူမျိုးများဟာတခါးဘေးနှစ်ဖက်နဲ့ထိပ်မှာစက္ကူအနီရောင်နဲ့ရွှေရောင်စာလုံးတွေကိုကပ်ထားလေ့ရှိပါတယ်၊ဒီနေရာမှာယုံကြည်သူအနေနဲ့အများလုပ်သလိုလိုက်မလုပ်သင့်ပါ။တကယ်ကပ်ချင်သပဆိုရင်ကျမ်းချက်တွေရေးကပ်လို့ရပါတယ်။
၂။တရုတ်နှစ်သစ်ကူးမှာယုံကြည်သူတွေဆေးလိပ်အရက်လောင်းကစားလုပ်လို့ရပါသလား?တရုတ်နှစ်သစ်ကူးမှာတရုတ်လူမျိုးများဟာစုဝေးမိပြီဆိုရင်ဆေးလိပ်အရက်သောက်လေ့ရှိသလိုအချို့ကလောင်းကစားပါလုပ်တတ်ကြပါတယ်။ဒီနေရာမှာယုံကြည်သူများအနေနဲ့လုံးဝလုံးဝသတိထားဆင်ခြင်သင့်ပါပေတယ်။မိသားစုဆွေမျိုးတွေစုံလင်ခိုက်မှာဧဝံဂေလိဟောဖို့ပုံသက်သေကောင်းထူဖို့အရေးကြီးလှရပါပေတယ်။ အဲလိုမှမဟုတ်ရင်မယုံကြည်သူတွေကယုံကြည်သူတွေဟာသူတို့နဲ့ထူးမခြားနားဘဲဆိုပြီးယေရှုအကြောင်းကိုသိချင်ကြမှာမဟုတ်သလိုယုံကြည်ကြမှာမဟုတ်ပါလေ။
၃။ယုံကြည်သူများအနေနဲ့သေပြီးသောဘိုးဘေးကိုကန်တော့လို့ရပါသလား?တရုတ်နှစ်သစ်ကူးမှာလုပ်ထုံးအများကြီးထဲကတခုဟာဘိုးဘေးစင်ရှေ့ကန်တော့ရတာပါ။ဒါကိုကြည်သူများလုံးဝမလုပ်ရပါ၊တရားဟောရာကျမ်း5:8-9မှာတိတိကျကျပြောထားပါပြီ။တရားဟောရာကျမ်း ၅:၈ အထက် မိုးကောင်းကင်၌လည်းကောင်း၊ အောက်အရပ် မြေကြီးပေါ်၌လည်းကောင်း၊ မြေကြီးအောက် ရေထဲ၌လည်းကောင်း ရှိသောအရာနှင့် ပုံသဏ္ဍာန်တူစွာ ရုပ်တုဆင်းတုကို ကိုယ်အဖို့မလုပ်နှင့်။ ဦးမချ၊ ဝတ်မပြုနှင့်။ “ဆိုတော့ယုံကြည်သူတွေဟာသေလွန်ပြီးသောဘိုးဘေးတွေအောက်မေ့လို့ရပေမဲ့ထိုင်ကန်တော့လို့မရပါ။သမ္မာကျမ်းစာရဲ့မိဘကိုရိုသေခြင်းဆိုတာမိဘနဲ့ဘိုးဘေးတွေအသက်ရှင်နေတုန်းရိုသေသေရတာပါ။သေပြီးရင်အောက်မေ့သတိယရုံမှတပါးမကိုးကွယ်မကန်တော့မဆည်းကပ်ရပါ။
၄။ယုံကြည်သူများတရုတ်နှစ်သစ်ကူးမှာနိုက်ကလပ်သို့မဟုတ်အရက် ကလပ်သို့သွားပျော်လို့ရပါသလား?အထူးသဖြင့်တရုတ်နှစ်သစ်ကူးမှာလူစုံမိပြီဆိုရင်နိုက်ကလပ်သွားတတ်ကြပါတယ်၊ယုံကြည်သူတွေအတွက်အဖြေကတော့မသွားတာအကောင်းဆုံးပါဘဲ။ဒါပေမဲ့သင်သွားချင်တယ်ဆိုရင်ဘုရားကလဲအတင်းတားမြစ်နေမှာတော့မဟုတ်ပါ။လူသားတိုင်းလွတ်လပ်ခွင့်ရှိနေလို့ပါ။
၅။ယုံကြည်သူများတရုတ်နှစ်သစ်ကူးမှာရုပ်တုရှေ့ပူဇော်သာအစားအစာ၊သေပြီးသောဘိုးဘွားစင်ရှေ့ပူဇော်ပြီးသောအစားအစာစားလို့ရပါသလား?တရုတ်နှစ်သစ်ကူးမှာအထူးအထူးသဖြင့်နတ်တွေအတွက်စားစရာစပယ်ရှယ်ပြင်ဆင်ရသလို၊သေပြီးသောဘိုးဘွားတွေအတွက်အစားအသောက်များစပယ်ရှယ်ပူဇော်ရပါတယ်၊ပြီးမှအဲဒီပူဇော်ပြီးသောအစားအစာကိုမိသားစုတွေတခါစားကြရပါတယ်။ဒီနေရာမှာယုံကြည်သူများသတိထားရမှာကဒီလိုအစားအသောက်တွေကိုရှောင်ရှားရမှာပါ။မိသားစုဆွေမျိုးသူငယ်ချင်းထမင်းဖိတ်ကြွေးတဲ့အခါမျိုးမှာဒီလိုပူဇော်ပြီးသားအစားအစာမှန်းသိနေလျှင်ခရစ်ယာန်မို့စားလို့မရကြောင်းရှင်းရှင်းလေးနဲ့ရိုရိုသေသေလေးဖြေပေးသင့်ပါပေတယ်။
၆။ယုံကြည်သူများတရုတ်နှစ်သစ်ကူးမှာအပြောအဆို၊အပြုအမှုနဲ့စိတ်နှလုံးကိုအထူးဂရုစိုက်ပါ။နှစ်သစ်ကူးေ
ရာက်တော့ဆွေမျိုးသူငယ်ချင်းမိသားစုစုံစုံလင်လင်တွေ့ရှိကြရပါတယ်။ဒီချိန်မှာစကားအများကြီးပြောရတဲ့အတွက်ကိုယ့်လျှာကိုဂရုစိုက်ပါ။ထို့အတူကျနော်တို့ယုံကြည်သူတွေနဲ့သူတို့မယုံကြည်သူဘာများကွာသလဲဆိုတာသူတို့ကကျနော်တို့ရဲ့အပြုအမှုကိုစောင့်ကြည့်နေမှာဖြစ်ပါတယ်။ထိုကြောင့်အပြောအဆိုအပြုအမှုတွတအားသတိထားရပါလိမ့်မယ်။အဓိကကတော့စိတ်နှလုံးကိုထိန်းသိမ်းဖို့ပါဘဲ။သမ္မာကျမ်းစာသုတ္တံကျမ်း ၄:၂၃ လဲခုလိုသွန်သင်ထားပါသေးတယ်”နှလုံးသည် အသက်၏အခြေအမြစ် ဖြစ်သောကြောင့်၊ သင်၏နှလုံးကို အထူးသဖြင့် စောင့်ရှောက်လော့”တဲ့။ဆိုတော့သင့်အားဖြင့်ဘုရားဘုန်းမရှုံ့ချမိစေဘဲ၊သင့်ပုံသက်သေအားဖြင့်သာအလင်းဖြစ်စေပါ။
နိဂုံး
ယုံကြည်သူတရုတ်လူမျိုးများအနေနဲ့တရုတ်နှစ်သစ်ကူးမှာအထူးအထူးဂရုပြုသင့်ပါပေတယ်။စာတန်ရဲ့ကျော့ကွင်းကိုရှောင်ရှားရပါလိမ့်မယ်။ဒီလိုနှစ်သစ်ကူးအချိန်လေးမှာဧဝံဂေလိလုပ်ရင်းကိုယ့်အပြောအဆိုအပြုမှုအားဖြင့်ဘုရားဘုန်းထင်ရှားစေပါ။အားလုံးဘဲတရုတ်နှစ်သစ်ကူးမှာပျော်ရွှင်ငြိမ်သက်ခြင်းနဲ့ပြည့်ဝကြပါစေ။