• 周四. 4 月 23rd, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

သင့်အတွက်ဘုရားသခင်ပေးသောစာ

ဆရာရဲမင်း

10 月 24, 2024

သင့်အတွက်ဘုရားသခင်ပေးသောစာ

သို့……
ချစ်သောသား/သ္မီး…..
သင့်ကိုငါချစ်တယ်(ယော၃:၁၆)။
ဒါကြောင့်မစိုးရိမ်နှင့်။ သင့်ကို ငါရွေးနှုတ်ပြီ။ ငါ့နာမဖြင့် မှည့်ပြီ။ သင့်ကို ငါဆိုင်၏။(ဟေရှာ၄၃:၁)။
အမိဝမ်းထဲ၌ ငါမဖန်ဆင်းမီ သင့်ကိုငါသိပြီ။ မဘွားမီကပင် သင့်ကို ငါသန့်ရှင်းစေ၍ပြီ။(ယေရမိ ၁:၅)။
သင်ဟာ ငါမြတ်နိုးရာဖြစ်သောကြောင့်၊သင့်ကိုငါရွေးကောက်ပြီ။(ယော၁၅:၁၆၊ဟေရှာ၄၃:၄)။
အကယ်စင်စစ်ထာဝရမေတ္တာနှင့်သင့်ကိုငါချစ်၏။ ထိုကြောင့်ကရုဏာကျေးဇူးကို သင်၌ ကြာမြင့်စွာပြမည်(ယေရမိ၃၁:၃)။
သင့်ကို အဘယ်သို့ စွန့်နိုင် မည်နည်း။ငါနှလုံးပြောင်းလဲ၍ အလွန် ကြင်နာ သော စိတ်ရှိ၏(ဟောရှေ ၁၁:၈)။
မိန်းမသည် မိမိဖွားသောသားကို မသနားသည်တိုင်အောင်၊ မိမိနို့စို့သူငယ်ကို မေ့လျော့နိုင်သလော။ အကယ်၍ မေ့လျော့သော်လည်း၊ သင့်ကို ငါမမေ့လျော့၊ ငါသည်ကိုယ်လက်ဝါး၌သင့်ကိုစာထိုးပြီ(ဟေရှာ၄၉:၁၅-၁၆)။
အကြောင်းမူကားငါသည်သင်၏ဘုရားသခင်ထာဝရဘုရားဖြစ်၍သင်မစိုးရိမ်နှင့်။ငါမစမည်၊သင်၏လကျာ်လက်ကိုကိုင်မည်(ဟေရှာ၄၁:၁၃)။
မစိုးရိမ်နှင့်။ ငါသည် သင်နှင့်အတူ ရှိ၏(ဟေရှာယ၄၃:၅)။
ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်နှင့်အတူ အစဉ်မပြတ် ရှိမည်(မသဲ၂၈:၂၀)။
သင် စိတ်နှလုံးပူပန်ခြင်းမရှိစေနှင့်။ ငါ့ကိုယုံကြည်ပါ(ယော ၁၄:၁)။
ငါသည် သင့်ကို မစသောသူရွှေးနုတ်သောသူဖြစ်၏(ဟေရှာ ၄၁:၁၄)။
သင်သည် ရေကို လျှောက်သွားသောအခါ၊ သင်နှင့်အတူ ငါရှိ၏။ မြစ်တို့ကို လျှောက်သွားသောအခါ၊ မနစ်မမွန်းရ။ မီးကို ချင်းနင်းသောအခါလည်း မလောင်ရ။ မီးလျှံလည်း မညိရ(ဟေရှာ၄၃:၂)။
ဘယ်လိုစားရမလဲဘယ်လိုဝတ်ရမလဲဆိုပြီးအသက်အဘို့မစိုးရိမ်နှင့်(လုကာ၁၂:၂၂)။
သင်ဆံပင်ကိုတောင်အကုန်အစင် ရေတွက်ပြီးဖြစ်တယ်(မဿဲ ၁၀:၃၀)။
တောင်ကြီးရွေ့၍၊ တောင်ငယ်တို့ကလှုပ်ရှားသော်လည်း၊ ငါ၏မေတ္တာသည် သင်မှမရွေ့ရ။ ငါ၏ငြိမ်သက်ခြင်း ပဋိညာဉ်လည်း မလှုပ်ရှားရ(ဟေရှာယ ၅၄:၁၀)။
ငါသည် ကိုယ်အဘို့သင့်ကို အစဉ်အမြဲ သိမ်းယူ မည်။ ဖြောင့်မတ်ခြင်း၊ တရားသဖြင့် စီရင်ခြင်း၊ ချစ် သနားစုံမက်ခြင်းနှင့်အညီ ကိုယ်အဘို့သင့်ကို သိမ်းယူမည်( ဟောရှေ၂:၁၉)။

ပုံ/
ငါဖြစ်သည်အတိုင်းငါဖြစ်တဲ့
သင်၏ထာဝရဘုရားသခင်(ထွက်၃:၁၄၊၆:၂)။