• 周一. 4 月 27th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

သေရင်ဘယ်သွားမှာလဲ

ဆရာရဲမင်း

10 月 24, 2024

သေရင်ဘယ်သွားမှာလဲ

အခြေပြုကျမ်း-၁သက်၄:၁၃-၁၈
ချစ်သောညီကိုမောင်နှမများခရစ်တော်၌မင်္ဂလာပါ။လူသားတစ်ယောက်အနေနဲ့ဒီကမ္ဘာမြေကြီးထဲရောက်လာပြီးဆိုတာနဲ့၊ဘယ်ကနေလာပြီးဘာလာလုပ်တာလဲ?၊သေရင်ဘယ်သွားမလဲဆိုတာသိထားရမှာဖြစ်ပါတယ်။ဒီအရာတွေကိုသိရှိနိုင်ဖို့သမ္မာကျမ်းစာကအဖြေပေးထားပါတယ်၊သမ္မာကျမ်းစာအရလူဟာဘုရားသခင်ဖန်ဆင်းခြင်းကနေစပြီးဆင့်ပွားလာတာဖြစ်ပါတယ်၊လူဖြစ်လာတဲ့အဓိကရည်ရွယ်ချက်က:
၁။ဘုရားလက်ရာတော်ကိုထင်ရှားစေရန်
၂။ဖန်ဆင်းခြင်းအားလုံးကိုကွပ်ကဲရန်
၃။များပြားစွာမွေးဖွားဖို့ရန်ဖြစ်ပါတယ်။

ဒါဆိုရင်သေပြီးဘယ်သွားမှာလဲ?လူသားတိုင်းတနေ့ဧကန်မုချသေရမှာပါ(ဟေဗြဲ၉:၂၇)။မသေချင်လဲလူတိုင်းသေရမှာပါ၊သင်မသေချင်သေးလို့သင့်ကိုမသေခိုင်းတာမျိုးမရှိပါ။လူသားတိုင်းမျှတစွာသေခြင်းနဲ့ရင်ဆိုင်ကြရမှာပါ။ဒါကိုယုံကြည်သူခရစ်ယာန်တယောက်အနေနဲ့ဘယ်လိုနားလည်ခံယူထားသင့်ပါသလဲ?ခုနဖတ်သွားတဲ့ကျမ်းချက်အရဆိုရင်ယုံကြည်သူခရစ်ယာန်တဦးသေရင်သေတယ်လို့မပြောဘဲအိပ်ပျော်တာဖြစ်ကြောင်းတွေ့ရပါတယ်၊ဒါကြောင့်လဲခရစ်ယာန်နာရေးတွေမှာသီချင်းဆိုကြ၊တရားဟောကြတာပေါ့။တနည်းအားဖြင့်ပြောရရင်ခရစ်ယာန်ယုံကြည်သူတွေရဲ့အသုဘ(နာရေး)ဟာသေသူအတွက်လုပ်ပေးခြင်းသာမဟုတ်ဘဲ အဓိကအသက်ရှင်နေသေးတဲ့လူတွေကိုအမြင်မှန်ရအောင်၊ယေရှုခရစ်တော်ကိုတောင့်တအောင်လုပ်နေတာဖြစ်ပါတယ်။ဒါကြောင့်လဲ(ဒေသနာကျမ်း ၇:၂) မှာဒီလိုဖော်ပြထားပါတယ်၊”မသာအိမ်သို့ သွားခြင်းသည်၊ ပွဲခံရာအိမ်သို့ သွားခြင်းထက် သာ၍ကောင်း၏။ အကြောင်းမူကား၊ လူခပ်သိမ်းတို့သည် မသာအိမ်၌ လမ်းဆုံးရကြ၏။ အသက်ရှင်လျက်ရှိသော သူတို့လည်း၊ အသင့်နှလုံး သွင်းမိကြလိမ့်မည်။”ဒီကျမ်းချက်ရဲ့ဆိုလိုရင်းကမသာအိမ်သွားခြင်းဖြင့်မိမိဘဝအသက်တာကိုဆင်ခြင်တတ်လာမယ်ဆိုတာပါဘဲ။

ယုံကြည်သူမိသားစုတွေထဲမှာတဦးတစ်ယောက်ဆုံးပါးသွားခြင်း၊သေခွဲကွဲခြင်းဟာစိတ်ဆင်းရဲရပေမဲ့၊ခရစ်တော်ကိုယုံကြည်သူတွေအနေနဲ့တော့ဒါဟာဘဝသစ်အလင်းတန်းလေးပါ။လူတွေကတော့သေပြီးရင်ဘာမှမရှိတော့ဘူးလို့ပြောတတ်ကြပေမဲ့သမ္မာကျမ်းစာဖော်ပြချက်အရတော့ခန္ဓာခေတ္တအိပ်စက်ခြင်းသာဖြစ်ပြီး၊တရက်ကျရင်ရှင်ပြန်ထမြောက်မှာဖြစ်ကြောင်းအတိအလင်းဖော်ပြထားပါတယ်။

လောကလူသားတိုင်းလိုလိုသေခြင်းကိုကြောက်ကြပါတယ်၊သေခြင်းကိုအပြစ်ဒဏ်ခံရခြင်းလို့ဆိုကြပါတယ်၊တကယ်လဲလူအပြစ်လုပ်လို့ဘုရားသခင်ကသေခြင်းနဲ့အပြစ်ပေးခဲ့တာပါ။ဒါပေမဲ့ယနေ့ခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်အဖြစ်လက်ခံပြီးတဲ့အချိန်မှစပြီးဒီအမင်္ဂလာကနေလွတ်မြောက်ခဲ့ပါပြီ၊ဟာလေလုယာ။ဒါကြောင့်ယုံကြည်သူဖြစ်ပြီးချိန်မှစသေခြင်းကိုအိပ်ပျော်ခြင်းဘုန်းတော်ဝင်စားခြင်းဆိုပြီးခေါ်ဆိုခဲ့ကြတာပါ။ဥပမာတနေကုန်အလုပ်ပင်ပန်းတဲ့သူအတွက်တော့အိပ်ပျော်ခြင်းဟာအလွန်မွန်မြတ်တဲ့အရာပါ။အိပ်ပျော်တယ်ဆိုခြင်းဟာတနေ့ကျရင်ပြန်နိုးလာမှာဖြစ်လို့ပါ။ဒါကြောင့်ဗျာဒိတ်ကျမ်း ၁၄:၁၃”တဖန်တုံ၊ ကောင်းကင်အသံကား၊ ယခုမှစ၍ သခင်ဘုရား၌ သေသောသူတို့သည် မင်္ဂလာရှိကြ၏ဟု ရေးထားလော့ဟု ပြောဆိုသည်ကို ငါကြား၏။ ဝိညာဉ်တော်ကလည်း၊ ထိုသို့မှန်ပေ၏။ ထိုသူတို့သည် ပင်ပန်း ခြင်းငြိမ်းမည်အကြောင်းရှိ၍၊ သူတို့၏ အကျင့်တို့သည်လည်း သူတို့နှင့်အတူ လိုက်ကြ၏ဟုမိန့်တော်မူ၏။”လို့ပြောပါတယ်။ချစ်သောညီကိုမောင်နှမတို့၊ဒီကျမ်းကိုကြည့်မယ်ဆိုရင်ဘုရားသခင်၌သေတာဟာမင်္ဂလာရှိတယ်လို့အတိအလင်းပြောထားပါတယ်။ယနေ့ခရစ်တော်၌သေသောသူများအားလုံးမင်္ဂလာရှိသောသူများဖြစ်ပါတယ်၊ဟာလေလုယာ။ကျေးဇူးတော်ကြီးလှပါပေတယ်။

ချစ်သောညီကိုမောင်နှမတို့၊လူ့ဘဝမှာအသက်ရှင်နေထိုင်ဖို့အတွက်အရေးကြီးသလို၊သေပြီးဘယ်သွားမလဲဆိုတာလဲပိုအရေးကြီးကြောင်းယနေ့ဝှေငှခဲ့တာပါ။ယနေ့သင်ဆင်ခြင်ကြည့်ပါ၊သင်တနေ့သေရင်ဘယ်သွားမလဲ?သခင်ယေရှုကတော့သူသွားပြီးသူ့လူတွေနေစရာအဖို့အခန်းလုပ်နေတယ်လို့ဆိုပါတယ်၊တနေ့ကျရင်ယေရှုခရစ်တော်ဟာပြန်လာပြီးသူ့ကိုယုံကြည်လက်ခံသူမှန်သမျှလာခေါ်မှာဖြစ်ပါတယ်။ဒါကြောင့်ယနေ့ယုံကြည်သူခရစ်ယာန်များကိုယ်သေခဲ့ရင်ပရာတိသုဘုံရောက်မှာဖြစ်ကြောင်းနားလည်ထားပါ။ဒါကြောင့်လဲခရစ်ယာန်တွေသေခြင်းကိုရင်ဆိုင်တဲ့အခါမှာပြုံးပြုံးလေးနဲ့သာများပါတယ်၊သူဘယ်ဆက်သွားမလဲဆိုတာသူသိနေလို့ဖြစ်ပါတယ်။ချစ်သောမိတ်တွေယနေ့သင်ကောသေပြီးဘယ်သွားမလဲဆိုတာသေချာပြီလား၊မသေချာသေးရင်ယေရှုခရစ်တော်ကိုအမြန်ဆုံးလက်ခံယုံကြည်လိုက်ပါ၊အခမဲ့အာမခံချက်ပေးမှာဖြစ်ပါတယ်။