လောကဧည့်သည် (သို့)ငွေနှင့်ဝယ်မရသောအရာများ
ကြက်များစွာရှိသောလှောင်အိမ်ကိုမြေခွေးတကောင်
ကတွေ့သွားပြီးလှောင်အိမ်အပေါက်ဝကနေဝင်ဖို့လုပ်
သော်…ကိုယ်လုံးကြီးနေသောကြောင့်ဝင်မရ၊ဒါနဲ့အပေါက်ဝမှာဘဲသုံးရက်သုံးညစောင့်ပြီး…
ပိန်ကျသွားမှဝင်လို့ရသွားသည်။လှောင်အိမ်ထဲဝင်ပြီးအဝစားပြီးမှပြန်ထွက်မယ်လုပ်
တော့ဗိုက်ကားနေပြီးပြန်ထွက်မရတော့…အထဲမှာဘဲ
သုံးရက်သုံးညနေပြီးပိန်မှပြန်ထွက်လာခဲ့ရလေသည်။ထွက်လာမှနောင်တရနေမိသည်။ဝင်ခဲ့တယ်၊အဝစားခဲ့ရ
တယ်၊ဒါပေမဲ့မစားခင်နဲ့စားပြီးခုထူးမခြားနား၊ပါးစပ်မှာဘဲ
အရသာခနခံခဲ့ရတာကလွဲလို့တပါတ်အချိန်မျောပြီလေ။
ချစ်သောမိတ်ဆွေ
လူ့ဘဝကလည်းထို့အတူပါဘဲ၊မွေးလာတဲ့ချိန်ဘာမှမပါလာသလို
သေသွားတဲ့ချိန်လည်းဘာမှမယူသွားနိုင်ချေ။
ငယ်ရွယ်နုပျိုခြင်းနဲ့စတေးပြီးရှာခဲ့တဲ့ငွေက
နုပျိုခြင်းကိုပြန်ပြီးမဝယ်ပေးနိုင်ပါလေ။
မိမိအသက်နဲ့ရင်းပြီးရှာခဲ့တဲ့ငွေက
မိမိအသက်ကိုပြန်မဝယ်နိုင်ပါလေ။
ပျော်ရွှင်ရမဲ့အချိန်တွေကိုစတေးပြီးရှာခဲ့တဲ့ငွေက
စစ်မှန်သောပျော်ရွှင်ခြင်းကိုမပေးနိုင်ပါလေ။
ကိုယ့်အချိန်ကုန်ခံပြီးရှာဆုခဲ့တဲ့ငွေက
ကိုယ့်အချိန်ကိုတိုးဖို့ပြန်ဝယ်လို့မရခဲ့ပြီလေ။
ကိုယ့်ဘဝတခုလုံးနဲ့ရင်းပြီးရှာခဲ့တဲ့ငွေက
ကိုယ့်ဘဝသစ်တခုပြန်လည်ရရှိဖို့မလုပ်ပေးနိုင်ပါလေ။
ဒါကြောင့်ချစ်မိတ်ဆွေ
အလုပ်ချိန်အလုပ်လုပ်ပါ။နားချိန်နားပါ။ပျော်ရွှင်လန်းဆန်းစွာအသက်ရှင်ပါ။
ရှိတာလေးနဲ့ရောင့်ရဲပါ။ချစ်ရမဲ့သူကိုချစ်ပါ။လူ့ဘဝတိုတိုလေးမှာသီးခံခွင့်လွတ်ပါ။
ကိုယ့်မှာမရှိတာကိုကြိုးစားရှာဖွေရင်းနဲ့ကိုယ့်မှာရှိတဲ့အရာတွေကိုမမေ့လျော့စေပါနဲ့။
ငွေနဲ့အဆင့်မြင့်တိုက်အိမ်ဝယ်နိုင်ပေမဲ့
ပျော်ရွှင်တဲ့အိမ်ထောင်ကိုတော့ဝယ်လို့မရပါလေ။
ငွေနဲ့အဆင့်မြင့်နာရီကြီးဝယ်နိုင်ပေမဲ့
အချိန်ကိုတော့ပြန်ဝယ်လို့မရတော့ပါ။
ငွေနဲ့အကောင်းဆုံးကုတင်ကိုဝယ်နိုင်ပေမဲ့
နှစ်ခြိုက်စွာအိပ်ပျော်ခြင်းကိုဝယ်လို့မရပါလေ။
ငွေနဲ့စာအုပ်ပေါင်းမြောက်များစွာဝယ်နိုင်ပေမဲ့
ပညာကိုတော့ဝယ်လို့မရပါလေ။
ငွေနဲ့အဆင့်မြင့်ဆေးရုံနောက်ဆုံးပေါ်ဆေးဝယ်နိုင်ပေမဲ့
ကျမ်းမာခြင်းကိုတော့ဝယ်လို့မရပါလေ။
ငွေနဲ့အဆင့်မြင့်ရာထူးကိုဝယ်နိုင်ပေမဲ့
လေးစားခံရခြင်းကိုတော့ဝယ်လို့မရပါလေ။
ငွေနဲ့သွေးကိုဝယ်လို့ရပေမဲ့
အသက်ကိုတော့ဝယ်လို့မရပါလေ။
ငွေနဲ့ကာမလိင်ဝယ်လို့ရပေမဲ့
တကယ့်အချစ်စစ်ကိုတော့ဝယ်လို့မရနိုင်ပါလေ။
…………………………………………………………………………
ကျမ်းချက်
လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့်ရွေးနိုင်သနည်း။မဿဲ ၁၆း၂၆။