• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ငွေသိန်း၁၀၀ရှိခဲ့သော်

ဆရာရဲမင်း

10 月 11, 2024

ငွေသိန်း၁၀၀ရှိခဲ့သော်

“ဘုရားကျွန်တော့်ကိုအခုငွေသိန်းတစ်ရာသာပေးခဲ့ရင်၊တဝက်ကိုဘုရားသာသနာမှာလှူမယ်ကွာ!”……
အသင်းသားတဦးကပြောလိုက်သောစကားကိုသင်းအုပ်ဆရာကြားလိုက်သည်။
သင်းအုပ်ကဒီအသင်းသားကိုမေးလေသည်၊”အကယ်လို့တိုက်အိမ်ဆယ်အိမ်ပိုင်ဆိုင်ခဲ့ရင်ကောတဝက်ကိုသာသနာမှာလှူမှာလား?”……၊
အသင်းသားမှ”ဪ…ဆရာရယ်ရှိကြည့်ပါလား၊လှူမှာပေါ့ဗျာ”။
ဒီချိန်မှာသင်းအုပ်ဆရာမှပြန်မေးလိုက်ပြန်သည်မှာ”အကယ်၍ဝက်နှစ်ကောင်ပိုင်ဆိုင်ခဲ့ရင်ကော တကောင်ဘုရားအတွက်လှူမှာလား?”……………………
ဤတွင်အသင်းသားမှသင်းအုပ်ဆရာကိုစိုက်ကြည့်ပြီးဖြေလိုက်သည်မှာ…
“ဒါမတရားဘူး၊ကျွန်တော့်အိမ်မှာဝက်နှစ်ကောင်ဘဲရှိတာဆရာသိရက်သားနဲ့ဗျာ”။
………………ပြီး…………………..

ချစ်သောမိတ်ဆွေ
ဘုရားကျောင်းမှာ”ရှိသမျှလှူမယ်…”ဆိုတဲ့ဓမ္မသီချင်းကိုခဏခဏဆိုနေကြပေမဲ့၊ယုံကြည်သူအချို့ဟာလက်တွေ့မှာရှိသမျှလှူမယ်ဆိုတာသီချင်းထဲမှာဘဲချန်ထားကြတာ၊ဒါဆိုတဝက်လား?မဖြစ်နိုင်ဘူး။ဆယ်ဖို့တဖို့တောင်မထည့်တဲ့ယုံကြည်သူကရှိပါသေးတယ်။ရှိနေတာလေးနဲ့တောင်မလှူဘဲအကယ်၍တကယ်ရှိခဲ့ရင်လည်းလှူပါမည်လော?တကယ့်လှူဒါန်းခြင်းဟာကိုယ်ဘယ်လောက်လှူနိုင်တယ်ဆိုတာထက်ကိုယ်ရှိတဲ့ဥစ္စာထဲကဘယ်လောက်ချန်ခဲ့ပြီးဘုရားအတွက်ဘယ်လောက်လှူနေပြီလဲဆိုတာပါဘဲ။

ကျမ်းချက်
ရှင်လုကာခရစ်ဝင် ၂၁:၁ -၄ ထိုနောက် ကိုယ်တော်သည် မျှော်ကြည့်၍၊ ငွေရတတ်သောသူတို့သည် အလှူဒါနကို ဘဏ္ဍာတိုက်ထဲသို့ သွင်းချသည်ကို မြင်တော်မူ၏။ဆင်းရဲသော မုတ်ဆိုးမတယောက်သည်လည်း ကြေးနီဒင်္ဂါးနှစ်ပြား သွင်းချသည်ကို မြင်တော်မူလျှင်၊ငါအမှန်ဆိုသည်ကား၊ ထိုဆင်းရဲသော မုတ်ဆိုးမသည် အခြားသောသူအပေါင်းတို့ထက် သာ၍ သွင်းချပြီ။အကြောင်းမူကား၊ ထိုသူအပေါင်းတို့သည် မိမိတို့ကြွယ်ဝသော စည်းစိမ်ထဲကနှုတ်၍ ဘုရားသခင်၏ အလှူတော်စုထဲသို့ သွင်းချကြ၏။ ထိုမိန်းမမူကား၊ အလွန်ဆင်းရဲလျက်ပင် မိမိအသက်မွေးစရာ ဥစ္စာရှိသမျှကို သွင်းချလေပြီဟု မိန့်တော်မူ၏။

May GOD Bless You