• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

သမ္မာကျမ်းစာထဲမှခုနှစ်မျိုးသော၇

ဆရာရဲမင်း

10 月 10, 2024
သမ္မာကျမ်းစာထဲမှခုနှစ်မျိုးသော”၇”
သမ္မာကျမ်းစာထဲတွင်ဂဏန်းအမျိုးမျိုးရှိသည့်အနက်”၇”ဂဏန်းကိုအနည်းကျဉ်းတင်ပြလိုက်ပါသည်။သမ္မာကျမ်းစာထဲရှိ ၇ ဂဏန်းသည်ပြည့်စုံခြင်းကိုပုံဆောင်ပါသည်။
………………………………………….
၁။ယေဟောဝါဆိုင်ရာနာမတော်”၇”မျိုး
1.ယေဟောဝါယိရေ=(Jehovah-jireh)=ဘုရားသခင်ပြင်ဆင်လိမ့်မည်။(ကမ္ဘာဦးကျမ်း ၂၂း၁၄)
2.ယေဟောဝါရှာလုံ(Jehovah-shalom)=ဘုရားသခင်ငြိမ်သက်ခြင်းပေးလိမ့်မည်။(တရားသူကြီး၆:၂၄)
3.ယေဟောဝါနိသိ(Jehovah-nissi)=ဘုရားသခင်သည်ငါ၏အလံတော်။(ထွက်မြောက်ရာ၁၇:၁၅)
4.ယေဟောဝါရှမ္မJehovah-shammah)=ဘုရားသခင်သည်ငါနှင်အတူပါရှိ။(ယေဇကျေလ ၄၈:၃၅)
5.ယေဟောဝါဇေဒကနု(Jehovah-tsidqenu)=ဘုရားသခင်သည်ငါ၏ဖြောင့်မတ်ခြင်း(ယေရမိ၂၃:၆)
6.ယေဟောဝါရိုရီ(Jehovah-rohi)=ဘုရားသခင်သည်ငါ၏သိုးထိန်း။(ဆာလံ၂၃း၁)
7.ယေဟောဝါရိုဘာ(Jehovah-rophe)=ဘုရားသခင်သည်ငါ၏ကုသရာ။(ထွက်မြောက်ရာ၁၅:၂၆)
မှတ်ချက်။   ။ဘုရားနာမအမျိုးမျိုးရှိသည့်အနက်ယေဟောဝါကယ်တင်ခြင်းနှင့်ဆိုင်သောနာမခုနှစ်မျိုးကိုသာဖော်ပြခြင်းဖြစ်ပါသည်။
……………………………………………..
၂။ယေရှုခရစ်၏ခုနှစ်မျိုးသော“ငါသည်”
ကက—ငါသည်အသက်၏မုန့်
ကက—ငါသည်လောက၏အလင်း
ကက—ငါသည်သိုးတို့၏တံခါး
ကက—ငါသည်ကောင်းသောသိုးထိန်း
ကက—ငါသည်ထမြောက်ခြင်း
ကက—ငါသည်သမ္မာတရား၊အသက်၊လမ်း
ကက—ငါသည်မှန်သောစပျစ်နွယ်ပင်
…………………………………………….
၃။ထာဝရဘုရား၏ဝိညာဉ်တော်ခုနှစ်မျိုး
  ~ ထာဝရဘုရား၏ဝိညာဉ်တော်
  ~ ပညာပြည့်စေသောဝိညာဉ်တော်
  ~ ဉာဏ်ကိုပေးသောဝိညာဉ်တော်
  ~ ကြံစည်စေတတ်သောဝိညာဉ်တော်
  ~ တတ်စွမ်းနိုင်စေသောဝိညာဉ်တော်
  ~ သတ္တိကိုပေးသောဝိညာဉ်တော်
  ~ ထာဝရဘုရားကိုသိ၍ ကြောက်ရွံ့သောသဘောကိုပေးသောဝိညာဉ်တော်။(တရားဟော၃၄း၉၊ဟေရှာယ ၁၁:၂)
……………………………………………..
၄။ပဋိညာဉ်ခုနှစ်မျိုး
ကက-အာဒံပဋိညာဉ်(ကမ္ဘာဦး၂:၁၆-၁၇)
ကက-နောဧပဋိညာဉ်(ကမ္ဘာဦးအခန်းကြီး၉)
ကက-အာဗြံဟံပဋိညာဉ်(ကမ္ဘာဦးအခန်းကြီး၁၇)
ကက-တိနာတောင်ပဋိညာဉ်(ထွက် ၁၉း၄-၆)
ကက-ပါလယ်စတိုင်းပဋိညာဉ်(တရားဟောရာအခန်းကြီး၂၉-၃၀)
ကက-ဒါဝိဒ်ပဋိညာဉ်(၂ရာ အခန်းကြီး၇)
ကက-တရားသစ်ပဋိညာဉ်(ယေရမိ၃၁း၃၁-၃၃)
………………………………………………
၅။တဲတော်မှအရေးကြီးပစ္စည်းခုနှစ်မျိုး
~ယဇ်ပလ္လင်
 ~ကြေးဝါအင်တုံ
 ~မီးခုံမီးခွက်
 ~စားပွဲ
 ~နံ့သာပေါင်းရှို့သောပလ္လင်
 ~ပဠိညာဉ်သေတ္တာ
 ~ခေရုဗိမ်နှစ်ပါးဖြင့်သတ္တာဖုံး။
……………………………………………….
၆။က္ကုသရေလလူမျိုးတို့၏ပွဲတော်ခုနှစ်မျိုး
ကက~ပသခါပွဲ(ထွက်12:1-14)
ကက~အဇုမပွဲ(ထွက်12:15-16)
ကက~ပင်တေကုတ္တေပွဲ(ဝတ်ပြု 23:15-16)
ကက~တံပိုးမှုတ်ပွဲ(ဝတ်ပြု 23:24-25)
ကက~အပြစ်ဖြေရာနေ့(ဝတ်ပြု 23:26-32)
ကက~သကေနေပွဲ(ဝတ်ပြု 23:33-36)
ကက~ပုရနေ့(ဧသတာ 9:20-21,26-28)
………………………………………………
၇။ဝိညာဉ်တိုက်ပွဲအတွက်လက်နက်ခုနှစ်မျိုး
~သစ္စာတည်းဟူသော ခါးပန်း
~ဖြောင့်မတ်ခြင်းပါရမီတည်းဟူသောရင်အုပ်
~ငြိမ်သက်ခြင်းဧဝံဂလိတရားဟောဖို့ခြေစွပ်
~ယုံကြည်ခြင်းတည်းဟူသော လွှား
~ကယ်တင်ခြင်းဖြစ်သောသံခမောက်လုံး
~နူတ်ကပတ်ဖြစ်သောဝိညာဉ်တော်၏ဓား
~ဆုတောင်းပဌာနာအမျိုးမျိူး  (ဧဖက်6:14-18)
……………………………………………….
မှတ်ချက်။   ။ကျမ်းစာတအုပ်လုံးတွင်၇မျိုးရှိသောအရာဒီထပ်မကကျန်ပါသေးသည်။ဥပမာဗျာဒိတ်ကျမ်းတကျမ်းထဲတွင်၇ဖြစ်သောအရာခုနှစ်မျိုုးရှိပါသည်။(အသင်းတော်၇ပါး၊တံဆိပ်၇ချက်၊တံပိုးသံ၇ချက်၊အရေးကြီးပဂ္ဂိုလ်၇ဦး၊ဘေးဒဏ်ဖလား၇ခွက်၊စီရင်မှုကြီး၇ခု၊အသစ်မြင်ရသောအရာ၇မျိုး)။ပို့စ်တွင်စာလုံးပေါင်းနှင့်ဘာသာပြန်အအသံထွက်များလွဲနိုင်ပါသည်။ထောက်ပြနိုင်ပါသည်။ပို့စ်မပြင်ဘဲလွတ်လပ်စွာshareနိုင်ပါသည်။
May GOD Bless you