သမ္မာကျမ်းစာခေတ်နောင်းသွားပြီတဲ့လား?
AD.1880ဝန်းကျင်၊ ပြင်သစ်နိုင်ငံရဲ့မြို့ပြတနေရာမှ၊တက္ကသိုလ်ကျောင်းသားတယောက်ရထားပေါ်ခပ်သွက်သွက်တက်လာထိုင်သည်။ဘေးမှာထိုင်နေတာကတော့လယ်သမားဦးလေးကြီးပုံစံနဲ့လူကြီးတဦးပေါ့၊အဘိုးကြီးလက်ထဲမှာသမ္မာကျမ်းစာအုပ်ကိုင်ထားပြီးပါးစပ်မှာလဲတတွတ်တွတ်ရွှတ်နေသည်။
ဒီတော့ကျောင်းသားက…
ဦးလေး၊ဒီလိုခေတ်နောက်ကျနေတဲ့အယူတွေကိုခုထိယုံတုန်းလားဗျ။
ဦးလေးကြီးက…အင်းဟုတ်တယ်ယုံတယ်လေ၊လူလေးကမယုံဘူးလား?
ကျောင်းသားကရယ်သံဖြင့်…ကျနော်ကဒီလိုလိမ်လည်ဇာတ်တွေမယုံတော့ဘူးဗျ၊ ဒီမှာဦးလေးကျနော်ပြောရရင်ခေတ်နောက်ကျနေတဲ့သမ္မာကျမ်းစာကိုပစ်လိုက်ပြီးသိပ္ပံပညာတွေလေ့လာကြည့်ပါဗျာ။
ဦးလေးကြီးက…သိပ္ပံပညာ?ဦးလေးကဒီပိုင်းမှာသိပ်နားမလည်ဘူးလေ၊လူလေးနည်းနည်းလောက်ရှင်းပြပါလား။
ကျောင်းသားက…သိပ္ပံပညာဆိုတာစကားတခွန်းနှစ်ခွန်းနဲ့တင်ရှင်းပြလို့မရဘူးဗျ၊ဒီလိုလုပ်ဗျာ…ဦးလေးလိပ်စာလေးပေးခဲ့လေဗျာ၊ကျနော်စာအုပ်တချို့ပို့ပေးမယ်၊လေ့လာကြည့်ပေါ့။
ဦးလေးကြီးကအိပ်ထဲကနေလိပ်စာကဒ်နိုက်ယူပြီးတက္ကသိုလ်ကျောင်းသားကိုပေးလိုက်ပါသည်။
ကျောင်းသားကလိပ်စာကဒ်ယူပြီးကြည့်လိုက်တော့……ချက်ချင်းမျက်နှာနီသွားပါတော့သည်။ခေါင်းလဲမဖော်ရဲတော့ဘဲခရီးဘယ်ချိန်ရောက်မလဲဆိုပြီးစိတ်လောနေပါတော့သည်။
လိပ်စာကဒ်မှာရေးထားတာကတော့
Louis Pasteur
President of the Academy of Paris
(ပဲရစ် သိပ္ပံပညာရေးကျောင်းအုပ်တဲ့) ဒီတက္ကသိုလ်ကျောင်းသားဒီနေ့ကမ္ဘာသိပ္ပံပညာရှင်တဦးဖြစ်သူနဲ့တွေ့ရှိခဲ့ရပါတော့သည်။
ကျမ်းချက်
ငါသည်ပညာရှိ၏ဟု ကိုယ်ကိုမထင်နှင့်။ ထာဝရဘုရားကို ကြောက်ရွံ့၍ ဒုစရိုက်ကိုရှောင်လော့။ သုတ္တံကျမ်း၃း၇
မိတ်ဆွေ
musicသံစဉ်တွေကိုသင်တွေ့နိုင်ပါသလား?လေနဲ့လေလိုင်းတွေကိုကော?ကိုယ်ခန္ဓာကဘတ်တီးရီးယားတွေနဲ့ဖုန်းလိုင်းတွေကိုတွေ့နိုင်ပါသလား?ဒါပေမဲ့ဒီအရာတွေတကယ်တည်ရှိနေပါတယ်။သင်သိပါသလား?ကမ္ဘာလူသားတွေဒီလောက်များတာ၊လူတဦးချင်းစီရဲ့လက်ဗွေတွေလုံးဝမတူကြဘူးဆိုတာ!သင်သိပါသလား?သင်မသိတာတွေအများကြီးရှိပါသေးတယ်။ဘာကြောင့်လဲဆိုတော့၊သင်နှင့်ကျွန်ုပ်တို့အားလုံးဟာအကန့်သတ်ရှိလို့ပါဘဲ။ဒါပေမဲ့ထာဝရဘုရားသခင်ဟာအကန့်သတ်မရှိတဲ့ဘုရားပါ၊တကယ်လို့သင်ဟာဒီခံယူချက်နဲ့သမ္မာကျမ်းစာကိုသွားလေ့လာမယ်ဆိုရင်ဖြင့်အကျိုးပိုသက်ရောက်လိမ့်မယ်မိတ်ဆွေ။
Ye Ming(ပတ္တမြားမြေ)
ဤအကြောင်းကိုgoogleတွင်ရှာဖွေလေ့လာနိုင်သည်။GOD Bless You.
Photo: Louis Pasteur(1822-1895)