• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ခွေးရူးတွေကိုရှောင်ပါ

ဆရာရဲမင်း

10 月 11, 2024

ခွေးရူးတွေကိုရှောင်ပါ။

ကျားကြီးတကောင်ဟာခွေးရူးတကောင်ကိုတွေ့တော့ချက်ချင်းပုန်းရှောင်လိုက်သတဲ့၊
ဒါကိုကျားငယ်လေးက
“အဖေကခြင်္သေ့နဲ့တောင်ချရဲ၊ကျားသစ်တွေနဲ့တောင်လုံးရဲတာဘာလို့ဒီခွေးရူးကျမှကြောက်နေရတာလဲ?ရှက်စရာကြီးမဖြစ်နေဘူးလား”လို့မေးလိုက်ပါတယ်။
ဒါကိုကျားကြီးက
“သား၊ခွေးရူးကိုနိုင်သွားတော့နာမည်ကောင်းသလား?”၊သားလေးကခေါင်းခါလိုက်သည်။ “ခွေးရူးကိုက်ခံခဲ့ရရင်ကောကြားကောင်းသလား?”
သားလေးကသဘောပေါက်ဟန်ဖြင့်ခေါင်းညိပ်ပြသည်။
“ဒါဆိုခွေးရူးနဲ့ထိပ်တိုက် ရင်ဆိုင်အုံးမှာလား?ရှောင်မှာလား?”
……………………………………………
မိတ်ဆွေ…
လူတိုင်းလူတိုင်းသင့်နဲ့ထိပ်တိုက်ရင်ဆိုင်ဖို့မတန်ပါ။လိုင်းပေါ်မှာတချို့ခွေးရူးလိုနေရာတကာလိုက်မီးရှို့နေတဲ့လူတွေနဲ့သွားငြင်းခုန်မနေပါနဲ့။လူ့ဘဝဟာတိုတောင်းလှပါတယ်၊တိုတိုလေးသာရှိတဲ့တန်းဖိုးကြီးအချိန်တွေကိုဒီလိုနေရာမဖြုန်းလိုက်ပါနဲ့။အပြုံးလေးနဲ့သာရှောင်ပေးလိုက်ပါ။ခွေးရူးအကိုက်မခံရပါစေနဲ့။
◆◆◆◆◆◆◆◆◆◆◆◆◆◆◆

ခွေးရူးတွေကိုရှောင်(၂)
ချစ်သူနှစ်ဦး လမ်းဘေးစားသောက်ဆိုင်တွင်ထိုင်စားနေသည်၊ချစ်သူမိန်းကလေးကလှနေတော့လမ်းဘေးတဖတ်မှယောင်္ကျားလေးတသိုက်အရက်မူးပြီးလှမ်းအော်စနောက်လေတော့သည်။သို့ပေမဲ့ချစ်သူယောင်္ကျားလေးမှအမူးသမားနှင့်ဘာမှသွားပြန်မပြောရန်နှင့်စားပြီးအေးဆေးပြန်ကြရန်ချစ်သူမိန်းခလေးကိုချော့ပြောသည်။ဤတွင်ချစ်သူမိန်းခလေးမှ”ရှင်ယောင်္ကျားမဟုတ်ဘူးလား?ယောင်္ကျားမှပီသရဲ့လား?”ဆိုပြီးထသွားရင်းဟိုတဖက်မှအမူးသမားတသိုက်ကိုအော်ဆဲလေတော့သည်။ဒီတော့အမူးသမားတွေနဲ့အဲဒီမှာဘဲရန်ပွဲဖြစ်လေတော့တယ်၊ရလဒ်က…ချစ်သူယောင်္ကျားလေးဗိုက်မှာဓားသုံးချက်ထိုးခံလိုက်ရတယ်၊ဆေးရုံပို့ရင်းလမ်းမှာဘဲဆုံးသွားရှာသတဲ့။မဆုံးခင်ချစ်သူမိန်းခလေးကိုနောက်ဆုံးပြောသွားတာကတော့”ငါယောင်္ကျားပီသပြီလား”ဟူ၍ပင်။
…………………………………………….
မိတ်ဆွေ…
တချို့လူတွေဟာအပုပ်နံ့တွေပြည့်နက်နေပြီးစကားပြောတိုင်းရန်လိုဆဲဆိုမှုတွေဘဲနေရာတကာမှာသွန်ချတတ်ပါတယ်၊ဒီလိုအပုပ်နံ့တွေနဲ့ပြည့်နက်နေတဲ့သူနဲ့သွားလုံးထွေးနေမယ်ဆိုရင်ဖြင့်ကိုယ်ကပါတကိုယ်လုံးနံကုန်မည်ဖြစ်သည်။ဒါကြောင့်အပြုံးလေးနှင့်ရှောင်သွားသည်မှာကြောက်လို့မဟုတ်ဘဲပညာရှိတွေရဲ့လုပ်ရပ်ဖြစ်ကြောင်းသမ္မာကျမ်းစာကသွန်သင်ထားပါတယ်။
◆◆◆◆◆◆◆◆◆◆◆◆◆◆◆◆

ကျမ်းချက်
သုတ္တံ၁၄:၁၆ပညာရှိသောသူသည် ကြောက်၍ ဒုစရိုက်ကို ရှောင်တတ်၏။ မိုက်သောသူမူကား မာနကြီး၍ ရဲရင့်တတ်၏။
ရောမ၁၂:၂၁ အဆိုးအာဖြင့် အရှုံးမခံနှင့် အကောင်းအားဖြင့် အဆိုးကို နိုင်လော့။

မူရင်း-ဆရာရဲမင်း