လူကောင်းတွေကကောင်းကင်သွားမှာလား?
လူကောင်းဆိုတာလောကမှာကောရှိသလားလို့မေးစရာရှိတယ်၊ဒါပေမဲ့ထားပါလေ၊ခုပြောမှာကလူကောင်းတကယ်ရှိခဲ့ရင်တောင်ဒီလူကကောင်းကင်ရောက်မှာလားပေါ့။
ကောာင်းတာလုပ်လို့ကောင်းကင်သွားမယ်ဆိုရင်
ကောင်းကင်မှာနွားတွေပြည့်ကုန်နေပြီလို့စာရေးသူ
ထင်မိပါတယ်။
နောက်ပြီးကောင်းရာလားချင်ရင်ကျနော်တို့အားလုံး
နောင်ဘဝမှာနွားဖြစ်ဖို့ဆုပန်ကြရတော့မှာပါ။
ဘာလို့လဲဆိုတော့လူတွေကနွားလောက်မကောင်းနိုင်ကြဘူးလေ၊စဉ်းစားကြည့်ပါ…
နွားတွေက…မညာတတ်မလိမ်တတ်၊မူးယစ်မသုံးတတ်၊
ရန်ငြိုးမထားတတ်၊တသက်လုံးလူတွေအတွက်ကူ
ညီပေး၊သေရင်တောင်သူ့အသားကလူတွေအတွက်၊
အရေခွံကလည်းလူတွေအတွက်ခါးပတ်ဖိနပ်အမျိုးမျိုး၊…
…နွား…တသက်လုံးပေးဆပ်သွားတာ၊သေသွားတာတောင်ကောင်းမှုလုပ်ခဲ့သေးတယ်။နွားထက်ဘယ်သူသာသေးလဲ?ကောင်းတဲ့သူသာကောင်းကင်သွားရရင်ကောင်းကင်မှာနွားတွေပြည့်နေပါပြီ။ အကယ်၍မိတ်ဆွေက
လူကောင်းလို့ထင်ရင်နွားကိုသတိယလိုက်ပါ။
ကျမ်းချက်
ကျမ်းစာလာသည်ကား၊ ဖြောင့်မတ်သောသူမရှိ၊ တယောက်မျှမရှိ။ရောမ ၃း၁၀
ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာဖြစ်သတည်း။ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ။ဧဖက်ဩဝါဒစာ ၂:၈-၉