ထာဝရဘုရားသခင်သည်အဘယ်သူနည်း?
တခါကပုရွတ်စိတ်သုံးကောင်ဟာအစာရှာထွက်ရင်းလူတယောက်မြေကြီးပေါ်အိပ်နေတာကိုတွေ့ကြသတဲ့၊ဒါကြောင့်သူတို့ကလည်းလူဆိုတာဘယ်လိုလူမျိုးလည်းဆိုပြီးစမ်းသပ်ကြည့်ကြသတဲ့၊ဒါနဲ့တကောင်ကဦးခေါင်းပေါ်တက်ပြီးစံပင်ကြားဝင်သွားသတဲ့၊နောက်တကောင်ကခြေရင်းကနေလေ့လာနေသတဲ့၊နောက်ဆုံးအကောင်ကတော့ဝမ်းဗိုက်ပေါ်တက်ပြီးလေ့လာနေသတဲ့။
ပြန်ဆုံတွေ့တဲ့အခါ
ပထမတကောင်က……ဪ…လူဆိုတာမဲနက်နေတဲ့တောပါလားလို့ဆိုသတဲ့။
ဒုတိယအကောင်က……နိုး…နိုး…လူဆိုတာသစ်တိုင်လုံးလိုကြီးပြီးရှည်နေတာ။
တတိယအကောင်က…..မင်းတို့အားလုံးမှားတယ်၊လူဆိုတာကွင်းပြင်ကြီးတခုပါဟ။
(မျက်ကန်းဆင်ကိုင်စမ်းသလို)
တကယ်တော့ပရွတ်စိတ်ဟာလူနဲ့မတူတော့၊ပရွတ်စိတ်အုံးနောက်နဲ့လူဆိုတဲ့အရာကိုသေချာမသိနိုင်ခဲ့ဘူး။
ဒီလိုပါဘဲ…ဘုရားဆိုတာဘာလဲ?ဘယ်ကလာသလဲ?ဘယ်သူဖန်ဆင်းသလဲဆိုပြီးဘုရားကိုလူတွေကလေ့လာစူးစမ်းကြတယ်၊ဒါပေမဲ့လူတွေမသိနိုင်ဘူး၊ဘုရားကိုယ်တိုင်ကျမ်းစာအားဖြင့်ဖွင့်ပြတာကလွဲလို့ပေါ့။ဘာကြောင့်လဲဆိုတော့လူဖြစ်နေလို့ပါ၊
သမ္မာကျမ်းစာအားဖြင့်လူသားတွေသိသင့်သလောက်အားလုံးဖော်ပြပေးတယ်။သခင်ယေရှုကိုလက်ခံယုံကြည်ခြင်းအားဖြင်ထာဝရဘုရားကိုသိရတယ်၊ဆုတောင်းခြင်းအားဖြင့်ဝိညာဉ်တော်ဖွင့်ပြတယ်၊ခရစ်ယာန်တွေရဲ့သက်သေခံခြင်းအားဖြင့်ဘုရားကိုပိုထိတွေ့စေတယ်၊လက်တွေ့နိမိတ်လက္ခာအားဖြင့်ဘုရားဘုန်းတော်ထင်းရှားစေတယ်။
Ye Ming(ပတ္တမြားမြေ)