• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ယေရှုကိုသင်ဘယ်နှစ်ကြိမ်ရောင်းစားခဲ့ပြီလဲ?

ဆရာရဲမင်း

10 月 12, 2024

ယေရှုကိုသင်ဘယ်နှစ်ကြိမ်ရောင်းစားခဲ့ပြီလဲ?

တရုတ်ပြည်မမြို့ပြတနေရာတွင်…
အမျိုးသမီးတဦးဈေးဝယ်ဖို့ထွက်လာသည်၊ဈေးဆိုင်တခုမှာလိုတာဝယ်ပြီးငွေရှင်းလိုက်သည်။ပြန်အမ်းငွေကိုပြန်လှမ်းယူပြီးရေကြည့်လိုက်တော့ ၁၀ယွမ် ပိုနေသည်။အဲတုန်းကငွေကိုအေးဆေးအိတ်ထဲထည့်ပြီး၊ဘာမှမဟုတ်သလိုနဲ့ဆိုင်မှတိုးတိုးတိတ်တိတ်ထွက်ခွာလာသည်။

ဆိုင်ကနေထွက်ခွာလာတာနဲ့စိတ်ထဲမှာလုံးဝငြိမ်သက်ခြင်းမရှိ…ဝိညာဉ်တော်ဘုရားကစိတ်ထဲကနေတို့ထိသွန်သင်နေတာခံစားရသည်၊ဒါနဲ့နောက်ကိုချက်ချင်းပြန်လှည့်ပြီးခုနဆိုင်ရှင်ကိုငွေအမ်းတာပိုနေကြောင်းပြောပြီး ယွမ်ငွေတဆယ်ကိုပြန်ပေးလိုက်တဲ့အခါ…
ဆိုင်ရှင်က။ ။အပြုံးလေးဖြင့်… အမကဓမ္မဆရာမထင်တယ်?
အမျိုးသမီး။ ။ဟုတ်ပါတယ်ရှင့်။
ဆိုင်ရှင်။ ။ဒီလိုပါ…ကျွန်တော့်မိန်းမက ခရစ်ယာန်ပါ။ခုနငွေတစ်ဆယ်ကကျွန်တော်တမင်ပိုအမ်းစမ်းကြည့်လိုက်တာပါ။ကျွန်တော့်မိန်းမကကျွန်တော့်ကိုဆရာမတရားဟောဘယ်လောက်ကောင်းကြောင်း၊နောက်ကျွန်တော့ကိုယေရှုကိုယုံကြည်ဖို့ခဏခဏပြောတယ်ဗျာ၊ဒါနဲ့ကျနော်ကလည်းဆရာမကိုအပြောနဲ့အလုပ်ဘယ်လိုရှိကြောင်းစမ်းကြည့်ချင်လို့ဒီလိုလုပ်လိုက်ရတာပါ။ခုတော့ကျွန်တော့မိန်းမ ပြောတာတကယ်ဆိုတာယုံပြီဗျာ၊နောက်တပတ်ကျနော်ဘုရားကျောင်းလာမယ်၊ယေရှုအကြောင်းပိုသိချင်တယ်၊လက်ခံယုံကြည်ချင်ပါတယ်ဗျာ။………..

အမျိုးသမီး(ဓမ္မဆရာမ)ဟာ…ဆိုင်ရှင်ပြောလိုက်တဲ့စကားကိုနားထောင်အပြီး၊ဘယ်လိုမှမပျော်ရွင်နိုင်ဘဲ၊ကြိတ်မိတ်နုတ်ခွန်းဆက်ပြီးဆိုင်ကနေထွက်လာခဲ့ပါတယ်။
ဆိုင်ကနေထွက်လာတာနဲ့ဝါးကနဲ့ငိုချမိတော့သည်၊ငိုရင်းဘုရားကိုဆုတောင်းလိုက်တာကတော့
“ယေရှုဘုရား၊ယုဒရှကာယုတ်ကငွေ၃၀နဲ့သခင့်ကိုရောင်းခဲ့တယ်လို့အားလုံးပြောပြီ၊ဒီနေ့ကျွန်မယွမ်ငွေတစ်ဆယ်လေးနဲ့သခင့်ကိုရောင်းစားမိတော့မလို့ဘဲ…..”
(ပြီး)

မိတ်ဆွေ

သင်ကကောဘဝမှာဘယ်နှစ်ကြိမ်ယေရှုကိုရောင်းစားခဲ့မိပြီလည်း?အတူတကွဆင်ခြင်အသက်ရှင်ကြပါစို့။

ကျမ်းချက်
ငါ့ညီအစ်ကိုတို့၊ တစုံတယောက်သောသူက၊ ငါသည်ယုံကြည်ခြင်းရှိ၏ဟုပြောလျက်၊ အကျင့်ကို မကျင့် ဘဲနေလျှင် အဘယ်အကျိုးရှိသနည်း။ ထိုယုံကြည်ခြင်းသည် ထိုသူကို ကယ်တင်နိုင်သလော။ရှင်ယာကုပ်ဩဝါဒစာ ၂:၁၄

အပြောနဲ့အသက်ရှင်တာမဟုတ်ဘဲလက်တွေ့မှာပုံသက်သေဖြစ်နိုင်ကြပါစေ။