• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ဆောင်ရန်နှင့်ရှောင်ရန်စိတ်ထား(၇)မျိုး

ဆရာရဲမင်း

10 月 12, 2024

ဆောင်ရန်နှင့်ရှောင်ရန်စိတ်ထား(၇)မျိုး
♥♥♥♥♥♥♥♥♥♥♥♥

ဆောင်ရန်စိတ်ထား(၇)မျိုး
၁။ယုံကြည်ခြင်းစိတ်=ကောင်းကင်နိုင်ငံဝင်လက်မှတ်(ရော၁၀:၉)
၂။ချစ်ခြင်းစိတ်=ဘုရားသားသမီးဖြစ်တဲ့သက်သေခံကဒ်ပြား(၁ယော ၄:၈)
၃။ကြည်ဖြူသောစိတ်=ခရစ်ယာန်လူမှုဆက်ဆံရေးရဲ့သင်္ကေတ(၂ပေ ၃:၂)
၄။ကောင်းမှုပြုသောစိတ်=ကျမ်းမာသောခရစ်ယာန်အသက်တာ၏မှတ်ပုံတင်။(တိတု ၂:၇)
၅။သစ္စာစိတ်=စစ်မှန်ကန်သောကိုးကွယ်မှု၏သက်သေ(ယော ၄:၂၄)
၆။နှိမ့်ချသောစိတ်=ချီးမြောက်ခြင်းခံရမည့်သော့ချက်။(သုတ္တံ ၁၈:၁၂)
၇။စည်းလုံးခြင်းစိတ်=ကြီးထွားတိုးတက်ခြင်း၏အမြစ်(တမန်တော်၂:၄၇)
………………………………………..

ရှောင်ရန်စိတ်ထား(၇)မျိုး
၁။ တပ်မက်ခြင်းစိတ်= မကောင်းမှုအပေါင်းရဲ့ မူလအမြစ်။(၁တိ ၆:၁၀)
၂။ စိတ်ပျက်ခြင်းစိတ်= ကျရှုံးခြင်းတို့ရဲ့ခြေလှမ်းအစ။(ဂလာတိ ၆:၉)
၃။ ပျင်းရိသောစိတ် = ဆင်းရဲခြင်းရဲ့သားကောင်။(သုတ္တံ ၆:၆)
၄။ ဇာတိပကတိစိတ်= ဒုစရိုက်အပြစ်၏လက်နက်။(ဂလာတိ ၅:၂၄)
၅။ ဆိုးညစ်သောစိတ်= ဘုရားနဲ့ဝေးကွာစေသောတရားခံ။(ဟေဗြဲ ၃: ၁၂)
၆။ ငြူစူသောစိတ် = ခန္ဓာစိတ်ဝိညာဉ်၏အဆိပ်။(သုတ္တံ ၁၄:၃၀)
၇။ ထောင်လွှားသောစိတ်= ရှုတ်ချခံရခြင်းရဲ့နေရာ။(သုတ္တံ ၁၆: ၁၈)
……………………………………………
ကျမ်းချက်
နှလုံးသည် အသက်၏အခြေအမြစ် ဖြစ်သောကြောင့်၊ သင်၏နှလုံးကို အထူးသဖြင့် စောင့်ရှောက်လော့။(သုတ္တံကျမ်း ၄:၂၃)

Ye Ming(ပတ္တမြားမြေ)