• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ရီသောသူအသက်ရှည်၏…(ဟာသရှုထောင့်မှဖတ်ရန်)

ဆရာရဲမင်း

10 月 12, 2024

ရီသောသူအသက်ရှည်၏…(ဟာသရှုထောင့်မှဖတ်ရန်)

အိမ်ထောင်မပြုသေးသူများ↓(အပေါ်မှအောက်သို့ဖတ်ရန်)

ကျား ။ ။ သိပ်ကောင်းတာဘဲ၊စောင့်မျှော်နေရတဲ့တနေ့ရောက်လာပြီ။
မ ။ ။ ကျမနောက်ပြန်လှည့်လို့ရလား?
ကျား ။ ။No!ဒါကိုခေါင်းထဲတောင်မထည့်နဲ ့လေ။
မ ။ ။ ရှင်ကျမကိုတကယ်ချစ်လား?
ကျား ။ ။ အိုး…တကယ်ပါလို့!
မ ။ ။ ရှင်ကျမပေါ်သစ္စာဖောက်မှာလား?
ကျား ။ ။ လုံးဝမဖြစ်နိုင်ဘူး၊မင်းဘာလို့ဒီလိုတွေးရတာလဲကွယ်?
မ ။ ။ ရှင်ကျမကိုအနမ်းလေးပေးလို့ရလား?
ကျား ။ ။ သေချာတာပေါ့၊အကြိမ်များများပေးချင်တာ။
မ ။ ။ ရှင်ကျမကိုရိုက်မှာလား?
ကျား ။ ။ မဖြစ်နိုင်တာ ဟာ…
မ ။ ။ ရှင့်ကိုကျမယုံလို့ရလား?

အိမ်ထောင်ရှိသူများ↑(အောက်မှအပေါ်သို့ဖတ်ရန်)
………………………………………………………………………
အားလုံးရယ်မောနိုင်ကြပါစေ။
Ye Ming