• 周二. 4 月 21st, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

ဘဝမှာဒါတွေနဲ့အချိန်ဖြုန်းနေသလား?

ဆရာရဲမင်း

10 月 12, 2024

ဘဝမှာဒါတွေနဲ့အချိန်ဖြုန်းနေသလား?

ဘာမဟုတ်ဘဲစိုးရိမ်ပူပန်ခြင်း
နေ့တိုင်းကိစ္စအမျိုးမျိုးကြောင်းစိုးရိမ်ပူပန်နေရတယ်၊ဘာမှတော့မဟုတ်ဘူး၊ဖြစ်လာရင်ဘယ်လိုလုပ်မလဲဆိုပြီးပူပန်နေတယ်။အသက်တာမှာရှေ့လျှောက်ဘာတွေဖြစ်မလဲဘယ်သူမှမသိဘူး၊ဒါကြောင့်နေ့တိုင်းကြုံလာရမဲ့အရာတွေတွက်စိုးရိမ်ပူပန်နေမဲ့အစား၊အရာအားလုံးကိုပိုင်သတဲ့ဘုရားဆီအလုံးစုံအပ်နှံပြီးပျော်ပျော်ကျော်ဖြတ်လိုက်ပါ။
ကျမ်းချက်
သင်တို့ကိုသတိနှင့် ကြည့်ရှုတော်မူသောကြောင့်၊ သင်တို့၌ စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော်၌ အပ်နှံကြလော့။ ၁ပေ ၅း၇
…………………………………………….

ငြီးတွားမြည်တမ်းခြင်း
ဘဝမှာငြူဆူပြစ်တင်ခြင်းနဲ့အသက်ရှင်နေရင်ပျော်ရွင်ခြင်းနဲ့ဝေးနေရတတ်ပါတယ်။ပတ်ဝင်းကျင်ကိုသဘောမကျတာနဲ့၊သူများလုပ်တာသဘောမကျတာနဲ့၊ကိုယ့်ဘဝကိုယ်သဘောမကျတာနဲ့……အမျိုးမျိုးသဘောမကျခြင်းနဲ့ငြီးတွားခြင်းကအစပြုလာတတ်ပါတယ်။ဒီလိုငြီးတွားပြစ်တင်းခြင်းကြောင့်အလုပ်တခုကိုကောင်းကောင်းမလုပ်နိုင်သလို၊အောင်မြင်အောင်မလုပ်နိုင်ဘူး၊ခွန်အားတွေပျော့ခွေစေတယ်၊ခြေလှမ်းတွေရပ်တန့်စေနိုင်ပါတယ်။ဒါကြောင့်ဒီလိုအချိန်ကုန်ငြီးတွားမြည်တမ်းနေမဲ့အစား၊ပြတ်ပြတ်သားသားရင်ဆိုင်လိုက်ပါ။လက်ရှိကိုရဲရဲဝံ့ဝံ့လက်ခံလိုက်ပါ။နဲနဲဆိုတာနဲ့လက်မလျှော့လိုက်ပါနဲ့။
ကျမ်းချက်
မြည်တမ်းခြင်းမရှိဘဲ အချင်းချင်း ဧည့်သည်ဝတ်ကိုပြုကြလော့။ ၁ပေ ၄း၉
…………………………………………..

နိုင်းယှဉ်ခြင်း
ဘဝမှာ…ကိုယ်ဘယ်လိုလုပ်မှပျော်ရွင်လဲဆိုတာကိုယ့်အမြင်နဲ့ကိုယ်ပိုင်းဖြတ်ပါ။သူများတွေနဲ့နိုင်းယဉ်ရမှပျော်ရွင်တာမျိုးမဖြစ်ပါစေနဲ့။သူများကြောင့်ကိုယ့်ခြေလှမ်းမရှုပ်သွားစေပါနဲ့။
လူတိုင်းလူတိုင်းအောင်မြင်ခြင်းကျရှုံးခြင်းနဲ့ရင်ဆိုင်ကြစမြဲ၊ သူများအောင်မြင်ခြင်းကိုအားကျပြီးသူ့လိုအသေသွားမလုပ်လိုက်နဲ့။သူကသူ ငါကငါပါ။သင့်တော်တာယူပြီးကိုယ့်ရည်ရွယ်ချက်တိုင်းပြန်လျှောက်ပါ။သူများကျရှုံးတာကြည့်ပြီးမပျက်ရယ်ပါနဲ့။ကိုယ်တိုင်မကျရှုံးအောင်ထာဝရဘုရားကိုကိုးစားပါ။

ကျမ်းချက်
ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့။ ကိုယ်ဉာဏ်ကို အမှီမပြုနှင့်။သုတ္တံကျမ်း ၃:၅