• 周日. 4 月 19th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

အတွင်းကနေအသစ်မွေးဖွားခြင်း

ဆရာရဲမင်း

11 月 20, 2024

အတွင်းကနေအသစ်မွေးဖွားခြင်း

ကြက်ဥတစ်လုံးဟာ
အပြင်ကရိုက်ခွဲခံရရင်သူတပါးရဲ့အစာဖြစ်သွားမှာဖြစ်ပြီး၊
အတွင်းကနေကွဲထွက်လာရင်တော့အသစ်သောအသက်တခုမွေးဖွားလာမှာပါ။
မျိုးစေ့တစ်စေ့ဟာ
အပြင်ကနေရိုက်ခွဲခံလိုက်ရင်မြေဩစာသာဖြစ်သွားပြီး၊အတွင်းထဲကနေမိမိကိုယ်ကိုကွဲထွက်လာရင်တော့အသစ်သောအပင်ပေါက်လာမှာပါ။
လူ့ဘဝဆိုတာလဲအလားတူပါဘဲ
အပြင်ဖက်ကနေလောကီရဲ့ဂယက်ရိုက်ခြင်းကိုခံနေရင်‌ တော့ပျက်စီးခြင်းရဲ့သားကောင်ဖြစ်သွားပါလိမ့်မယ်။ဒါပေမဲ့သင့်အတွင်းစိတ်ထဲကနေယေရှုခရစ်၌ ပြောင်းလဲလာခဲ့ရင်တော့အသစ်ပြုပြင်တဲ့အသက်တာဖြစ်လာနိုင်ပါတယ်။
စစ်မှန်သောခရစ်ယာန်အသက်တာဆိုတာဟာလည်း
အပြင်ပန်းဟန်ဆောင်ကိုင်းရှိုင်းနေခြင်းမဟုတ်ပါဘူး၊အပြင်ပန်းသာဟန်ဆောင်အသက်ရှင်နေရင်စာတန်ရဲ့အစာသာဖြစ်နေပါလိမ့်မယ်။အတွင်းစိတ်ထဲကနေနောင်တစိတ်နဲ့ယုံကြည်တိုးဝင်လာတဲ့သူဟာအသစ်သောအသက်တာတခုမွေးဖွားခြင်းဖြစ်လာပါလိမ့်မယ်။ဒုတိယမွေးခြင်းဆိုတာအပြင်က နေပြုပြင်ခံရတာမဟုတ်ပါဘူး၊အတွင်းထဲကနေပြုပြင်ခံရပြီးပေါက်ဖွားလာတဲ့လူသစ်ပါ။ဒါဟာဝိညာဥ်တော်ဘုရားရဲ့တန်ခိုးတော်ဖြစ်ပါတယ်။အာမင်။
ယော၃:၃ ယေရှုက၊ ဒုတိယမွေးခြင်းကို မခံသောသူမည်သည်ကား၊ ဘုရားသခင်၏နိုင်ငံတော်ကို မမြင်ရဟု ငါအမှန်အကန်ဆိုသည်ဟု ပြန်၍မိန့်တော်မူ၏။