• 周日. 4 月 19th, 2026

Yeming-rubyland

ဆရာရဲမင်းရေးသားသောဓမ္မစာစုများ

အမှန်နဲ့အမြင်

ဆရာရဲမင်း

11 月 20, 2024

အမှန်နဲ့အမြင်

ဒါကဖရဲသီးဒါကပန်းသီးဆိုပြီး၊
ဖရဲသီးကိုဖရဲသီး၊ပန်းသီးကိုပန်းသီးလို့ပြောခြင်းကအမှန်တရား။ဒါမျိုးကလူတိုင်းလက်မခံချင်ရင်တောင်လက်ခံရမဲ့၊ငြင်းလို့မရတဲ့အမှန်ဖြစ်ခြင်းပါ။
ဒါပေမဲ့
ဖရဲသီးကပန်းသီးထက်စားလို့ကောင်းတယ်ဆိုတာမျိုးက‌တော့လူတစ်ဦးတစ်ယောက်ရဲ့ခံယူမှု“အမြင်”ဖြစ်သွားပြီ။(အကြိုက်ချင်းမတူလို့လူတိုင်းအဲလိုမြင်ချင်မှမြင်မယ်)။
ဆိုလိုချင်တာက
လူတကာရဲ့အမြင်မှာအသက်မရှင်ပါနဲ့။
လူတွေကသူတို့အမြင်နဲ့သင့်ကိုဝေဖန်လေကန်လာမယ်။လိုက်မခံစားပေးပါနဲ့။ဒါတွေအားလုံးဟာသူတို့တစ်ဦးတစ်ယောက်ချင်းဆီရဲ့“အမြင်”သာဖြစ်တယ်၊“အမှန်တရား”မဟုတ်ဘူးဆိုတာသိထားရမယ်။
သင့်ရဲ့ဖြစ်တည်မှုကလူတွေမြင်တဲ့အတိုင်းမဟုတ်ကြောင်း၊သူတို့ပြောသမျှသည်သူတို့အမြင်သာဖြစ်ကြောင်း၊အမြင်တိုင်းဟာအမှန်တရားမဟုတ်ကြောင်းမြဲမြဲမှတ်ထားပါ။လူတွေရဲ့အမြင်မှာမကျရှုံးသွားအောင်၊လူတွေရဲ့အမြင်ကိုသိပ်လိုက်မခံစားပေးပါနဲ့။လူတိုင်းလွတ်လပ်စွာခံယူထင်မြင်ခွင့်ရှိတယ်ဆိုပေမဲ့၊လူတိုင်းရဲ့အထင်အမြင်ဟာအမှန်ဘဲလို့မခံယူမိပါစေနဲ့။
လူတစ်ယောက်နဲ့တစ်ယောက်အကြိုက်ချင်းမတူကြတာလည်းသတိပြုပါ။ဥပမာလူတချို့ကငရုတ်သီးကိုအင်မတန်ကြိုက်ကြပေမဲ့၊တချို့ကလုံးဝမကြိုက်ကြပြန်ဘူး။ငရုတ်သီးမကြိုက်တဲ့သူအတွက်ငရုတ်သီးကအနီရောင်ပြောင်းသွားလို့လည်းသူတို့ကြိုက်လာမှာမဟုတ်ပါဘူး။

ဒီအတိုင်းပါဘဲ
သင့်ကိုမကြိုက်တဲ့သူတွေ၊
မနှစ်သက်တဲ့သူတွေကိုသူတို့ကြိုက်လာအောင်လိုက်ကြိုးစားမပြောင်းလဲပါနဲ့။သင်ဘယ်လောက်ပြောင်းလဲပြောင်းလဲသင့်ကိုမကြိုက်တဲ့သူကနဂိုအတိုင်းမကြိုက်ဘဲဖြစ်နေမှာမို့ပါ။သင့်ကိုလက်ခံတဲ့‌နေရာကြိုက်တဲ့သူတွေနဲ့သာပေါ့ပေါ့ပါးပါးသာအသက်ရှင်လိုက်ပါ။ဘဝဟာတိုတောင်းလှပါတယ်၊ပျော်ရွှင်စွာအသက်ရှင်ပါ။
‭‭(ဓမ္မရာဇဝင်‬ပထမစောင်၁၆:၇ထာဝရဘုရားသည် လူမြင်သကဲ့သို့ မြင်တော်မူသည်မဟုတ်။ လူသည် အဆင်းသဏ္ဌာန်ကိုကြည့်ရှုတတ်၏။ ထာဝရဘုရားမူကား နှလုံးကိုကြည့်ရှုတတ်သည်…။)